သံသရာကို မကြောက်ရင်တော့
ကံကြမ္မာကို ဖောက်ပြန်ကြရုံပေါ့ ။
သူအသက်ကို သတ်ရင်
ကိုယ့်အသက်လည်း မရှည်ပါဘူး ။
သူ့ဥစ္စာကို ခိုးယူထားရင်
ကိုယ့်ဥစ္စာလည်း လုံး၀ မတိုးပွားဘူး ။
သူ့သားမယား စော်ကားရင်
ကိုယ့်မှာလည်း မတော်မတရားဖြစ်မယ် ။
ကိုယ်မဟုတ်တာ လိမ်ပြောမိရင်
မှန်တဲ့သူတွေနဲ့လည်း မတွေ့ရတတ်ဘူး ။
မေ့လျော့စွာ သေရည်သောက်ရင်
ဖြစ်လေရာ ဉာဏ်မရှိပဲ အရှူးဖြစ်မယ် ။
ပစ္စု ပ္ပန်အကြောင်း ကောင်းပါမှ
အနာဂတ် အကျိုးကောင်းကြမှာပါ ။
ဘယ်သူမှ မသိဘူး မထင်ပါနဲ့
ကံ၀ဋ်ကြွေးတွေက သိနေကြပါတယ် ။
အပြင်မှာ လာဘ်ထိုးလို့ ရပေမယ့်
ကံကြွေးဆိုရင် ငရဲမှာ လာဘ်ထိုးမရပါဘူး ။
စားရလှတစ်၀မ်း ၀တျရလှတဈနေ့
နေရလှတစ်သက်လောက်ပါ
ဘာမှ မက်လောက်စရာ မရှိကြပါဘူး ။
သံသရာမှာ အကုသိုလ်ကံသတ္တိတွေဟာ
ကမ္ဘာနဲ့ချီပြီးတော့ ခံကြရတာပါ ။
နေရသမျှ အခိုက်တန့်လေးမှာ
တစ်ခဏ ချမ်းသာဖို့ အရေးအတွက်
သံသရာရဲ့ဒုက္ခများစွာနဲ့ မလဲမိအောင်
အထူးဂရုစိုက်ပြီး နေထိုင်ဖို့လိုပါတယ် ။
credit...သာရ ဂ ဝေ သီ
🙏🙏🙏
No comments:
Post a Comment