စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, February 8, 2022

လှူခါနီးထားရမည့်စိတ်ထား..

လှူ ခါနီးထားရမည့်  စိတ်
-----------------
မြတ်စွာဘုရားရှင်က နူနာရောဂါ 
ခံစားနေရတဲ့ ယောဟိနီမင်းသမီးလေးရဲ့ 
ကျောင်းဆောင်လှူ  ဒါန်းပွဲမှာ ~

ချစ်သမီး ~
သင်ပြုခဲ့တဲ့ မာန , သင်ပြုခဲ့တဲ့ 
ဒေါသ အခြေခံပြီးတော့ 
လုပ်ခဲ့တဲ့ကံကြောင့် 
သင်ပြန်ခံရတဲ့ ဝိဘတ်ကြီးက ( ရောဂါကြီး )က  ကြောက်စရာ ။

ဒါကြောင့် ယနေ့ပြုလုပ်တဲ့
 ကုသိုလ်ပွဲမှာအဲဒီ ကံတရားတွေ
ကို သင်ဖြတ်နိုင်အောင်လို့
အပြစ်ကင်းတဲ့ ကုသိုလ်ကို ရအောင် 
ချစ်သမီး တဲ့  သင်လှူ တဲ့  
ကုသိုလ်ကောင်းမှုမှာ

#ဒေါသ ပယ်ပြီး လှူ  ပါ   …… တဲ့ 
လှူ ဒါန်းတဲ့နေရာ , ကောင်းမှု
ကုသိုလ် လုပ်တဲ့နေရာမှာ 
စိတ်တိုင်းမကျတာ  များတယ် 
အဲဒီလို များတဲ့နေရာမှာ  
ဒေါသလေး ပါလာပြီဆိုရင်
အဲဒီ ကုသိုလ် ညစ်နွမ်းသွားပြီ နော် 

အဲ ဒီလို ဆိုရင် ~
ကုသိုလ် ကတော့ အကျိုးပေး
တယ် , လူ့ဘဝကို ။
ဒေါသဖြစ်ပြီ ဆို 

ဘုရားရှင်ကိုယ်တော်မြတ်
ကွီးကို  မလ်လိကာမိဖုရား
မေးဖူးတယ်
တချို့အမျိုးသမီးတွေဟာ 
အင်မတန် အရုပ်ဆိုးတယ်
အကျည်းတန်တယ် ပုံပန်း
မက်ဘူးဘုရား အဲဒါ
ဘာကြောင့်လဲ  လို့ မေးတဲ့အခါ ~
မြတ်စွာဘုရားရှင်က ~
ချစ်သမီး  ဒေါသတရား 
ရှိခဲ့တဲ့အတွက်ကြောင့်မို့ 
ရုပ်ဆိုးတယ်, ပုံပန်းမကျဘူး 
, သရဲသဘက်လို အကျည်းတန်
တယ်  တဲ့ ။

ဒါကြောင့် ဒေါသမပါအောင် 
လှူ  ရမယ် ။
ကိုယ်ပြောဆိုထားတဲ့အတိုင်း 
လုပ်မထားဘူးဆိုရင်
အမြင်မတော် တချက်ကြည့်
လိုက်တာနဲ့ ဒေါသဖြစ်တယ်။
ကိုယ် လှူ တဲ့ အခိုက်အတန့်
လေးမှာ ဒေါသ မပါအောင်
သတိထား ပါ  တဲ့ ။
------------------------

တခါထပ်ပြီး မြတ်စွာဘုရားရှင်က ~
ချစ်သမီး ရေ  သင်လှူ  တဲ့ 
ကုသိုလ်ကောင်းမှုမှာ  
#မာန မပါစေနဲ့    တဲ့ ။

တစ်ကြိမ်မှာလည်း  ဘုရားရှင်
ရဲ့ သာသနာမှာ ထိပ်ဆုံးကို
ရောက်ခဲ့တယ် , ဘိက္ခု နီမလေး
ပိဋိကတ်သုံးပုံကို  အာဂုံဆောင်နိုင်ပေမယ့်
အဟောကောင်း အပြော 
ကောင်း သီလတရားတွေ
ပြည့် စုံပေမယ့် 
ငါသာ တော်တယ် , ငါသာ တတ်တယ် , ငါသာ သိတယ်
ငါသာ ဟောနိုင်တယ် ဆိုတဲ့ မာန
ဒီ မာနတရားက  ဝိပဿ   
ီ မြတ်စွာဘုရား လက်ထက်ကနေ
ကဿ     ပ မြတ်စွာဘုရား 
လက်ထက်တိုင်အောင်
တောက်လျှောက် ဆက်လာခဲ့တဲ့ 
အကုသိုလ်
ဂေါတမမြတ်စွာဘုရား လက်ထက်ကျ 
မာန ဆိုတဲ့ ပြုခဲ့တဲ့ အကုသိုလ်
က "ကျွန်မဘဝ" ကို
အကျိုး ပေးခဲ့ရတယ် ။

ဒါကြောင့်မို့  ချစ်သမီး
မာန မပါစေနဲ့ , မာန ပယ်ပြီး လှူ  ပါ 

လှူ  တဲ့နေရာ တစ်ယောက်နဲ့
တစ်ယောက် ပြိုင်လှူ ရင်
မာန ,  ငါ ကမှ လှူ  နိုင်တယ် 
ငါ့လောက် မလှူ နိုင်ဘူး
ဆိုပြီး ယှဉ်နေရင်  မာန 
အဲဒီ မာနတရားလေး ပါနေပြီဆိုရင် 
နိမ့်ကျတဲ့ ဘဝ ရောက်မှာပဲ 
သိမ်ငယ်ရတဲ့ ဘဝ , လူရာ 
မဝင်တဲ့ ဘဝ , အနင်းခံရတဲ့
ဘဝ ရောက်မှာပဲ ။

ဒါကြောင့် အလှူ  ကောင်းမှုပွဲမှာ 
စင်ကြယ်တဲ့အလှူ  ကို
ရစေချင်ရင် မာန မပါစေနဲ့  တဲ့ ။
-------------------------------

#သံယောဇဉ် ကြိုးတွေကို 
ဖြတ်ပြီး လှူ  ပါ

လှူ နေဆဲ အချိန်လေး ~
ဒေါသ , မာန မပါတဲ့ တရားကို
တော့ ပယ်နိုင်ပါပြီ
ဒါပေမယ့် သံယောဇဉ် အနှောင်အဖွဲ့ကို 
မဖြတ်နိုင်ဘူး ဆိုရင်  အဲဒီ ပုဂ္ဂိုလ်  
သံသရာ ပြန်လည်မယ် ။
ကိုယ်က မိသားစုပေါ်မှာ ပြန်
တွယ်ပြီးတော့
ဒီဘဝတော့ ဒီမိသားစုနဲ့ 
လက်တွဲချင်သေးတယ်
ဆိုတဲ့ ဒီနှောင်ဖွဲ့တဲ့  သံယောဇဉ်ကို 
ပြန်ပြီးတော့မှ မဖြတ်နိုင်ရင် 
သံသရာ မလည်ဘူးလား ?
သံသရာလည်မယ် ဆိုရင် 
ဘဝ ခန္ဓာ အို နာ သေ တွေ ရမှာစိုးလို

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ~
"ချစ်သမီး သင် ရတဲ့ဘဝ
ဟောဒီလို နိမ့်ကျတဲ့ ဘဝလည်း  
ခန္ဓာ ရ ရင် ကြုံမှာပဲ
မြင့်မြတ်တဲ့ ဘဝလည်း  ခန္ဓာ 
ရ ရင် ကြုံမှာပဲ
ဒီ ခန္ဓာ ဒုက္ခတွေက သိပ်ကြီးလွန်းတော့ 
သင်ချစ်သမီး  လှူ  ဒါန်းတဲ့ ကောင်းမှုပွဲမှာ
သံယောဇဉ်ကြိုးတွေကိုလည်း
 ဖြတ်ပြီး လှူ  ပါ တဲ့ 

သံယောဇဉ် ဖြတ် ဆိုတာ 
ဘာနဲ့ဘာကို သိခိုင်းတာလဲ ?
ရုပ် နဲ့ နာမ်ကို သိခိုင်းတာ နော် ။

ဒီလို တရားလေး ဟောလိုက်တဲ့အခါ
ယောဟိနီလေး သောတာပန် 
တည်သွားတယ် 
သူ့ရဲ့ နူနာရောဂါတွေလည်း 
အရှင်းပျောက်ပြီး
အသား ရေလေးတွေ 
ဝင်းကြည်လှပသွားတယ်
ကုသိုလ်ရဲ့ အကျိုး နော် ။

ဒါကြောင့်မို့လို့  ငါတို့လှူ  တဲ့  အလှူ  ပွဲမှာ
သောတာပန် ဖြစ်လောက်
အောင် စွမ်းအား မရှိခဲ့လည်း
ဝိပဿ     နာဉာဏ် , ရုပ်နာမ်လေး 
သိလိုက်ရင်
အဖိုးတန်ပါတယ် ။

မြို့ဟောင်းမြီအသျှင်ပြန်လေမျှဝေသည်။

No comments:

Post a Comment