💛မှတ်💛
(၁)
သူ့ကိုယ်ပေါ်မှာ
နှိပ်စက်ရာ
သူ့မှာရောဂါကပ်။
သင့်စေတနာ
သင့်နောက်ပါ
ခြေရာနင်းပြီ မှတ်။
သင်လည်းသူ့လို
ရောဂါပို
စိတ်ညှိုးကိုယ်ပမ်း မှတ်။
(၂)
သူ့သက်ကိုယ်ပါ
သတ်ဖြတ်ရာ
သူ့မှာသေပြန်တတ်။
သင့်စေတနာ
သင့်နောက်ပါ
ခြေရာနင်းပြီ မှတ်။
သင်လည်းသက်တို
ယွင်းပျက်ပြို
သွားဆိုသေရွာ မှတ်။
(၃)
ကြမ်းတမ်းမျက်ကြုတ်
သူ့ရန်လုပ်
သူ့ရုပ်ပျက်နွမ်းတတ်။
သင့်စေတနာ
သင့်နောက်ပါ
ခြေရာနင်းပြီ မှတ်။
သင်လည်းရုပ်ဆိုး
စိတ်ပုပ်သိုး
မုန်းငြိုးခံရ မှတ်။
(၄)
ကိုယ့်ထက်သာသူ
စောင်းချိတ်စူ
ပေါင်းတူမိတ်ပျက်တတ်။
သင့်စေတနာ
သင့်နောက်ပါ
ခြေရာနင်းပြီမှတ်။
သင်လည်းဖော်သင်း
ရံရွေသင်း
ကင်းပြီသူ့လို မှတ်။
(၅)
ကိုယ့်အောက်ကလူ
မကြည်ဖြူ
ထိုသူဆင်းရဲလတ်။
သင့်စေတနာ
သင့်နောက်ပါ
ခြေရာနင်းပြီမှတ်။
သင်လည်းသူ့လို
ဆင်းရဲပို
ယွင်းပြိုစီးပွား မှတ်။
(၆)
ပညာပေးတုန်း
ယူမသုံး
သူ့ထုံးတန်ပြန်လတ်။
သင့်စေတနာ
သင့်နောက်ပါ
ခြေရာနင်းပြီမှတ်။
ပညာကင်းဝေး
အလင်းမှေး
တွေး၍မမြင် မှတ်။
(၈)
မာန်စိတ်တင်းလျှက်
သူ့ပေါ်တက်
သူ့ဘက်နိမ့်ပြန်လတ်။
သင့်စေတနာ
သင့်နောက်ပါ
ခြေရာနင်းပြီမှတ်။
သင်လည်းနောင်ခါ
မျိုးယုတ်မာ
နိမ့်ရာဆင်းဖို့ မှတ်။
No comments:
Post a Comment