#စေတီ ၄-မျိုးအကြောင်း "
-----------------------
(1) "ဗုဒ္ဓ"ကသူ့ကို "ဆင်းတုများပြုလုပ်ပူဇော်ရမယ်"လို့ပြောခဲ့ဖူး ပါသလား။အဲလိုလုပ်ရပ်ကို သူ ကိုယ်တိုင်ရောကြိုက်ပါရဲ့လား။
(2)"ဆင်းတုများ, စေတီများ"ပြုလုပ်ပူဇော်ခြင်း-က သူ ရှိစဉ်ကတည်းကပါလား၊သူ မရှိမှလား။
(3)"ဆင်းတုများ, စေတီများပြုလုပ်ခွင့်"ကို"တောင်းဆိုခဲ့ရတယ်"လို့
ပိ့ုစ်တစ်ခုမှာပြောထားတာတွေ့ရတဲ့အတွက်-"ကမ္ဘာ"ပေါ်မှာ"မည့်သည့်စေတီ"က "ပထမဆုံး"ပါလဲ။
(4)"စေတီ"တိုင်းမှာအများအားဖြင့်"ဆင်းတုတော်"တွေ အများကြီးတွေ့ရ ပါတယ်။ "စေတီ"တည် တဲ့အခါ "အဓိက"လိုအပ်ချက်ကဘာပါလဲ။
"မေးခွန်းနံပါတ် ( ၁ ) ( ၂ ) ( ၃ ) ( ၄ ) အတွက်
အ ဖြေ ပါ။"
"မြတ်စွာဘုရား"သက်ရှိထင်ရှားရှိစဉ်အခါတုန်းက "ဘုရားရှင်ကို ကြည်ညိုတဲ့သူ"တွေ "မြတ်စွာဘုရား"ကို ပူဇော်ဘို့ လှူဒါန်းဖို့
အခါအားလျှော်စွာ "မြတ်စွာဘုရား"ထံလာကြပါတယ်။
"မြတ်စွာဘုရား" ကျောင်းတော် မှာ ရှိနေစဉ်အချိန်မှာတော့
"မြတ်စွာဘုရား"ကို လှူကြတာပေါ့။
" မြတ်စွာဘုရား" မရှိတဲ့အခါ "ပါလာတဲ့ပစ္စည်း"ဘယ်ကို လှူဒါန်းခဲ့ရ
မှန်းမသိတော့ဘူး။
"မြတ်စွာ ဘုရား"ကို လှူဒါန်းဖို့ စိတ်ကူးနဲ့ လာကြတာကိုး။
ဒီတော့
ကျောင်းဒကာ -"အနာထပိဏ်သူဋ္ဌေး"က -
"ဘုရား ထံ လှူဒါန်းဘို့ လာတဲ့သူတွေ
"ဘုရားရှင်" မရှိလည်း လှူဒါန်းလို့ အဆင်ပြေအောင်
သင့်လျှော်တဲ့နေ ရာ"-စီစဉ်ဖို့ "အရှင်အာနန္ဒာ"ကို
လျှောက်ထားပါတယ်။
"အရှင်အာနန္ဒာ"ကလည်း ဒီ ကိစ္စ ကို "မြတ်စွာဘုရား" နဲ့တွေ့တော့
လျှောက် ထားပါတယ်။
"မြတ်စွာဘုရား"က -
"လှူဒါန်းပူဇော်သင့်တဲ့ အရာ သုံးမျိုး"ကို ပြောပြခဲ့ပါတယ်။
၁။ "ဓာတ်တော်,မွေတော်"အပါအ၀င် "မြတ်စွာဘုရား"ရဲ့ ခန္ဓာကိုယ်။
၂။ "မြတ်စွာဘုရား"ရဲ့ အသုံး အဆောင်များ။
၃။" မြတ်စွာဘုရား"ကို အာရုံယူဘို့ "မြတ်စွာဘုရား"ကို ရည်ညွှန်းထားသော
-ရုပ်တု၊
-စေတီ ကိုလှူဒါန်း ပူဇော်သင့်ကြောင်း" မိန့်ခဲ့ပါတယ် ။
တစ်ဖန်
"အရှင်အာနန္ဒာ"က-
"မြတ်စွာဘုရား"သက်ရှိထင်ရှားရှိတုန်း "စေတီ,ပုထိုး"တည်ထား
ကိုးကွယ်ရရင် အဆင်ပြေနိုင်မလား"လို့ - ဆက်လျှောက်တဲ့အခါ-
"ဘုရားရှင်"က-
"စေတီကို ငါဘုရား ပရိနိဗ္ဗာန်စံပြီးမှ ငါဘုရားရဲ့ အရိုးတော် ,
ဓာတ်တော်-တွေနဲ့ တည်ဆောက် ပူဇော် သင့်ကြောင်း"-။
သူ့ကိုယ်စား "ကိုးကွယ်ဆည်းကပ်"ဖို့အတွက်
"စေတီ ၄ မျိုး"-ကို သတ်မှတ်ပေးတော်မူခဲ့ပါတယ်။
( ၁ ) "ဓာတုစေတီ"
"ဗုဒ္ဓ"ရဲ့ "ရုပ်ကလပ်တော်"ကို မီးသဂြိုဟ်တဲ့အခါ ကျန်ရစ်တဲ့"
ဓါတ်တော်များ"ကို "ဘုရားရှင်"ကိုယ်စားကိုးကွယ်နိုင်တယ်။
( ၂ ) "ဓမ္မစေတီ"
"ဗုဒ္ဓမြတ်စွာ"( ၄၅)နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့
-"ပိဋကတ်သုံးပုံ၊
-မဂ် လေးတန်၊
-ဖိုလ် လေးတန်နဲ့
-နိဗ္ဗာန်တရား"တို့ကို
"ဘုရားရှင်"ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။
( ၃ ) "ဥဒ္ဒိဿစေတီ"
သက်တော်ထင်ရှား "မြတ်စွာဘုရား"ကို ရည်မှန်းပြီး ရေးသားတဲ့
-"ပုံတော်၊ပန်းချီကားချပ်"တွေ၊
-"သစ်သား,ဆင်စွယ်"စသည်တို့ကို ထုလုပ်ထားတဲ့ "ဆင်းတု"တွေ၊
-"အုတ်၊ သဲ၊ အင်္ဂတေ" စသည်တို့ဖြင့် တည်ဆောက်ထားတဲ့
"စေတီ,ပုထိုး"တွေ၊
ဒီအရာတွေအားလုံးကို "ဘုရားရှင်ကိုယ်စား"- ရှိခိုးပူဇော်နိုင်တယ်။
( ၃ ) "ပရိဘောဂစေတီ"
"မဟာဗောဓိပင်"အပါအ၀င် "ဘုရားရှင်"အသုံးပြုတော်မူခဲ့တဲ့
-"သပိတ်၊"
-"သင်္ကန်း"၊
-"တောင်ဝှေး"-စသည်ိတို့ ကို လည်း "ဘုရားရှင်"ကိုယ်စားဆည်းကပ်ကိုးကွယ်နိုင်တယ်။
အဲဒီတော့
"ဗုဒ္ဓဘာသာ၀င်များ"က "မြတ်ဗုဒ္ဓရဲ့"
-"ပုံတော်ပန်းချီကား"တွေ၊
-"ဆင်းတု"တွေကို ရှိခိုးပူဇော်တာဟာ "ဥဒ္ဒိဿ စေတီ"အဖြစ်
ရည်မှန်းပြီး "ရှိခိုးပူဇော်ခြင်း"ဖြစ်တယ်။
-"ပန်းချီကား အနေနဲ့
-"ရုပ်ထု၊ဆင်းတုတော်များ"အနေနဲ့
ရှိခိုးပူဇော်နေတာ မဟုတ်ပါဘူး။။
"ဘုရားရှင်"က -
-"ဒီလို စေတီပုထိုးတော်တွေကို ပူဇော်တာဟာ
"ရုပ်"ကို အခြေခံပြီး ပူဇော်တာမျိုး မဟုတ်ကြောင်း၊
-"စေတီပုထိုးတော်တွေ ကို ပူဇော်တာဟာ
"စိတ်ရဲ့အလုပ်"ဖြစ်ကြောင်း ဆက်လက်မိန့်ကြားပါတယ်။
"စေတီ,ပုထိုး"ကို ကြည့်၊
"ဘုရားအစစ်"(သက်ရှိထင်ရှားမြတ်ဘုရား) ရဲ့"ဆုံးမသြ၀ါဒ"တွေကို "စိတ်နဲ့အာရုံပြု"ပြီး "ပူဇော်ရမှာ"- လို့ နားလည်ထားရမှာပါ။
တစ်နည်းအားဖြင့်-
"ပုံ"နောက်က "ဂုဏ်"ကို "စိတ်အာရုံ"ရောက်အောင်ပြု၊ ပူဇော်ရတာဖြစ်ပါတယ်။
"စေတီ,ပုထိုး"မတည်သေး ပဲနဲ့ သူ"တရားအားထုတ်" ခဲ့တဲ့ "ဗောဓိညောင်ပင်"ကို စိုက်ပျိုးပြီး
-သူမရှိတဲ့အခါ
-သူခရီးထွက်နေ သခိုက်
သူ့ကိုယ်စား "ဗောဓိညောင်ပင်"ကို ပူဇော်ဖို့
"မြတ်စွာဘုရား"က "အရှင်အာနန္ဒာ"ကို အကြံပြုပါတယ်။
ဒီနောက်
"အရှင်အာနန္ဒာ" ဟာ -
"အရှင်မဟာမောဂ္ဂလာန်"အကူအညီနဲ့ "ဗုဒ္ဓဂယာ" က "ဗောဓိညောင် မျိုးစေ့"ကိုယူပြီး "ဇေတ၀န်ကျောင်း"နဲ့ မလှမ်းမကမ်းမှာ စိုက်ပါတယ်။
အဲ့ဒီ"ဗောဓိညောင်ပင်"ကို
"အာနန္ဒဗောဓိပင်"-လို့ အမည်တွင်စေခဲ့ပါတယ်။
"ပထမဆုံး စေတီတော်"ကတော့-
"ဘုရားရှင်"ကို "ပထမဆုံး ဖူးမြော်ကြည်ညိုခွင့်ရသူ "
"ဥက္ကလာပတိုင်းသား"ကုန်သည်ညီနောင်-
"တပုဿ " နှင့် "ဘလ္လိက"က-
"ဘုရားရှင်"ထံမှပင့်ဆောင်လာသော "ဆံတော်များ"ကို
"ဥက္ကလာကမင်းကြီး"ထံ ဆက်သရာမှ ဖြစ်ပေါ်လာသော -
လက်ရှိအားလုံး ဖူးမြော်နေရပါသော "နှစ်ပေါင်း (၂၆၀၀) ကျော် သက်တမ်းရှိ -"ရွှေတိဂုံ စေတီတော်မြတ်ကြီး"ပါပဲ။
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ။
No comments:
Post a Comment