စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, February 5, 2022

အကျိုးပေးချိန်ရောက်သောအခါ

အကျိုးပေးချိန်ရောက်လာသောအခါ
🌼🌼🌼🌼🌼🌼🌼🌼🌼

မိမိတို့နေ့စဉ် အိမ်မှာ 
မဟာသမယသုတ်
ပူဇော်တာ ပဋ္ဌာန်းရွတ်တာ
 ဆွမ်းတော်တင် ပန်းရေချမ်း
သောက်တော်ရေကပ်လှူတဲ့ဝေယျာဝစ္စ
ကုသိုလ်တွေဟာ
နေ့ရက်ပေါင်းများစွာ ကြာလာတဲ့အခါ 
ကိုယ့်ရင်ထဲ ကုသိုလ်သတ္တိတွေ
အများကြီး ကိန်းနေပါပြီ။
ပဋ္ဌာန်းပစ္စည်းနဲ့ပြောရင်
အာသေဝနပစ္စယောပေါ့။
အဖန်တလဲလဲထုံခြင်းပေါ့။

တခါတလေကျရင်
တခြားသူတွေကျတော့အကျိုးပေးမြန်ပြီး
ငါကျတော့ ဒီလောက်လုပ်နေတာ ဘာဖြစ်လို့ 
အကျိုးမပေးသေးတာလဲလို့သံသယ
စိတ်တွေဝင်လာတတ်ပါတယ်။
အဲဒါဘာဖြစ်လို့လဲဆိုရင်အချိန်အခါ
မရောက်သေးလို့ပါ။တစ်ယောက်နဲ့တစ်ယောက်
အတိတ်ကလုပ်ခဲ့တဲ့ကံခြင်းကလည်း မတူကြဘူး။

အားလုံးလည်းကြားဖူးကြမှာပါ။
သူ့နာမည်က အရဟံ ဦးဆင်တဲ့။
ဆန်စက်ပိုင်ရှင် ဦးဆင်လို့လည်းခေါ်တယ်။
အရင်တုန်းက သူအတော်ဆင်းရဲတာ။

ငဆင်…..နင့် ခန္ဓာကိုယ်ထဲမှာ 
ခုမှ အရဟံ ဂုဏ်တော် ကိန်းတယ်ဟ။ 
နင် ထူးခြားတော့မယ်။ 
ဆက်ကြိုးစား ကြားလား?
အဘိဓဇ မဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ကြီး

ဦးဆင်က အတော်ဆင်းရဲတာ၊ဇာတိက
 မတ္တရာနယ်သား၊ကိုရင်လူထွက်ဆရာတော်ကြီး
တပည့်ပေါ့။။မစိုးရိမ်ကျောင်းတိုက်မှာ
ဆရာတော်ကြီးမွေးနေ့အလှူ လုပ်တော့ 
ဦးဆင်က ဆရာတော်ကြီးဝေယျာဝစ္စကအစ
ထင်းခွဲ ရေခပ် အကုန်လုပ်ပေးတာ။
တစ်နေ့တော့ ဆရာတော်ကြီးက ဦးဆင်ကို
ငဆင် မင်း မချမ်းသာချင်ဘူးလား။
တပည့်တော် မချမ်းသာချင်နေစားဝတ်နေရေး
ပြည့်စုံအောင် မစပေးပါဘုရားလို့လျှောက်တယ်။
အေး  ငါက မစလို့မရဘူး။မင်းကိုယ်တိုင်လုပ်ရမှာ
ရော့ဆိုပြီး ပုတီးတစ်ကုံးပေးကာ
အရဟံဂုဏ်တော်အကြောင်းသင်ပေးပြီး

မင်း အရဟံ ဂုဏ်တော်ကို 
ထုံနေအောင်ပုတီးစိပ်စမ်းကွာဆိုပြီးသင်ပေးတယ်။
အဲနေ့က စပြီး ဦးဆင်ဟာ ထမင်းစားလည်း
အရဟံ ရေသောက်လည်း အရဟံ 
ဘာလုပ်လုပ် သူ့ပါးစပ်ကရော စိတ်ကရော
အရဟံဂုဏ်တော်ပဲ ပွားများနေတာ။
အားလုံးလည်း ထမင်းချက်ရင်း အလုပ်လုပ်ရင်း
ပွားများလို့ ရအောင် မြန်မာလိုလေး ရေးပေးပါ့မယ်။

အရဟံ -ပူဇော်အထူးကိုခံယူတော်မူထိုက်သော
              မြတ်စွာဘုရား။
အရဟံ-ကိလေသာအပူငြိမ်းအေးတော်မူသော
             မြတ်စွာဘုရား။
အရဟံ =ဆိတ်ကွယ်ရာအရပ်၌ပင်မကောင်းမှု့ကို
              ပြုတော်မမူသောမြတ်စွာဘုရား။

အဲလိုပါးစပ်ကနေ စိတ်ထဲကနေရွတ်ဆိုပွားလိုက်ရင်မိမိတို့အလုပ်လုပ်ရင်းဂုဏ်တော်ပွားတဲ့
ကုသိုလ်ရသွားပါပြီ။

ဦးဆင်ဟာ အရဟံဂုဏ်တော်ပွားများလာလိုက်တာပထမတစ်နှစ်၊ဒုတိယတစ်နှစ်မထူးခြားသေးဘူး။ တတိယနှစ် သုံးနှစ်လောက်ကြာတော့ ဆရာတော်ကြီးဆီသွားကတော့ရင်း
ဆရာတော်ကြီးက ကျောကို ဖြန်းခနဲ
ရိုက်လိုက်တဲ့အခါ ဦးဆင်ပါးစပ်ကနေ
အရဟံ အရဟံဆိုပြီး ထွက်လာတာ။
ဆရာတော်ကြီးက
 
ငဆင်…..နင့် ခန္ဓာကိုယ်ထဲမှာ 
ခုမှ အရဟံ ဂုဏ်တော် ကိန်းတယ်ဟ။ 
နင် ထူးခြားတော့မယ်။ 
ဆက်ကြိုးစား ကြားလား?ဆိုပြီးမိန့်ပါတယ်။

အဲလိုနဲ့ဦးဆင်ဟာ အရဟံဂုဏ်တော်ပွားများရင်းနေလာလိုက်တာ တစ်နေ့တော့
သူစာရင်းငှားလုပ်တဲ့အိမ်က သူဋ္ဌေးကြီးက အိန္ဒိယဘက်က။အိန္ဒိယဘက်
ပြန်မှာဖြစ်လို့ ဆန်စက်ကိုစောင့်ရှောက်ပေးဖို့
ဦးဆင်လက်ထဲအပ်ထားခဲ့တာ။အိန္ဒိယသူဋ္ဌေးကြီးကသူနိုင်ငံရောက်လို့ကြာလာတော့ 
စာတစ်စောင်ပို့လိုက်တယ်။
သူမြန်မာပြည်ကိုပြန်မလာတော့ကြောင်းနဲ့
သူပိုင်တဲ့ဆန်စက်ဦးဆင်ကို အပြီးပေးလိုက်တယ် ဆိုတဲ့အကြောင်းစာတစ်စောင်ပို့ပေးလိုက်ပါတယ်။ အဲဒီကနေ ဦးဆင်ဟာ ဆန်စက်ပိုင်ရှင်
ဦးဆင်ဖြစ်လာသလို အရဟံဂုဏ်တော်ကို
အမြဲတမ်းပွားများလို့ အရဟံ ဦးဆင်လို့လည်း
လူသိများလာပါတယ်။

ဒါဟာဘာပြောတာလဲဆိုရင် ဂုဏ်တော်
တစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲလုပ်ပြီး ပွားများခဲ့တဲ့
အကျိုးကျေးဇူးတွေပါပဲ။

နောက်တစ်ဦးက အမေရိကန်နိုင်ငံ 
နယူးယောက်မြို့ကပိုင်းလော့ဆရာတော်
ဘုရားကြီးရဲ့တပည့်မလေးအကြောင်း။
သူကိုယ်တွေ့အပြည့်အစုံကို ပဋ္ဌာန်းမြန်မာပြန်နှင့်
ကိုယ်တွေ့အကျိုးကျေးဇူးများစာအုပ်မှာ
အပြည့်အစုံရေးပေးထားပါတယ်။
သူက တရုတ်ဗမာပေါ့။
အတော်ချမ်းသာတာ။
ဆရာတော်ကြီးကမေးလိုက်တယ်။
ချမ်းသာတဲ့သူတွေဆီမှာ အကြောင်းတစ်ခုတော့
ရှိရမယ် ဘာလုပ်လဲဆိုတော့ 

သမီးက ပဋ္ဌာန်းပစ္စယနိဒ္ဒေသကိုအမြဲရွတ်တာတဲ့။
၅ နှစ်သမီးအရွယ်တုန်းတည်းက အဖေက
ရွှေတိဂုံဘုရားအပြန် မုန့်တွေဝယ်ကျွေးပြီး
နှုတ်တိုက်သင်ပေးလို့ သူအလွတ်ရလာခဲ့တာ။
သတိရတိုင်းအမြဲရွတ်နေခဲ့တော့ အလွတ်ရတဲ့
အထိပါပဲ။၅ နှစ်သမီးအရွယ်တည်းက
စားလည်းပဋ္ဌာန်း အိပ်လည်းပဋ္ဌာန်းဆိုတော့
၃၈ နှစ်ရောက်လာပြီ။
သူရင်ထဲမှာပဋ္ဌာန်းကုသိုလ်တွေ
အများကြီးကိန်းပြီပေါ့။
အဲဒီလောက်ပဋ္ဌာန်းကုသိုလ်သတ္တိတွေ
အများကြီးကိန်းပြီဆိုမှတော့ချမ်းသာပြီပေါ့။
ဒါကြောင့် မိမိတို့လည်းကုသိုလ်တစ်ခုလုပ်တဲ့အခါ
ထုံနေအောင်လုပ်ထားဖို့ပါ။

သူ့မိဘက ကလေးရင်ထဲကို ငယ်ငယ်တည်းက
ပဋ္ဌာန်းကုသိုလ်သတ္တိတွေကိန်းလာအောင်
ရိုက်ထည့်ပေးခဲ့တာပါ။ဒါကြောင့် မိမိတို့လည်း
သားတွေ သမီးတွေကို သူတို့ရင်ထဲကုသိုလ်
သတ္တိတွေများများကိန်းလာအောင်
သင်ပေးထားဖို့လည်းလိုအပ်ပါတယ်။

နောက်ဆုံးဘာပြောချင်တာလဲဆိုရင်
မဟာသမယသုတ် သို့မဟုတ် ပဋ္ဌာန်း
ပူဇော်လာတဲ့မခါ ခုပူဇော်ခုချက်ချင်း
အကျိုးလိုချင်တယ်ဆိုရင်တော့မရပါဘူး။
အချိန်အတာတခုအထိစောင့်ရပါတယ်။
အကျိုးတရားဘက်ကို တအားအာရုံစိုက်နေမယ့်
အစား မိမိတို့လုပ်နေတဲ့ကုသိုလ်အကြောင်း
တရားကိုသာ ကောင်းသထက်ကောင်းအောင်
 တစ်ခုခုကိုနေ့စဉ်စွဲစွဲမြဲမြဲလုပ်ပါလို့တိုက်
တွန်းချင်ပါတယ်။အရဟံဂုဏ်တော်
ပွားပြီဆိုရင်လည်းမြန်မာလိုအဓိပ္ပါယ်လေးကိုပါ
တွဲပွားလိုက်ရင် အင်မတန်
အကျိုးကျေးဇူးများပါတယ်။

မိသားစုအားလုံး
  အေးချမ်းသာယာရှိကြပါစေ...

✍𓂸✍𓂸✍𓂸✍𓂸
မူရင်းတင်သူအားလေးစားစွာ 𝐂𝐫𝐞𝐝𝐢𝐭 ပေးပါသည်"

No comments:

Post a Comment