စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, December 4, 2022

အနာဂါမ်ဆရာသက်ကြီးနှင့် သေမင်းကိုနှာတစ်ဖျားကြောသွားသော ခေတ်သစ်ပဋာစာရီ

#အနာဂါမ်ဆရာသက်ကြီးနှင့်  သေမင်းကိုနှာတစ်ဖျားကြောသွားသော ခေတ်သစ်ပဋာစာရီ
-------------------------------------

🔹 ကံထူး၍နှောက်ယှက်လာမိသူ

အနာဂါမ်ဆရာသက်ကြီးရွှေကျင်မြို့တွင်တရားပြနေစဉ်တွင်
ဝတ်လစ်စလစ်အရူးမအဖွါးကြီး
တစ်ဦး ရန်လာတွေ့သည်။

အဖွါးအို။ ။ဘယ်ကောင်လဲဟေ့ ဆရာဆိုတဲ့ အကောင်

ဆရာကြီး။ ။ဆရာဆိုတာ ကျွန်တော်ပါပဲ မိခင်

အဖွါးအို။ ။နင်ကဘာများတတ်လို့ ဆရာလုပ်နေရတာလဲ၊လူလိမ်

ဆရာကြီး။ ။ ကျွန်တော် ဘာလိမ်လို့လဲ မိခင်

အဖွါးအို။ ။နင့်အမေမဟုတ်ပဲ ငါ့ကိုမိခင်လို့
ခေါ်တာ ဒါ နင်လိမ်တာပေါ့

ဆရာကြီး။ ။ကျွန်တော်မလိမ်ပါဘူးမိခင်၊
သံသရာဆိုတာရှည်လျားတဲ့အတွက် သားအမိ ဆွေမျိုး
မတော်ဖူးတဲ့သူ မရှိပါဘူး၊
အဝိဇ္ဇာဖုံးနေလို့ မသိကြတာပါ။

အဖွါးအို။ ။အေးပါလေ နင်က ဘာတတ်လို့ ဆရာလုပ်နေတာလဲ၊
နင့်ပညာ ငါ့ပြစမ်း

ဆရာကြီး က ချော့မော့၍ 
ငါးပါးသီလခံခိုင်းရာ
 စိတ်ပြောင်းပြီး အဝတ်အစားတောင်းဝတ်၍ 
ဆရာကြီးညွှန်ပြသည့်အတိုင်း
 အာနာပါန ကိုစတင်အား
ထုတ်သည်။

မကြာမီ စိတ်ကပုံမှန်ဖြစ်လာပြီး တစ်ပတ်ခန့် အာနာပါနရှုပြီးသောအခါ
 ဆရာကြီးက ဝိပဿနာကူး
ပေးသည်။

အာနာပါန သမာဓိနဲ့
ကိုယ်ခန္ဓာကို
ပေါ်လွင်ထင်ရှားရာ
 (ငယ်ထိပ်၊ရင်ချိုင့် စသည်)
တို့၌ထား၍ 
ဖြစ်ပေါ်သမျှ သတိပြုရန်၊
ဣရိယာပုထ်တိုင်း၌
အနိစ္စအချက်ကိုအမိအရ
 စိတ်စိုက်ထားရန် ညွှန်ကြားသည်။

အနိစ္စမြင်သဖြင့် ခန္ဓာအကြောင်းကောင်းစွာသိ သွားသောအဖွါးအို နောက် ၃ ရက်ခန့်အားထုတ်ပြီး

ဆရာကြီး။ ။ကဲမိခင် ရုပ်နာမ်တွေ အဆက်မပြတ်
ဖြစ်ပေါ်
 ချုပ်ပျောက် နေတာကို
စိတ်ထဲ သဲသဲကွဲကွဲ မြင်ပါရဲ့လား

အဖွါးအို။ ။မြင်ပါပြီ ဆရာရယ်
 တစ်လောကလုံး ခိုကပ်စရာမရှိတော့ပါဘူး၊
 အားကိုးစရာ ပျော်စရာ၊
 ခင်မင်စရာလည်း မရှိတော့ပါဘူး ဆရာ။

ထို့နောက် သူမ အသိအမြင်ထူးခြားလာပုံကို ပြောပြပြီး
အိမ်ပြန်ခွင့်တောင်းသည်။
(မိမိသေတော့မည်ကို ကြိုတင်သိနေဟန်တူသည်။  

ဆရာကြီးယောဂီအများစုမှာ 
မိမိသေမည့်နေ့ကို ကြိုသိ
ကြသည်။ 
အ ချို့ တစ်လကျော်ကြိုတင်သိကြ သည်။)

ဆရာကြီး။ ။(အတန်ကြာမျက်စိမှိတ်အာရုံယူပြီး)
  မိခင် ကိုယ့်အချိန်ကိုယ်သိနေတဲ့အတိုင်း
သွားသင့်ရင် သွားပါ။

နောက်နေ့တွင်ယောဂီများအားဆရာကြီးက အဖွါးကြီးအခြေအနေကိုပြောပြသဖြင့်
 သူမရွာသို့လိုက်သွားရာ 
 အလောင်းပြင်ထားပြီး ဖြစ်နေသည်ကိုသာတွေ့ကြရသည်။

သားသမီးများက
 လူကောင်းပြန်ဖြစ်လာသည်ကို
ဝမ်းသာမဆုံးမီ
 မိမိအချိန်ကိုသိသည့်အတိုင်း
မှာစရာရှိသည်များ
မှာကြားဆုံးမအပြီး
၄ နာရီခန့်အကြာတွင်
ကွယ်လွန်သွားကြောင်းသိရသည်။

အနေမလှသော်လည်း
 ကလျာဏမိတ္တကိုအမှီရသဖြင့်
အသေလှပြီး
 #လူ့ဘဝအရတော်သွားသောအဖွါးအို ဟုဆိုရမည်ဖြစ်သည်။

*ဓမ္မသည် တရားအားလျှော်စွာ
ကျင့်သူအား စင်စစ်မသွေ စောင့်ရှောက်ပါပေသည်တကား။*

(လယ်တီဆရာတော်တပည့်အနာဂါမ်ဆရာသက်ကြီး
သည် ဦးဂိုအင်ဂါ၏ဆရာ ဆရာကြီး ဦးဘခင်အားဝိပဿနာသင်ပြပေးသောဆရာဖြစ်ပါသည်)

#credit 🙏🌿

No comments:

Post a Comment