ဆရာတော်အဂ္ဂဝံသ၏ *အသုဘ သံဝေဂ အလင်္ကာ * ကြည်ညိုလွန်းလို့ရေးသားဖေါ်ပြပါသည်။
အနိစ္စာမေ ပဉ္စက္ခန္ဓာ ၊ အနိစ္စာယ မရိဿန္တိ။
ဒုက္ခမေ ပဉ္စက္ခန္ဓာ ၊ ဒုက္ခာယံ မရိဿန္တိ။
အနတ်တာ မေ ပဉ်စက်ခန်ဓာ ၊ အနတ်တာယ မရိဿန်တိ။
မရဏန္တံ ဂမိတွာန ၊ ဣမိ ကာယံ ခိပိဿန္တိ။
မေ ၊ ငါ၏။
ပဉ္စက္ခန္ဓာ ၊ ခန္ဓာ ငါးပါးရုပ်နာမ် တရားတို့သည်။
အနိစ္စာ ၊ အမြဲ မရှိကြလေကုန် တကား။
အနိစ္စာယ ၊ အမြဲမရှိခြင်းကြောင့်
ဒုက္ခာ ၊ ဆင်းရဲကြလေ ကုန်၏။
ဒုက္ခာယ ၊ ဆင်းရဲခြင်းကြောင့်
အနတ္တာ ၊ အစိုးမရ ကြလေကုန်၏။
အနတ္တာယ ၊ အစိုးမရ ခြင်းကြောင့်
မရိဿန္တိ ၊ သေကြရလေ ကုန်လတံ။
မရဏန္တံ ၊ သေခြင်း၏ အဆုံးသို့။
ဂမိတွာန ၊ လာရောက်ကြရ ကုန်ပြီး၍။
ဣမံ ကာယံ ၊ ဤခန္တာကိုယ်ရုပ် အကောင်ပုပ်ကို။
သုသာနေ ၊ လူသေမြွုပ်နှံတဲ့ မြေသုသာန်၌။
ခိပိဿန္တိ ၊ စွန့်ပစ်ကြရ ကုန်လတံ။
ဣတိ ၊ ဤသို့
တုမ္မေ ၊ ဈာပန အခမ်းအနားသို့ လိုက်ပါပို့ဆောင်ကြ ကုန်သော သင်သူတော်ကောင်းတို့သည်။
သံဝေဂဘာဝနံစ ၊ သံဝေဂ ဘာဝနာကိုလည်ကောင်း။
အသုဘ ဘာဝနံစ ၊ အသုဘ ဘာဝနာကို လည်ကောင်း။
မရဏာ ဿတိဉ္စ ၊ မရဏာနု သတိဘဝနာကို လည်ကောင်း။
ဘာဝေ ဘာဝေ ယျထ ၊ ပို့ဆောင်ရင်း ပွားများ ကြကုန်ရာ၏။
ငါ၏ ခန္ဓာ အနိစ္စ မြဲတာ မရှိပါ
မမြဲလှစွာ ငါခန္ဓာ သေမှာ နောက်ဆုံးပါ။
ငါ၏ ခန္ဓာ ဒုက္ခပါ ချမ်းသာ မရှိပါ
ချမ်းသာကင်းကွာ ငါ့ခန္ဓာ သေမှာ နောက်ဆုံပါ။
ငါ၏ ခန်ဓာ အနတ်တာ အစိုးမရပါ
အစိုးမရတာ ငါခန္ဓာ သေမှာနောက်ဆုံးပါ။
*****သေပြီးနောက်ဝယ် သုဿန်မယ် စွန့်ပယ်ခံရမှာပါ တကား*****
No comments:
Post a Comment