🌷🌿🌷အမြတ်ဆုံးအလှူ 🌷🌿🌷
းး မျိုးကောင်းကိုရှာ
းး မြေကောင်းမှာစိုက်
းး သုံးဖြာမိုးကောင်း
းး ဥာဏ်ဆင့်လောင်း၍
အကြောင်းအင်္ဂါ စုံညီညာမှ
ထိုဒါန လှူက အမြတ်ဆုံး။
၁။ မျိုးကောင်းကိုရှာ
************************
မိမိရဲ့လှူဖွယ်ဝထ္ထုက တရားသဖြင့် ရထားတဲ့ ဝထ္ထုပစ္စည်းတွေဖြစ်ရမယ်။ တနည်းအားဖြင့် ကံ ဥာဏ် ဝိရိယ တရားသုံးပါး အရင်းထားပြီး ဖြစ်ပွားလာတဲ့
ဝထ္ထုပစ္စည်းတွေ ဖြစ်ရမယ်။
၂။ မြေကောင်းမှာစိုက်
**************************
သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံတဲ့ အလှူခံပုဂ္ဂိုလ်ဖြစ်ရပါမယ်။
၃။ သုံးဖြာမိုးကောင်း
**************************
မိုး ၃ မျိုး ကောင်းရပါမယ်။
းး မိုးဦး (မလှူခင်မှာ လှူရတော့မယ်လို့ တွေးပျော်နေတတ်တဲ့ ပုဗ္ဗ စေတနာ)
းး မိုးလယ် (လှူဆဲအချိန်မှာလဲ ပျော်ရွှင်နေတဲ့ မုန္စ စေတနာ)
းး မိုးနှောင်း (လှူပြီးတော့လဲ ပြန်တွေးကာ တွေးကာနဲ့ ပီတိတွေဖြစ်နေတဲ့ ပရ စေတနာ)
အဲ့ဒီလို စေတနာ ၃ တန်နဲ့ လှူဒါန်းရပါမယ်။
၄။ ဥာဏ်ဆင့်လောင်း၍
*****************************
ခုလှူနေတာက 'ငါ'လှူတာမဟုတ် စေတနာက လှူတာ
ဒါလေးကို သိလိုက်တာနဲ့ သက္ကာယဒိဋ္ဌိ ပြုတ်သွားပြီ။
နောက်တစ်ခါ လှူတဲ့ 'စေတနာ'လေးကို နောက်က ဥာဏ်နဲ့ဆင်ခြင်လိုက်တော့ လှူဆဲအခိုက်အတန့်မှာပဲ ဖြစ်ပြီး ပျက်သွားတာ တွေ့ရတယ်။
ဆက်ပြီး ဆင်ခြင်ကြည့်ဦးမယ်။
းး လှူဆဲအခိုက်အတန့်မှာပဲ ဖြစ်ပြီးပျက်သွားတော့ ဒါက ဒုက္ခသစ္စာ။
းး ဒုက္ခသစ္စာရယ်လို့ သိလိုက်တဲ့ဥာဏ်က မဂ္ဂသစ္စာ။
းး ဒီလိုနဲ့ ကိလေသာတွေ သေသွားတာက သမုဒ္ဒယသစ္စာ။
းး အဲ့ဒီသမုဒယသစ္စာတွေ ချုပ်လို့ နောင်ခန္ဓာ မလာတော့တာက နိဂြောဓသစ္စာ။
ဒီတော့
သစ္စာလေးချက်ဆိုက်ပြီပေါ့
ဒါ သစ္စာသိပြီး လှူတာပါတဲ့။
ဒီအလှူဟာ အမြတ်ဆုံးအလှူပါ။
No comments:
Post a Comment