စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, February 7, 2022

အသက်ရှည်ကြောင်းနည်းလမ်းကောင်း

❝အသက်ရှည်ကြောင်း နည်းလမ်းကောင်းများ❞
❋❋❋❋❋❋❋❋❋❋❋❋❋❋❋❋❋

မင်းတုန်းမင်းတရားကြီးလက်ထက် သက်တော် ကိုးဆယ်ကျော် ဆရာတော်ကြီး ( ၉ ) ပါး တို့၏ အာယုဒီဃ ဘေသဇ္ဇများ ..

.. ဖရုံ စကု၊ 
.. ယာဂု မင်းကြီး၊ 
.. မဲထီး သရဏာ၊ 
.. သာဖန် ကြဇု၊ 
.. မဓု သာစည်၊
.. ရွှေပြည် ဗောဇ္ဈင်၊
.. ပြုပြင် တုတ်လှမ်း၊ 
.. ယပ်တန်း ဒါန၊ 
.. အဒေါသ မေတ္တာ ဘုံကျော်မှာ၊
 များစွာ သက်ရှည်ကြောင်း ..

၁။ စကုဆရာတော်သည်
ကျောက်ဖရုံသီးဟင်းဆေးကို အမြဲ ဘုဉ်းပေးသည် ..

၂။ မင်းကြီးတိုက်ဆရာတော်သည်
ယာဂုကို အမြဲဘုဉ်းပေးသည် ..

၃။ မဲထီးဆရာတော်သည်
သရဏဂုံကို ပုတီး အမြဲစိပ်သည် ..

၄။ သာဖန်း (သဖန်း) ဆရာတော်သည်
ကြဇုဆေးကို အမြဲ ဘုဉ်းပေးသည် ..

၅။ သာစည်ဆရာတော်သည်
ပျားရည်ကို အမြဲ ဘုဉ်းပေးသည် ..

၆။ ရွှေပြည်ဆရာတော်သည်
ဗောဇ္ဈင်သုတ်ကို အမြဲရွတ်ဆိုသည် ..

၇။ တုတ်လှမ်း (ဒုတ်လှမ်း) ဆရာတော်သည်
အဆောက်အအုံ, လမ်း, တံတားတို့ကို ပြုပြင်သည် ..

၈။ ယပ်တန်းဆရာတော်သည်
ရသမျှ၀တ္ထုပစ္စည်းများကို အမြဲလှူဒါန်းသည် ..

၉။ ဘုံကျော်ဆရာတော်သည်
မေတ္တာပို့သ အမြဲပွါးများသည် ..

☸ မဟာသုတ ဒီပနီ ပထမတွဲ၊ နှာ .. ၆၆၀ မှ

မူရင်းတင်သူအားခရက်တစ်ပေးပါသည်။

No comments:

Post a Comment