____________________
အကယ်၍သာ ဘုန်းဘုန်းတို့က
သူတော်ကောင်းတရားကို
သိထားအောင် လုပ်မယ်ဆိုရင်
ရောဂါတန်းလန်းနဲ့, ဝေဒနာတန်းလန်းနဲ့
အဲဒီပုဂ္ဂိုလ်ဟာ ချမ်းချမ်းသာသာ
နေလို့ ရတယ်တဲ့။
ဒီအချက်လေးက အလွန်စဥ်းစားစရာ
ကောင်းတာပဲ။
ဆေးကုတာလည်း ဆေးကုပေါ့။
မကုရဘူး မဟုတ်ဘူး၊ ကုရမှာပဲလေ။
တတ်နိုင်သလောက် ရုပ်ဖောက်ပြန်မူကို
သက်သာအောင်,အဆင်ပြေအောင်
ကြိုးပမ်းရမှာပဲ, အားထုတ်ရမှာပဲ။
အဲသလို ကြိုးပမ်းအားထုတ်တဲ့
ကြားကပဲ လျော့သွားတာလည်း
ရှိရင်ရှိမယ်၊ ရပ်သွားတာလည်း ရှိရင်ရှိမယ်။
ဒါပေမယ့် ဒါက အပြီးအပိုင်
ရပ်သွားတာမဟုတ်ဘူး၊
လျော့သွားတာ မဟုတ်ဘူး။
ပြီးရင် ပြန်နက်လာမှာ သူက။
ရောဂါဆိုတာ ဘယ်တော့မှ
အပြီးပျောက်တယ်ဆိုတာ
ရှိတာ မဟုတ်ဘူး။
ပြီးတော့လည်းပဲ ဒီလိုပဲ
ရောဂါတက်ပြီးတော့ သေရတာပဲ။
အဲဒီတော့ အဲဒီ ရောဂါဖြစ်လာတဲ့
အချိန်မှာ ရောဂါတန်းလန်း,
ဝေဒနာတန်းလန်းနဲ့ကိုပဲ
အကယ်သာ သူတော်ကောင်းတရားကို
သိတဲ့ အသိတစ်ခုကို ရအောင်
လုပ်ထားမယ်ဆိုရင်
အဲဒီအသိကို အဖော်ပြုပြီးတော့
ဘုန်းဘုန်းတို့ဟာ ချမ်းချမ်းသာသာ
နေနိုင်ခွင့်ရှိတယ်၊ နေလို့ ရတယ်။
အားကိုးစရာအစစ်ဆိုတာ အဲဒါပဲ။
သစ္စာရွှေစည်ဆရာတော်
No comments:
Post a Comment