#မြန်မာသာသနာဝင်တွင် ပိဋကတ်စာပေအထူးတတ်ကျွမ်း၍ သိက္ခာငယ်ငယ်ဖြင့် ဘဝနတ်ထံပျံလွန်တော်မူသော ဆရာတော်ကြီးများ
(၁)#တောင်တွင်းဆရာတော် ခင်ကြီးပျော်
သက်တော်(၃၉)နှစ် ဝါတော်(၁၉)ဝါ တွင် ပျံလွန်တော်မူသည်။ မကာရလောပ (မ တစ်လုံးကျေ) ဆရာတော်ဟု သာသနာတွင် ကျော်ကြားသည်။ မသိ၊မတတ်၊နားမလည် တာ မရှိဟု အဓိပ္ပါယ်ရသည်။ ဆရာတော်၏ #ပဋ္ဌာန်းအရကောက် မှာ ယနေ့တိုင် စာသင်သားများ လက်စွဲပြကြရသည်။
(၂)#ဆရာတော်ဦးဗုဓ်
ဗုဓ်စ,ဗုဓ်လယ်,ဗုဓ်ဆုံး ဟူ၍ ဗုဓ်သုံးဗုဓ် အနက် ဗုဓ်ဆုံးမှာ ဆရာတော်ဦးဗုဓ်ဖြစ်သည်။ မွေးဖွားစဥ်က လငပုပ်ဖမ်းချိန်ဖြစ်၍ မောင်ပုပ် ဟု ခေါ်တွင်ရာမှ သာသနာဘောင်ရောက်သောအခါ #ရှင်ဇမ္ဗုဓဇ ဘွဲ့မည်ရ၍ #ဦးဗုဓ် ဖြစ်လာသည်။ သက်တော်(၅၅)နှစ်၊သိက္ခာတော်(၃၄)ဝါအရတွင် ပျံလွန်တော်မူသည်။
(၃)#စစ်ကိုင်းတိပိဋကဆရာတော်
ဘွဲ့တံဆိပ်တော်(၄၇)ဘွဲ့ဖြင့် စံချိန်တင်ထားနိုင်ပြီး အမြင့်ဆုံးဘွဲ့ဖြစ်သော #တိပိဋကဓရတိပိဋကကောဝိဒ ဘွဲ့ကြီးကို ရယူထားနိုင်သည်။ သိက္ခာတော်(၅၄)နှစ် ဝါတော်
(၃၅)ဝါ တွင် ပျံလွန်တော်မူသည်။
#တစ်ဘဝစာလုံး ပိဋကတ်စာအုပ်ပုံတွေအကြား မြှုပ်နှံခဲ့သူကို ညွှန်ပြပါဆိုလျှင် #စစ်ကိုင်းတိပိဋက ဆရာတော်ကိုသာ ညွှန်ပြရပေတော့မည်။
No comments:
Post a Comment