_______________________________
၁။ သံဝရတ္ထံ၊ အကုသိုလ်တရားတွေ
မဖြစ်ဖို့အတွက် စောင့်စည်းမယ်၊
တားဆီးမယ်၊ ပိတ်ပင်မယ်ဆိုတဲ့
စိတ်နဲ့ ဒီမြတ်သောအကျင့်ကို
ကျင့်ရမယ်။ ကောင်းတဲ့အလုပ်ကို
လုပ်ရမယ်။ ပထမရည်ရွယ်ချက်။
မကောင်းတဲ့စိတ်တွေ၊ မကောင်းတဲ့
အပြောတွေ၊ မကောင်းတဲ့အတွေးတွေ။
မကောင်းတာ မှန်သမျှ ဆင်းရဲဒုက္ခရဲ့
အကြောင်းတရားဖြစ်တဲ့ မကောင်းတာ
မှန်သမျှ ငါ့သန္တာန်မှာ မဖြစ်စေအောင်
ငါ ကြိုတင်ပြီးတော့ တားဆီးထားမယ်၊
ပိတ်ပင်ထားမယ်၊ သူတို့ ဝင်မလာအောင်
တံခါးတွေ အကုန်လုံးကို ပိတ်ဆို့ထားမယ်။
သူတို့ ငါ့ဆီကို ရောက်မလာအောင်
ကြိုတင်ပြီးတော့ ပြင်ဆင်ထားမယ်။
မဖြစ်သေးခင်ကစ မဖြစ်အောင်
ကြိုးစားတဲ့ စိတ်မျိုးပေါ့၊ သံဝရဆိုတာ။
ကြိုတင် ပိတ်ဆို့ထားတာ၊ တားဆီးထားတာ။
ဒီစိတ်မျိုးနဲ့ မြတ်သောအကျင့်ကို
ကျင့်ရမယ်တဲ့။
ပြီးတော့...
၂။ ပဟာနတ္ထံ၊ မကောင်းမူ အကုသိုလ်
တရားတွေကို ပယ်ရှားဖို့ဆိုတဲ့
စိတ်ထားနဲ့ မြတ်သောအကျင့်ကို
ကျင့်ရမယ်။ ပယ်ရှားဖို့ဆိုတော့
သူက ဖြစ်ပြီးတော့မှ ပယ်တဲ့သဘော။စောစောက သံဝရဆိုတာကမဖြစ်ခင်က မဖြစ်အောင် ကြိုးစားတဲ့သဘော။ ဖြစ်လာလို့ရှိရင်လည်းကြာရှည်မဖြစ်အောင် ဒါကို
ကိုယ်သန္တာန်ကနေပြီးတော့
ကင်းကွာသွားအောင်
ကြိုးပမ်းအားထုတ်မယ်ဆိုတဲ့
မြတ်သောအကျင့်ကို ကျင့်ရမယ်။
နောက်
၃။ ဝိရာဂတ္ထံ၊ ရာဂအစရှိတဲ့ ကိလေသာခပ်သိမ်း ချုပ်ငြိမ်းစေဖို့ဆိုတဲ့
ရည်ရွာ်ချက်နဲ့ ဒီမြတ်သောအကျင့်ကိုကျင့်ရမယ်။ ဝိရာဂဆိုတာ
ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့
စွဲမက်မူ ရာဂတရား ခေါင်းဆောင်တဲ့ကိလေသာတရားတွေ၊ ဒေါသတို့၊မာနတို့ ဣဿာတို့ မစ္ဆရိယတို့
အကုန်လုံး ပါတယ်ပေါ့လေ။
နောက်
၄။ နိရောဓတ္ထံ၊ ဆင်းရဲဒုက္ခတွေ အားလုံးချုပ်ငြိမ်းသွားဖို့၊ ဘဝတွေ အားလုံးချုပ်ငြိမ်းသွားဖို့ဆိုတဲ့ အလွန်မြင့်မားတဲ့ရည်ရွယ်ချက်နဲ့ ဒီမြတ်သောအကျင့်ကိုကျင့်ရမယ်-တဲ့။
သစ္စာရွှေစည်ဆရာတော်
No comments:
Post a Comment