စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, December 5, 2022

မငြိမ်းချမ်းတဲ့စိတ်

ပွက်နေတယ် ရေက,
လုံးဝ ငြိမ်သက်မူ မရှိဘူး။

ဒေါသဖြစ်လာပြီဆိုရင်
ဒီစိတ် ဘယ်လို နေလဲ။

ဘယ်လိုမှကို မငြိမ်ဘူး။

စိတ်မငြိမ်ရင် ဘာဖြစ်မတုန်း။

လူလည်း ငြိမ်လို့ မရတော့ဘူး။

တစ်ချို့ဆိုရင် လူးလားတုံ့ခေါက်
တောက်တစ်ခေါက်ခေါက်နဲ့
ဘယ်လိုမှကို ငြိမ်လို့ မရဘူး။

ဘယ်လို ဖြစ်နေတာတုန်း။

စိတ်မှ မငြိမ်တော့ လူက
မငြိမ်တော့ဘူး။

စိတ်က ဆူပွက်နေပြီဆိုရင်
လူကလည်း ဆူပွက်နေပြီ။

ဒီလိုအနေအထားမျိုးမှာ
သူတော်ကောင်းတရားကို
သိဖို့မြင်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်မတုန်း။

အရှင်ဥတ္တမ (သစ္စာရွှေစည်)

No comments:

Post a Comment