စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, December 5, 2022

ဝိပဿနာတိုက်စစ်မှူးအတွက် ဘုရားရဲ့ တပ်လှန့်သံ

“ဝိပဿနာတိုက်စစ်မှူးအတွက် ဘုရားရဲ့ တပ်လှန့်သံ”

ဘုရားကလည်း “အပ္ပမာဒေန သမ္ပာဒေထ” 
ဆိုတဲ့ စကားနဲ့ တပ်လှန့်နေတာပဲ။
ဘုရားက တပ်လှန့်နေတာ။
ရန်သူက အချိန်မရွေး ဝင်နေတာ။ ရန်သူ။
ကိုယ်က “ခံစစ်”တင် မဟုတ်ဘူး။ 
“တိုက်စစ်”ပါ လုပ်ရမယ်။
သီလလောက် ခံစစ်နဲ့ မရသေးဘူး။

ဝိပဿနာတိုက်စစ်မှူးဖြစ်အောင် လုပ်ရမှာ။
ဘယ်မှ သွားတိုက်ရမှာ မဟုတ်ဘူး။
“လောဘ၊ ဒေါသ” ရန်သူကို တိုက်ရမှာ။
ကိုယ့်ခန္ဓာ ကိုယ်တိုက်ရမှာ။
မိုးကုတ်ဆရာတော်ကြီး အမိန့်ရှိသလို 
“ငါသေရင် ဆွမ်းမသွတ်နဲ့”လို့ ကိုယ့်ကိုယ်ကို 
မှာနိုင်လောက်အောင်အထိ တိုက်စစ်ဆင်ရမှာ။
“လိုသလောက် မရလည်း၊ 
လုပ်သလောက်တော့ ရတယ်”နော်။
မလျှော့ဘဲ လုပ်ရမှာပဲ။

ဣန္ဒြိယသံဝရသီလ

ရခဲတဲ့လူ့ဘဝ ရနေတဲ့အချိန်မှာ 
 ရခဲတဲ့ကုသိုလ်တွေ လုပ်ကြ။ 

ကုသိုလ်မှာတော့ ကုသိုလ်တိုင်းကုသိုလ်တိုင်း
 ဒါနကုသိုလ်လည်း အရေးတကြီးပြုရမှာပဲ။ 
 သီလကုသိုလ်လည်း မရှိမဖြစ်တဲ့ သီလပဲ။ 
 သီလမရှိရင် လူမပီသတော့ဘူး။ 
 သီလရှိမှ လူကောင်း သူတော်ကောင်း ပီသပါတယ်။

ဒါနနဲ့တင် မပြီးသေးဘူး။ 
 သမထလည်း
 စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်အောင်၊ 
 နှလုံးစိတ်ဝမ်း အေးချမ်းမှုဖြစ်အောင် 
 မေတ္တာတရားတွေ ပွားများရတယ်။ 
 ဘုရားဂုဏ်တော်တွေလည်း ပွားများရတယ်။ 

ဒါပေမဲ့ 
 အဲဒီကုသိုလ်တွေထဲမှာ မြတ်စွာဘုရားက
 အကောင်းဆုံး၊ အရေးကြီးဆုံးပြုရမယ့် ကုသိုလ်၊ 
 ထိပ်တန်းအကျဆုံး ကုသိုလ်ကတော့ 
 အပ်ပမာဒ တရားပဲ။ 
 အပ္ပမာဒဆိုတာ တခြားမဟုတ်။ 
 ကုသိုလ်တွေ မမေ့တာလည်း အပ္ပမာဒပဲ။ 
 
ဒါပေမဲ့ 
 ရုပ်တရားနာမ်တရားတွေကို သိတဲ့ 
 အပ်ပမာဒ တရား။ 
 မှန်ကန်တဲ့သစ္စာတရားတွေကို သိတဲ့ 
 အပ္ပမာဒတရားရှိမှ
 နှလုံးစိတ်ဝမ်း အေးချမ်းမယ်။ 
 သီလတွေ ပိုပြီး စင်ကြယ်မယ်။ 
 
သီလစင်ကြယ်မှုဟာ 
 ရိုးရိုးသီလထိန်းရုံမှာက 
 ရိုးရိုးသိက္ခာပုဒ်ပဲ လုံခြုံရုံပဲရှိမယ်။ 
 ကျန်တဲ့သီလတွေက 
 အဆင့်ဆင့် သူ့ဟာနဲ့သူ ရှိတယ်။ 
 သတိပြဋ္ဌာန်းတဲ့ 
 ဣန္ဒြိယသံဝရသီလ ထိန်းလိုက်မယ်ဆိုရင် 
 အပ္ပမာဒသတိတရားနဲ့ ထိန်းလိုက်မယ်ဆိုရင် 
 သီလအားလုံးအတွက် ကောင်းသွားတယ်။ 

 ဣန္ဒြိယသံဝရသီလဟာ အခက်ဆုံးပဲ .............. ။

" ဘယ်လိုနေထိုင်ခြင်းဟာ အမြင့်မြတ်ဆုံးလဲ "

သတိပဋ္ဌာန်တရား ပွားများနေရင်
 မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ခြောက်ဌာနက
 လောဘရန်သူတွေ ဒေါသရန်သူတွေ 
 မောဟရန်သူတွေ ဝင်ခွင့်မရအောင်
 ပိတ်ဆို့တားဆီးထားတယ်။

သတိဟာ လုံခြုံရေးပဲ
 ဘဝရဲ့ လုံခြုံရေးပဲ။
 သူတော်ကောင်းတွေရဲ့ စံအိမ်ပဲ။
 
လူတွေ နေအိမ်ကောင်းကောင်းနဲ့နေတော့
 ဘေးတွေ ရန်တွေ အမျိုးမျိုးလုံခြုံနေသလို
 သတိတည်းဟူသော စံအိမ်မှာနေရင်
 လောဘဘေးရန်၊ ဒေါသဘေးရန်၊ မောဟဘေးရန်တွေ 
 လုံခြုံအေးချမ်းနေတယ်။ 

အဲဒီ လုံခြုံအေးချမ်းတဲ့ သတိနဲ့ နေထိုင်ခြင်းဟာ အမြင့်မြတ်ဆုံးပဲ ................ ။

(ရွှေဥမင်တောရ ဆရာတော်ဘုရားကြီး)

No comments:

Post a Comment