═══════════════════════
လူတချို့က ဘုရားရှိခိုးတာ၊
တရားထိုင်တာတွေဟာ ဆုတောင်းချင်လို့၊
ကိုယ်လိုချင်တာတစ်ခုခုအတွက်
ဘုရားကိုအသုံးချဖို့ကြိုးစားနေတာမျိုးလို့
ထင်နေတတ်ကြပါတယ်။
.
တကယ်တော့ ဘုရားရှိခိုးတာ၊
တရားထိုင်တာဟာ လောကုတ္တရာ
အကျိုးတင်မကဘဲ လောကီ
ဆိုင်ရာအကျိုးတွေလည်း ရစေတဲ့
ကောင်းမွန်တဲ့ အမူအကျင့်တစ်ခုဖြစ်ပါတယ်။
နေ့စဉ်ဘုရားရှိခိုးခြင်းက
ဒီလိုအကျိုးကျေးဇူးတွေကို ရစေပါတယ်။
#စိတ်ကြည်လင်စေတယ်
နေ့တိုင်းဘုရားရှိခိုး၊ မိနစ်အနည်းငယ်
လောက်တရားထိုင်တာကို
ပုံမှန်လေးလုပ်ပေးနိုင်ရင်
နေ့စဉ်စိတ်ကြည်လင်မှုကိုဖြစ်စေပြီး
ရက်တွေကြာလာတဲ့အခါမှာလည်း
စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအပိုင်းမှာ
အံ့သြစရာကောင်းလောက်အောင်
တိုးတက်လာတာကိုတွေ့ရပါလိမ့်မယ်။
#ကောင်းတဲ့စိတ်ကိုဖြစ်စေတယ်
မိမိပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်က အခြားလူတွေအပေါ်
အဆိုးမြင်စိတ်ကိုလျော့နည်းစေတယ်။
ကောင်းမွန်တဲ့စိတ်ကိုဖြစ်ပေါ်စေပြီး
မျက်နှာကြည်လင်စေတယ်။
စိတ်ပျံ့လွင့်မှုတွေနည်းလာအောင်
ကိုယ့်ကိုယ်ကိုထိန်းချုပ်လာနိုင်ပြီး
ကောင်းမွန်တဲ့အတွေးတွေပေါက်
ဖွားလာစေပါလိမ့်မယ်။
#အာရုံစူးစိုက်မှုပိုကောင်းစေတယ်
စိတ်ငြိမ်းချမ်းမှုကိုဖြစ်ပေါ်စေတာကြောင့်
ကိုယ့်ရဲ့အတွေးတွေကိုထိန်းချုပ်လာနိုင်ပြီး
အာရုံစူးစိုက်မှု ပိုမိုအားကောင်းလာစေတယ်။
အဲ့ဒါက လူ့ရဲ့စိတ်ကို တက်ကြွလန်းဆန်းစေပြိး
ကျောင်းသားလူငယ်တွေ ပညာရပ်တွေလေ့လာ
သင်ယူတဲ့အခါမှာ၊ လုပ်ငန်းခွင်မှာ လုပ်ကိုင်ရတာ
ပိုအဆင်ပြေလာစေပြီး မိသားစုအတွင်းဆက်ဆံရေး
အရင်ကထက် ပိုမိုပြေလည်လာစေခြင်း၊အခြားသော လူမှုပတ်၀န်းကျင် အသိုင်းအဝိုင်းကြား ကောင်းသတင်းပျံနှုံနေတက်ပြီး ယုံကြည်စိတ်ချလာကာ ပေါင်းသင်းဆက်ဆံရေးပိုကောင်းလာခြင်း ၊စိးပွားရေးဆိုင်ရာ ရင်းနှီးမြုတ်နှံမှု ဆိုင်ရာ၊ငွေကြေးလုပ်ငန်းဆိုင်ရာ စိမံအုပ်ချုပ်မှုဆိုင်ရာတွေမှာ အဆင့်မြင့်တာ၀န်တွေ၊ ခေါင်းဆောင်မှု နေရာဌာနမျိုးတွေမှာ
ယုံယုံကြည်ကြည် နဲ့ ခန့်အပ်တာ၀န်ပေး လာစေတက်ပါတယ် ။အထက်အောက် ရိုသေလေးစားမှုတွေရရှိလာပြိး ပြောဆိုသမျှအောင်မြင်ခြင်း အသိအမှတ်ပြုခံရခြင်း မမြင်ရသော အစောင်အရှောက်များ ကူညိမစ ပေးခံလာရခြင်း ၊ လူ နတ် ပုဂ္ဂိုလ်များ လေးစားချစ်ခင်ခြင်း ၊အောင်မြင်မှုများ ဆက်တိုက်ရရှိခြင်း၊ ကြံစည်သမျှပြိးစီး အောင်မြင်လာခြင်း။ လာဘ်လာဘ ယခင်ထက် သိသိသာသာတိုးတက်ခြင်း။ အလုပ်အကိုင် ရာထူးဌာန ယခင်ကထက် ပိုမိုကောင်းမွန်သောနေရာသို့ ရောက်ရှိခြင်း။ တခါတရံ မိမိနှင့် အဆင်သိပ်မပြေသော အတူတူလုပ်ဖော်ကိုင်ဖက်များ အထက်အရာရှိများ သူ့ အလိုလို ပြောင်းရွေ့သွားခြင်း နှုတ်ထွက်သွားခြင်း ။ မထင်မှတ်သော ငွေကြေး လုပ်ငန်းသစ် စိန်ရွှေငွေ မြေ အိုးအိမ် အခြားရတနာ များရလာတက်ခြင်း ၀င်လာခြင်း
စတဲ့အကျိုးဆက်တွေကို ရရှိစေပါတယ်။
#ဘဝမှာနေပျော်လာစေတယ်
ဘုရားပုံမှန်ရှိခိုးခြင်း၊ တရားထိုင်ခြင်းကြောင့်
စိတ်ကြည်လင်ငြိမ်းချမ်းခြင်းအပြင် သမာဓိရလာပြိး
မိမိ လုပ်ငန်းခွင်မှာ လုပ်ကိုင်ရတာ ဆုံးဖြတ်ချက်ချမှတ်ရာမှာ တရားနှင့်ယှဉ်သော အတွေးအခေါ် အကြံအစည်တွေ ရှိလာတက်တယ် မမြင်ရတဲ့ စိတ်စွမ်းအင် ကြောင့် ဘဝမှာလည်း အရင်ကထက် ပိုပြီးနေပျော်လာစေပါတယ်။
ငယ်ရွယ်သူများ၊နာမည်ကြီး အောင်မြင်သူများတွင်
ဖြစ်လေ့ဖြစ်ထရှိသော အဆင်မပြေမှုတွေ၊
လောကဓာန် ပြသနာတွေ ၊စိးပွားရေး လုပ်ငန်းအရှုံးတွေကြုံလာရင်လည်း အရင်ကထက် စိတ်ကိုထားတတ်လာမယ်၊
လောဘနည်းတက် ရောင့်ရဲတတ်လာမယ်၊ အခြား လူမှုစိးပွား နယ်ပယ်မှာ မိမိလုပ်ငန်းခွင်မှာ မိသားစုစိတ် လူသားဆန်တဲ့စိတ်
ကိုယ်ချင်းစာနာစိတ်ပိုတိုးလာပါမယ်၊
ဒါကြောင့် ဘဝမှာ ပိုပြီးနေပျော်လာပါလိမ့်မယ်။
#ကျန်းမာရေးအတွက်လည်းကောင်းမွန်တယ်
ဘုရားရှိခိုး၊ တရားထိုင်ခြင်းက
စိတ်ပိုင်းဆိုင်ရာကိုကောင်းကျိုး
ဖြစ်စေရုံမက ခန္ဓာကိုယ်အတွက်လည်း
ကောင်းကျိုးဖြစ်စေပါတယ်။
အသက်ကြိးလာသူများဖြစ်လေ့ရှိသော အယ်ဇိုင်း.မား ခေါ်
အသိညာဉ် အားနည်း ချို့ယွင်းခြင်း အလွန်သတိမေ့ခြင်း
ဦးနှောက်ကျုံခြင်း သူငယ်ပြန်ခြင်း ရန်လိုခြင်း အကြောင်းမဲ့
မကြာခဏ တစ်ဦးတည်စကားပြောနေတက်ခြင်း၊ ငေးငိုင်နေခြင်း ၊ အဖော်မဲ့ အားငယ်၀မ်းနည်းနေတက်ခြင်း၊ပြောဆို ပေါင်းသင်းရန် ခက်ခဲခြင်း၊ စိတ်ဖိစိးမှုများပြားပူလောင်နေခြင်း၊ အဖော်မပါ တစ်ဦးတည်း အခြားသူများ အသိမပေးဘဲ အိမ်မှထွက်သွားတက်ခြင်း၊ ကောင်းကောင်း ဆိုးဆိုး အခြားသူပြောသမျှ ငြင်းဆန်ခြင်း၊ အလိုမကျ အမြဲ ဆူအောင့် စိတ်ဆိုး စိတ်ပျက် ဒေါသထွက်နေတာ ပျောက်ကင်းခြင်း။စိတ်တက် စိတ်ကျမြန်ခြင်း ၊မကြာခဏ ဆီးချိူ သွေချို ဆောင့်တက်ခြင်း များသက်သာလာတက်ခြင်း၊သွေးတိုးကျစေခြင်း၊ လေးဘက်နာ နှလုံးရောဂါဖြစ်နိုင်ချေကိုလျှော့ချပေးခြင်း၊ ဦးနှောက်ကျန်းမာရေးပိုမိုကောင်းမွန်စေခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုရရှိစေပါတယ်။
No comments:
Post a Comment