🔹 တရားအားထုတ်မယ့်စိတ်က
တရားစိတ်ဖြစ်ရမယ်၊ ကုသိုလ်စိတ်ဖြစ်ရမယ်၊
စိုက်မရှုနဲ့၊ ထိန်းမရှုနဲ့၊ လုပ်မရှုနဲ့၊ ချုပ်မရှုနဲ့
တရားအားထုတ်တယ်ဆိုတာ
အားစိုက်ပြီးတော့
အတင်းလုပ်ရတာမျိုးမဟုတ်ဘူး။
တရားစိတ်ဖြစ်အောင် နေရတာပဲ၊
ကုသိုလ်စိတ်ဖြစ်အောင် နေရင်
တရားအားထုတ်တာပဲ။
လိုချင်တာတွေ၊ ဖြစ်ချင်တာတွေ၊
ကောင်းချင်တာတွေ၊ ရချင်တာတွေ
အဲဒီစိတ်တွေ အားကြီးကြီးနဲ့ လုပ်ရင်
အားတွေစိုက်ပြီးတော့
လူပင်ပန်း၊ စိတ်ပင်ပန်းဖြစ်လိမ့်မယ်။
လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ
လျော့လာအောင် လျှော့ပေးတာဟာ
တရားအားထုတ်တဲ့စိတ်ပဲ။
လောဘလျှော့တာကတော့
အားကိုလျှော့လိုက်ရင် လျော့ပါတယ်၊
အတွေးအခေါ်နဲ့ ပြောင်းရင်လဲ လျော့ပါတယ်၊
ဘာမှမလိုချင်တော့ဘူး၊ ဖြစ်တဲ့အတိုင်းပဲ၊
ရသလောက်ပဲ
အဲလိုဆို စိတ်ကလျော့သွားတယ်။
ဒေါသလဲ အဲသည်လိုပဲ။
မောဟကြ ဘယ်လိုလျှော့မလဲ၊
မောဟက …
နှလုံးသွင်းမှန်မှ၊ အယူအဆမှန်မှ
အသိဉာဏ်တွေပါမှ မောဟက လျော့လာမှာ။
နှလုံးသွင်းမှန်အောင် လေ့ကျင့်ရတယ်။
သတိထားတာများလို့ သဘောပေါက်လာရင်
မောဟတွေလျော့လာမယ်၊၊
🔹 ဘာဖြစ်လို့
ဝင်လေ/ထွက်လေကို အာရုံပြုတာလဲ၊
ဖြစ်နေတဲ့ သဘာဝတွေကို သိချင်လို့
သတိထားတာ။
ငြိမ်အောင် အာရုံပြုတာ မဟုတ်ပါဘူး၊
သိအောင် အာရုံပြုတာ။
ဝင်တဲ့အခါ … ထွက်တဲ့အခါ …
ရုပ်မှာ .… ဘယ်လိုဖြစ်တယ်၊
စိတ်မှာ … ဘယ်လိုဖြစ်တယ်
ဒါတွေသိချင်လို့ သတိထားကြည့်တာ။
ငြိမ်ဘို့ ဦးတည်မထားရဘူး၊
သိဘို့ ဦးတည်ထားရတယ်။
ငြိမ်ဖို့ အရေးမကြီးပါဘူး၊
ငြိမ်အောင် လိုက်လုပ်မနေပါနဲ့၊
ငြိမ်ချင်တာဟာ မငြိမ်တဲ့ အကြောင်းပဲ၊
ငြိမ်ချင်တဲ့လောဘ အားကြီးရင် မငြိမ်တော့ဘူး။
#ဖြစ်တဲ့အတိုင်းသိဖို့ကြိုးစားရင်
#ငြိမ်လာပါလိမ့်မယ်။
သိတာတွေ ဆက်လာတယ်၊
သိတာတွေ ကြာကြာသိလာပြီဆိုရင်
ငြိမ်လာတာပါပဲ။ သိဖို့ပဲ ကြိုးစားပါ၊
ငြိမ်တာက ပါလာပါလိမ့်မယ်။
ပူမှန်းသိ၊ အေးမှန်းသိ၊ ကြားရင် ကြားမှန်းသိ၊
ထိရင် ထိမှန်းသိ၊ ဝင်ရင် ဝင်မှန်းသိ၊
ထွက်ရင် ထွက်မှန်းသိ၊
ဖြစ်သမျှ လိုက်သိခိုင်းတာပါ၊
ငြိမ်ခိုင်းတာ မဟုတ်ပါဘူး။
ဘယ်လောက်ကြာကြာသိနိုင်မလဲ၊
လွတ်သွားရင် ပြန်ထားပေါ့၊
ကိုယ့်ကိုယ်နဲ့ ကိုယ့်စိတ်
ဘယ်လောက် ကပ်ထားလို့ရမလဲ။
ကိုယ့်ခန္ဓာအကြောင်းကို
ဘယ်လောက်ကြာကြာ သိသလဲ၊၊
ကိုယ့်စိတ်အကြောင်းကို
ဘယ်လောက်ကြာကြာ သိသလဲ။
ဒါကို →
လေ့ကျင့်နေရတယ်၊ ကြိုးစားနေရတယ်။
သတိထားနေရင် …
သိနိုင်သလောက်တော့ သိနေတာပဲ။
.
.
. { ဆရာတော်အရှင်တေဇနိယ-ရွှေဥမင် }
🙏 🙏 🙏
Virgo Virgo
.
No comments:
Post a Comment