သာတာပန်ဖြစ်ပြီဟု
ယူဆယုံကြည်ခဲ့ပါလျှင်
ယောဂါ၀စရပုဂ္ဂိုလ်တစ်ဦးသည်
မိမိကိုယ်ကို မိမိ သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ်
သို့ ဆိုက်ရောက်ပြီဟု သို့မဟုတ် သောတာပန်ဖြစ်ပြီ
ဟု ယူဆယုံကြည်ခဲ့ပါလျှင်
မိမိကိုယ်ကို မိမိ အထက်ပါ မှတ်ကျောက်တွင်
တင်ကြည့်ပါ့့့့
၁။ ငါသည် ဒုက္ခသစ္စာအမည်ရသည့် အတိတ်
အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တဗဟိဒ္ဓစသည့်
(၁၁)မျိုးသော အခြင်းအရာအားဖြင့်
တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်နာမ်
ပရမတ် ဒုက္ခသစ္စာတရားတို့ကို
သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက်
ထွင်းဖောက်သိမြင်ပြီးပြီလား?
အချိန်မရွေး ပြန်ရှုလို့ ရပြီလား?
၂။ အတိတ်အကြောင်းသမုဒယသစ္စာကြောင့်
ပစ္စုပ္ပန်အကျိုး ဒုက္ခသစ္စာဖြစ်ပုံ?
ပစ္စုပ္ပန်အကြောင်းသမုဒယသစ္စာကြောင့်
အနာဂတ်အကျိုးဒုက္ခသစ္စာ ဖြစ်ပုံဟူသည့်
ကြောင်းကျိုးဆက်နွှယ်မှု = ပဋိစ္စသမုပ္ပါဒ်
သဘောတရားတည်းဟူသော သမုဒယ
သစ္စာတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်
ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်
သိမြင်ပြီးပြီလား?
အချိန်မရွေး ပြန်ရှုလို့ ရပြီလား?
၃။ အကြောင်းသမုဒယသစ္စာတရားများ
အကြွင်းအကျန်မရှိ ကုန်စင်အောင်
ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးဒုက္ခသစ္စာတရား
တို့ အကြွင်းအကျန်မရှိ ကုန်စင်အောင်
ချုပ်ငြိမ်းသွားခြင်း နိရောဓ သစ္စာတရားကို
လည်းကောင်း,
အသင်္ခတဓာတ် အငြိမ်းဓာတ်
နိဗ္ဗာန်တည်းဟူသော လောကုတ္တရာနိရောဓ
သစ္စာတရားကိုလည်းကောင်း
သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက်
ထွင်းဖောက်သိမြင်ပြီးပြီလား?
အချိန်မရွေး ပြန်ရှုလို့ ရပြီလား?
၄။ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့်
လောကီမဂ္ဂင် တရားကိုယ်(၈)ပါး,
လောကုတ္တရာမဂ္ဂင် တရားကိုယ် (၈)ပါးတို့ကို
သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက်
ထွင်းဖောက် သိမြင်ပြီးပီလား?
အချိန်မရွေး ပြန်ရှုလို့ ရပြီလား?
ဤမေးခွန်းတို့ကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။
မသိသေးပါ, ရှုလို့မရပါဟု အဖြေထွက်ခဲ့လျှင်ကား
မိမိကိုယ်ကို မိမိ နားလည်သင့်ပေပြီ။
သို့သော်သံသရာခရီး အဆုံးဖြစ်သည့်
ပန်းတိုင်သို့ ရောက်ရှိသွားတော်မူကြသည့်
အရိယာ သူတော်ကောင်းတို့သည်ကား
ယင်းမေးခွန်းအရပ်ရပ်တို့ကို ကောင်းစွာ ဖြေဆိုနိုင်
ကြသူများ ဖြစ်ကြပေသည်။
ဖားအောက်တောရဆရာတော်ကြီး
(သတ္တသညာသုတ္တန်)
Credit: Dhamma Rakhkita Bhikku
ဦးဓမ္မသာရ(ဆေးသဲ့တောင်)
No comments:
Post a Comment