" ဝေလာမသုတ် အနှစ်ချုပ် "
- ဝေလာမသုတ်တွင် ဘုရားအလောင်းတော် ဝေလာမ ပုဏ္ဏားသည်
- ရွှေအပြည့်နှင့် ရွှေခွက်ပေါင်း ရှစ်သောင်းလေးထောင်၊
- ငွေအပြည့်နှင့် ငွေခွက်ပေါင်း ရှစ်သောင်းလေးထောင်၊
- ရတနာခုနှစ်ပါး အပြည့်နှင့် ကြေးခွက်ပေါင်း ရှစ်သောင်းလေးထောင်၊
- တန်ဆာ အပြည့်အစုံ ဆင်ပြီးသား ဆင်၊ မြင်း၊ ရထား၊
- နွားမ၊ သတို့သမီး၊ ပလ္လင်ပေါင်း ရှစ်သောင်းလေးထောင်စီ၊
- ဆယ်ထည်တစ်စုံ ပြုထားသော ပုဆိုးပေါင်း ရှစ်သောင်းလေးထောင်နှင့် တကွ
- ထမင်းရည်ချောင်းစီး မဟာဒါန အလှူတော်ကြီးကို ခုနစ်နှစ်နှင့် ခုနစ်လတိုင်တိုင် ပေးဝေလှူဖူးသည်။
(၁) ထို ဝေလာမပုဏ္ဏား ပေးလှူသော အလှူကြီးထက် တစ်ယောက်သော သောတာပန်အား တစ်ကြိမ်မျှ ဆွမ်းလှူရခြင်းက အကျိုးကြီး၏။
(၂) တစ်ရာသော သောတာပန် ပုဂ္ဂိုလ်များအား ဝေလာမပုဏ္ဏားကဲ့သို့ လှူဒါန်းရခြင်းထက် သကဒါဂါမ် တစ်ယောက်အား ဆွမ်းတစ်ကြိမ် လှူဒါန်းရခြင်းက မြတ်၏။
(၃) တစ်ရာသော သကဒါဂါမ် ပုဂ္ဂိုလ်များအား ဝေလာမပုဏ္ဏားကဲ့သို့ လှူဒါန်းရခြင်းထက် အနာဂါမ် တစ်ဦးအား ဆွမ်းတစ်ကြိမ် လှူဒါန်းရခြင်းက မြတ်၏။
(၄) အနာဂါမ် တစ်ရာအား ဝေလာမပုဏ္ဏားကဲ့သို့ လှူဒါန်းရခြင်းထက် ရဟန္တာ တစ်ပါးအား ဆွမ်းတစ်ကြိမ် လှူဒါန်းရခြင်းက မြတ်၏။
(၅) ရဟန္တာ တစ်ရာအား ဝေလာမပုဏ္ဏားကဲ့သို့ လှူဒါန်းရခြင်းထက် ပစ္စေကဗုဒ္ဓါ တစ်ပါးအား ဆွမ်း တစ်ကြိမ်လှူဒါန်းရခြင်းက မြတ်၏။
(၆) ပစ္စေကဗုဒ္ဓါ တစ်ရာအား ဝေလာမပုဏ္ဏားကဲ့သို့ လှူဒါန်းရခြင်းထက် သဗ္ဗညုမြတ်စွာဘုရားအား ဆွမ်းတစ်ကြိမ် လှူဒါန်းရခြင်းက မြတ်၏။
(၇) မြတ်စွာဘုရား တစ်ပါးတည်းအား လှူဒါန်းရခြင်ထက် ဘုရားအမှုးရှိသော သံဃာတော်များအား တစ်ကြိမ် လှူဒါန်းရခြင်းက မြတ်၏။
(၈) ဘုရားအမှူးရှိသော သံဃာတော်များအား လှူဒါန်းရသော အကျိုးထက် စတုဒိသာသံဃာကို ရည်၍ ကျောင်းဆောက် လှူဒါန်းရခြင်း အကျိုးက ကြီးမြတ်၏။
(၉) စတုဒိသာသံဃာကိုကျောင်း လှူဒါန်းခြင်းထက် တစ်ကြိမ်မျှ သရဏဂုံကို ဆောက်တည်ရခြင်းက အကျိုး ကြီးမြတ်၏။
(၁၀) သရဏဂုံ ဆောက်တည်ရသော အကျိုးထက် သရဏဂုံ နှင့် သီလဆောက်တည်ရခြင်းက အကျိုး ကြီးမြတ်၏။
(၁၁) ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလထက် သီလနှင့်တကွ မေတ္တာစိတ်ကို တစ်ခဏမျှ ပွားများရခြင်းက အကျိုး ကြီးမြတ်၏။
(၁၂) သီလနှင့်တကွ မေတ္တာစိတ်ကို ပွားရသော ကုသိုလ်ထက် လက်ဗျစ် တစ်တွတ် လျှပ်တပြတ်မျှ ကာလဖြင့် အနိစ္စသညာ၊ ဒုက္ခသညာ၊ အနတ္တသညာ ဝိပဿနာ တရားကို ပွားများ အားထုတ်ရခြင်းက လွန်ကဲ ထူးမြတ်သောကြောင့် ဤရွေ့ ဤမျှဟု မပြနိုင်သော အကျိုးရှိကြောင်း ဟောတော်မူ၏။
ထိုကြောင့်
- သာသနာတွင်း၌ လူဖြစ်ရသော အခွင့်အရေးချင်း အတူတူ ဖြစ်ပါလျှက်
- အောက်တန်းစားနင်းပြား ကျောမွဲဘဝနှင့် နေ့မအား ညမအား လုပ်ကိုင်ရှာဖွေ စားသောက် နေထိုင် ရသောကြောင့် လည်းကောင်း၊
- ကျန်းမာရေး စီးပွားရေး လူမှုရေး စသည့် အကြောင်း အမျိုးမျိုး တို့ကြောင့်သော်လည်းကောင်း၊
- ဒါန သီလ သမထ တို့ကို ပြုလုပ်ချင်လျှက်နှင့် မပြုလုပ်နိုင် စေကာမူ
- လိုရင်းဖြစ်သော ဝိပဿနာပညာကို ရလျှင်
- လူဘဝ သာသနာ အတွင်း၌ လူဖြစ်ရကျိုး နပ်ရုံမျှမက
- အပါယ်သို့ မလွဲတမ်း ကျကြရပါမည် ဖြစ်သော
- အန္ဓ၊ ဗာလ၊ ဥမ္မတ္တက ဖြစ်နေကြသေးသည့်
- လူ နတ် ဗြဟ္မာ စကြာမန္ဓတ်၊ ရှင်ဘုရင်၊
- သူဋ္ဌေးကြီး၊ သူကြွယ်ကြီး တို့ထက် သာလွန် မြင့်မြတ်ကြ ရပြီ ဖြစ်ကြောင်းကို
- ကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်တိုင် သိမြင်ကြစေခြင်း အကျိုးငှါ ဓမ္မဒါန ပြုအပ်ပါသည်။
- ကျမ်းကိုး၊
No comments:
Post a Comment