စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, February 5, 2022

မိမိစိတ်ကိုထိန်းသိမ်းနည်း

⚜⚜⚜" မိမိစိတ်ကို ထိန်းသိမ်းနည်း "⚜⚜⚜
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
🔷️ လောကမှာ-
   လူတွေဟာ အချင်းချင်း ဆက်ဆံနေကြတဲ့ 
   အခါမှာ... 

- မဟုတ်မမှန်တာတွေ ပြောတာတွေ ၊
- ရိုင်းရိုင်းပျပျ ပြောတာတွေ ၊
- ကျိုးကြောင်း ဆီလျော်မှုမရှိဘဲ
    ပြောတာတွေ...
    ကြုံတွေ့နိုင်တယ်။

  ☸  အဲ့လိုစကားတွေ ကြားလာခဲ့ရင်-
        မြတ်စွာဘုရားက ကျင့်စဉ်လေး 
        ပေးထားတယ် ။

    "န စ ဝေ မေ စိတ္တံ ဝိပရိဏတံ ဘဝိဿတိ " 

-ငါ့စိတ်ကို အပြောင်းအလဲ မဖြစ်စေရဘူး လို့...
   အဲ့ဒီလို စိတ်မဆိုးနဲ့တဲ့။

-ပင်ကိုယ်စိတ်ကလေးကို ရုပ်ပျက်ဆင်းပျက်
  ဖြစ်မသွားစေနဲ့ ။

- ဒေါသစိတ် မဖြစ်ပေါ် စေနဲ့။
- စိတ်ဓါတ် မပြောင်းလဲသွားစေနဲ့တဲ့...။

-အပြောမခံရခင်က... စိတ်ကတစ်မျိုး၊
  အပြောခံရတဲ့အခါမှာ...စိတ်က တစ်မျိုး 
  အဲဒီလို မပြောင်းလဲသွားစေနဲ့ တဲ့ ။

-အပြောမခံလိုက်ရခင်က စိတ်မျိုးကို 
   ထိန်းထားပါတဲ့ ။

🔷️ မျက်နှာကြော တင်းသွားတာတို့ ၊
  ဒေါသနဲ့ ပြန်ပြောမိတာတို့ ဖြစ်တတ်ပါတယ် ။
  အဲဒီလို စိတ်ပြောင်းလဲမသွားအောင် ထိန်းပါ တဲ့ ။

☸ တရားကျင့်တယ် ဆိုတာလဲ ဒါပါပဲ ။

    တရားကျင့်တယ် ဆိုတာ-
    အများက...
      " တင်ပလ္လင်ခွေ ထိုင်ပြီး 
   မျက်စိကို စုံမှိတ်ထားတာ
   အဲဒီလိုမျိုး ထိုင်မှ... တရားကျင့်တယ်၊
   တရား အားထုတ်တယ် လို့ ထင်တယ် ။

      အဲဒီလိုကျင့်တာက-
      သမာဓိရအောင် ကျင့်တာ ခေါ်တယ် ။

☸ ကိုယ့်စိတ်ကလေးကို 
       ပြောင်းလဲသွားတာမျိုး မဖြစ်အောင် 
       ထိန်းနိုင်တာကိုလည်း တရားကျင့်တယ် လို့
       သတ်မှတ်နိုင်တယ် ။

      ဒါကြောင့် -
      စိတ်ဆုံးဖြတ်ချက် ချပြီးတော့
       စိတ်ကလေးကို ထိန်းသိမ်းမယ် လို့ 
      သန္နိဋ္ဌာန် ချထားလိုက်ပါ ။

☸ စိတ်ကလေးကို မထိန်းနိုင်လို့ 
     ပြောင်းသွားပြီ ဆိုရင်- 
     ထပ်ပြီး ကြိုးစားထိန်းလိုက်ရမှာက...

🔸️ မကောင်းတဲ့ စကားနဲ့... မတုန့်ပြန်နဲ့ ။
🔸️ ရိုင်းရိုင်းစိုင်းစိုင်း... မတုန့်ပြန်နဲ့ တဲ့ ။
🔸️ မကြားဝံ့ မနာသာ စကားမျိုးတွေ 
      မထွက်ပါစေနဲ့ တဲ့ ။

( ၁) စိတ်မဆိုးမိအောင် ထိန်းလိုက်ပါ ။

( ၂ ) တကယ်လို့ စိတ်မထိန်းနိုင်လို့ 
        ဒေါသ ဖြစ်မိရင်လည်း ~
        မကြားဝံ့   မနာသာ စကားတွေနဲ့တော့ 
       မတုန့် ပြန်လိုက် ပါနဲ့ -တဲ့ ။

   ️🔷️ လူက ကိုယ့်ကို လာပြီးဆဲရင်- 
     ပြန်ပြီး ဆဲတတ် ကြတယ်။
     ဒါကြောင့်-
     ယုတ်ယုတ်မာမာ စကားလုံးတွေနဲ့ 
     ပြန်မပြောပါနဲ့ လို့ ပြောတာ ။

     ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး ။
     အခုက မျိုသိပ်နိုင်တဲ့ အဆင့်ထိပဲ ပြောတာ။ 

🔷️ တချို့က ပြောတယ် ။ 
   မျိုသိပ်ရတာ များရင်... ပေါက်ကွဲကုန်မယ် တဲ့ ။ 

☸ တစ်နည်းအားဖြင့်-
     သည်းခံတယ်ဆိုတာ အတိုင်းအတာ ရှိတယ် ။
      ဒါကြောင့်...
      မပေါက်ကွဲအောင် ဘယ်လိုလုပ်ရမလဲ ??? ။

      ( ၃ )အဲဒီ စကား လာပြောတဲ့ပုဂ္ဂိုလ်ရဲ့
           ကောင်းကျိုးကို လိုလားတဲ့ စိတ်ကလေး
          မွေးလိုက်ပါ.. တဲ့ ။ 

           ဒေါသစိတ်နဲ့ မတုံ့ပြန်ဘဲ နေလိုက်ပါ ။  
           စိတ်ဓါတ်ကို ပြောင်းလိုက်တာနော် ။

     ( ၄ ) ဒီလို ပြောတဲ့ ပုဂ္ဂိုလ်ရဲ့ 
             အကျိုးကို   လိုလားတဲ့စိတ်နဲ့ 
            မေတ္တာ ပို့ပေးပါ ။

       ဒီလိုမှ မဟုတ်ရင်-ပေါက်ကွဲသွားနိုင်တာကိုး ။

☸ ဒါကြောင့်-
      မြတ်စွာဘုရားရှင်က 
     ကိုယ့်ကို ဒီလိုမျိုး ဆက်ဆံလာလို့ရှိရင်...

     🔸️ ပထမ - ပြောလာတဲ့သူကို 
         စိတ်မဆိုးမိအောင် စိတ်ကို ထိန်းလိုက်ပါ ။

    🔸️ ဒုတိယ - ကြမ်းတမ်းတဲ့ စကားတွေနဲ့ 
           မတုန့်ပြန်ပါနဲ့ ။

    🔸️ တတိယ - အကျိုးလိုလားတဲ့ စိတ်ကလေး
         မေတ္တာစိတ်ကို မွေးလိုက်ပါ... တဲ့ ။

    🔸️ ပိုပြီးခိုင်မာလာအောင်...
          အဲဒီပုဂ္ဂိုလ်ကို မေတ္တာ ပွားများ  
          ပေးလိုက်ပါ တဲ့ ။   

☸ နောက်တစ်ခုက -
     အဲဒီလူအပေါ် မေတ္တာစိတ်ကလေး 
     ထားရာကနေ... ပိုပြီး ကျယ်ပြန့်တဲ့ မေတ္တာနဲ့
     သတ္တဝါအားလုံးအပေါ်မှာ မေတ္တာ ဖြန့်ကျက်
     လိုက်ပါတဲ့ . . ။

      လွယ်လွယ်ကူကူတော့ ရမှာ မဟုတ်ပေမယ့်
       လေ့ကျင့်ယူကြရမယ် ။

🔷️ တချို့က ပြောတယ်။
   ကိုယ်နဲ့ မတန်တဲ့သူကို ဘယ်လိုမှ 
   မေတ္တာ ထားလို့ မရဘူး တဲ့။ 

   ဒါဟာ- 
    အမုန်းတရားကို အရှုံးပေးနေတာပါပဲ ။  
    အဲဒီလူမှာ... မေတ္တာဓာတ် အလွန်အားနည်း
    နေလို့ပဲ ။

☸ လူတွေရဲ့မွေးရာပါ သန္တာန်မှာ-
      အကောင်းနဲ့ အဆိုး ( ၂ )မျိုးပဲ ရှိတယ် ။ 

      သဘာဝ(၂) မျိုးမှာ-
      ဒေါသဆိုတဲ့ အဆိုးတရားက 
      လွှမ်းမိုးနေလို့...
      မေတ္တာဓါတ်တွေ အားနည်းနေတာ ဖြစ်တယ် ။

☸ ဒါဆို ဘယ်လိုလုပ်ရမလဲ ??? ။ 

      မေတ္တာဓါတ်တွေ ရလာအောင်
      တဖြည်းဖြည်း လေ့ကျင့်ယူရမှာပေါ့ ။
      မလေ့ကျင့်ဘဲ ဘာမှ မဖြစ်လာနိုင်ဘူး။

    🔹️ တောင်တက်သမားတွေ ဆိုရင်လည်း
           လေ့ကျင့် ရတယ်။       
    🔹️ ဘောလုံးသမား တွေဆိုရင်လည်း
            လေ့ကျင့်ရတာပါပဲ။      
    🔹️ ရေကူးသမား တွေလည်း 
            လေ့ကျင့်ရတာပဲ။         

    ♦️ လေ့ကျင့်ရင်~ စွမ်းရည် တက်လာတာပဲ။ 

 စိတ်ကိုလည်း...
လေ့ကျင့်ပေးရင်~စွမ်းရည်တက်လာမှာပါပဲ ။       
ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ 

⚜⚜⚜⚜⚜🙏🙏🙏⚜⚜⚜⚜⚜ 
Credit...

No comments:

Post a Comment