မီး ၁၁ မျိုးနော်။
လောဘမီး၊ ဒေါသမီး၊ မောဟမီး ၃မျိုး။
တစ်နည်းပြောရင် … ရာဂ၊ ဒေါသ၊ မောဟ
#အကြောင်းမီး_၃ပါး။
#အကျိုးမီး_၈ခုက
ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊
ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ။
မီး ၃ ပါး အကြောင်းခံပြီးတော့ …
#ဘဝအသစ်ဖြစ်ရတဲ့_ဇာတိမီး၊
#အိုရတဲ့_ဇရာမီး၊
#သေရတဲ့_မရဏမီး၊
#စိုးရိမ်ပူဆွေးရတဲ့_သောကမီး၊
#ငိုကြွေးပင်ပန်းရတဲ့_ပရိဒေဝမီး၊
#ကိုယ်ဆင်းရဲရတဲ့_ဒုက္ခမီး၊
#စိတ်ဆင်းရဲရတဲ့_ဒေါမနဿမီး၊
#ပြင်းပြင်းထန်ထန်_လူးကာလှိမ့်ကာ
#တအုံနွေးနွေးပူဆွေးနေရတဲ့_ဥပယာသမီး။
အားလုံးပေါင်းလိုက်တော့ မီး ၁၁ ပါး
ဝိုင်းဝိုင်းလည်နေတာပဲ။
🔹 ဖိတ်ခေါ်ရတာ မဟုတ်ဘူး။
သူတို့ဟာ သူတို့ လာနေတာ။
ဘိုးတော် မယ်တော်တွေကမှ
ပင့်ခေါ်နေရသေးတယ်နော်၊
အဲဒီဟာတွေက မဖိတ်ခေါ်ရဘူး၊
လာနေတာပဲ။ မီးဝိုင်းနေတာ။
မီးဝိုင်းနေတာ နေရာဌာနက ၆ မျိုး၊
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်၊၊
၆ ဌာနမှာ →
တဟုန်းဟုန်း တောက် လောင်နေတာ။
🔹 မျက်စိကလည်း ဝိုင်းနေတယ်၊
မြင်တိုင်း သတိလက်လွတ်ဖြစ်နေရင်
မီးဝိုင်းတော့တာပဲ။
မြင်ရတာလေး ကောင်းလိုက်တာ၊
ကျေနပ်လိုက်တာ၊
လိုချင်လိုက်တာ ဆိုရင်
လောဘ မဖြစ်ဘူးလား၊၊
ဘာမီးဝိုင်းတာလဲ၊ လောဘမီး။
အဲဒီအချိန် ပြိတ္တာဖြစ်နေတယ်။
ဟာ ဒါကြီး အမြင်ကပ်လိုက်တာ။
မကျေနပ်ဘူး၊ နှုတ်ခမ်းစူကြတယ်လေ။
ဒီတော့ ဘာမီးဝိုင်းသလဲ။
ဒေါသမီး ဝိုင်းတယ်နော်။
ကိုယ်နှင့် အကြောမတည့်တဲ့လူ
တွေ့မြင်ပြီဆိုရင် မကျေ နိုင်ဘူး၊
နှုတ်ခမ်းစူကြတယ်။ ဒေါသမီးဝိုင်းတယ်။
ဒီလိုပဲ အမှုမဲ့ အမှတ်မဲ့
သွားလာနေကြပြန်တော့
မောဟမီး ဝိုင်းနေတယ်။
🔹 ဘယ့်နှယ် မီးလွတ်ဖို့ဟာ
မီးဖိုချောင်ထဲက မီးကတော့
နေ့တိုင်းလွတ်တယ်။
ဒီ မီးက တယ်ခက်ပါလားနော်၊
ဝေးလျက်သား နှင့်
သူကချည်း ဝိုင်းနေတယ်။
မီးဘေးဒုက္ခသည် ဆိုတာ ကွင်း ပြင်ထဲမှာ
ဒုက္ခရောက်နေတဲ့ ဒုက္ခိတတွေကိုပဲ
မီးဘေးဒုက္ခသည်လို့ မြင်တာကိုး၊၊
လောလောလတ်လတ်
ကိုယ့်ကို လောင်မီးဝိုင်း ပြီး
မီးဘေးဒုက္ခ ရောက်နေတာတော့ မသိကြဘူး၊
အေး … မီးဝိုင်းနေမှန်း သိရင်၊
မီးလွတ်ဖို့က လွယ်ပါတယ်နော်။
‘အ’သုံးလုံး ကျေအောင်လုပ်နော်၊
ဒီနေ့တော့ ကျေတဲ့နေ့ပဲ၊
နေ့တိုင်း နေ့တိုင်း ကျေပါစေ ။
သာဓု _ သာဓု _ သာဓုပါဘုရား ။ ။ ။
.
.
. { ရွှေဥမင်ဆရာတော်ဘုရားကြီး }
🙏 🙏 🙏
Virgo Virgo
.
.[ ပူဇော်ကန်တော့ပါသည် မဟာထေရ်မြတ်ကြီးဘုရား ]
No comments:
Post a Comment