စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, February 7, 2022

အသျှင်အဘိဇာတာလင်္ကာရာဘိဝံသ

သာသနာတော်အတွက်အလွန်ဝမ်းနည်းဖွယ်

                 ဆုံးရှုံးမှုဖြစ်၍

    သတိ  သံဝေဂဉာဏ်ဖြစ်ပွားရပါတယ်။

ထိုင်းနိုင်ငံ၌ဆေးကုသမှုခံယူနေသည့် စစ်ကိုင်းတိပိဋကဆရာတော်ကြီး ယနေ့ပျံလွန်တော်မူ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ Bumrungrad ဆေးရုံကြီး၌ ရိုးတွင်းချဥ်ဆီအစားထိုးလဲလှယ်ကုသရန်နှင့်သွေးဖြူဥရောဂါတို့အတွက် ဆေးကုသမှုခံယူနေရသည့် စစ်ကိုင်းတိပိဋကဆရာတော် ဘဒ္ဒန္တအဘိဇာတာလင်္ကာရာဘိဝံသသည် ယင်းဆေးရုံတွင် ယနေ့ညနေ ၅ နာရီ ၅၀ မိနစ်က ပျံလွန်တော်မူသွားခဲ့သည်ဟု မုံရွာမြို့ သဒ္ဒမ္မဇောတိကသုဗောဓာရုံကျောင်းတိုက်မှတိုက်အုပ်ဆရာတော်ထံမှသိရသည်။

စစ်ကိုင်းတိပိဋကဆရာတော်ကြီးသည် ထိုင်းနိုင် ငံ၊ဘန်ကောက်မြို့ Bumrungrad ဆေးရုံကြီး၌  ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၁၈ ရက်နေ့မှစတင်တက်ရောက်၍ ဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။

ဆရာတော်ကြီး၏ ရိုးတွင်းချဥ်ဆီလဲလှယ်မှုပြု လုပ်ရန် ဆရာတော်ကြီး၏ ညီမအရင်းဖြစ်သူ မသိန်းသိန်းဆွေအား ဆေးစစ်ချက်အရ ကိုက်ညီမှုရှိသဖြင့် ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်တိုင် မသိန်းသိန်းဆွေ၏ လည်ပင်းသွေးကြောမှတဆင့်တစ်နေ့လျင် ၄ နာရီနှုန်းဖြင့် ချဥ်ဆီထုတ်ယူခဲ့သည်။

ရိုးတွင်းချဥ်ဆီလဲလှယ်ကုသရန် ဆရာတော်ကြီး ၏ကျန်းမာရေးအခြေအနေအရ အားအင်ပြန် လည်ပြည့်ဝလာမည့် အချိန်အားစောင့်ဆိုင်းနေစဥ် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

"ဆရာတော်ကြီးပျံလွန်တော်မူသွားပါပြီ မနက်ဖြန်နေ့လည် ၃ နာရီမှာ ဆရာတော်ကြီးစျာပနအတွက် အစည်းအဝေးကို မုံရွာကကျောင်းတိုက်မှာလုပ်ပါ့မယ် အသေးစိတ်အစီစဥ်တွေကတော့မနက်ဖြန်အစည်းအဝေးဆုံးဖြတ်ချက်ရမှပြောလို့ရပါမယ်"ဟုမုံရွာမြို့၊သဒ္ဒမ္မဇောတိကသုဗောဓာရုံကျောင်းတိုက်၏ တိုက်အုပ်ဆရာတော်မှမိန့်ကြားသည်။

စစ်ကိုင်းတိပိဋကဆရာတော်ကြီးသည် ဝါတော် ၃၄ ဝါရှိပြီဖြစ်ကာ မုံရွာမြို့၊နန္ဒဝံရပ်၊သဒ္ဒမ္မဇောတိကသုဗောဓာရုံကျောင်းတိုက်နာယကနှင့်ရန်ကုန်မြို့၊သဒ္ဒမ္မမာနိတာရုံကျောင်းတိုက်၏ ပဓာနနာယကဆရာတော်ဖြစ်သည်။

ဆရာ​တော့်ရုပ်ကလာပ်အား ပြန်လည်ပင့်​ဆောင်ဖို့စီစဥ်​နေကြပြီဖြစ်​ကြောင်းလည်းသိရသည်။ တိပိဋက ဆရာ​တော်ကြီး(ကမ္ဘာ​အေး မဟာဂန္ဓာရုံ) ​ဒေါက်တာသုမင်္ဂလ သည်လည်းယခုလို ရိုးတွင်းချဥ်ဆီ ​ရောဂါဖြင့် ပျံ​တောိမူခဲ့သည့် တိုက်ဆိုင်မူရှိသည်။

၄၇ ဘွဲ့ရ ၊ ၁၂ ပါးမြောက် တိပိဋက ဆရာတော် အသျှင်အဘိဇာတာ ဘိဝံသ

ဓမ္မာစရိယ (၁၀)ဘွဲ့၊

ပါဠိပါရဂူ (၃)ဘွဲ့၊ ဝိဒူ(၅)ဘွဲ့၊

မဟာဝိဒူ(၅)ဘွဲ့နှင့် အခြားအစိုးရ တိပိဋကဆိုင်ရာ ဘွဲ့များ အပါအဝင် ဘွဲ့တံဆိပ်ပေါင်း (၄၇)ဘွဲ့ရ

မုံရွာမြို့ သဒ္ဓမ္မဇောတက သုဗောဓါရုံကျောင်းတိုက်၊
ဒွါဒသမ တိပိဋက ဓရ ဓမ္မဘဏ္ဍာဂါရိက

အသျှင်အဘိဇာတာဘိဝံသ
 စစ်ကိုင်းဆရာတော်

*************************************

ဆရာတော်၏ ထေရုပတ္တိ အကျဉ်း

*************************************

မုံရွာမြို့ သဒ္ဓမ္မဇောတက သုဗောဓါရုံကျောင်းတိုက်၊
ဒွါဒသမ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋက ဓရ ဓမ္မဘဏ္ဍာဂါရိက
ဆရာတော် အသျှင်အဘိဇာတာ လင်္ကာရာ ဘိဝံသ

~~~~~~
အတ်ထုပ်ပတ်တိကထာ
~~~~~~

~~~~~~
ဝိဇာတမင်္ဂလာ
~~~~~~

ဘဒ္ဒန္တအဘိဇာတာဘိဝံသသည် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင် ခမည်းတော်ဦးတင်ရနှင့် မယ်တော် ဒေါ်ညွန့်ခင်တို့မှ ၁၃၃၀-ပြည့်နှစ် သီတင်းကျွတ်လဆန်း (၈)ရက်၊ (၂၉-၉-၁၉၆၈)ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့ခြင်းဖြစ်ခဲ့သော သားရတနာ ဖြစ်သည်။ မွေးချင်း (၇)ဦး အနက် တတိယသားရတနာ ဖြစ်သည်။ ဆရာတော် သည် (၂၉၊ ၁ဝ၊ ၁၉၇၉)ရက်တွင် မိဘနှစ်ပါး၏ ပစ္စယာ နုဂ္ဂဟဖြင့် ဆင်နင်းကျေးရွာ၊ ဇမ္ဗူမင်္ဂလာရွှေရပ်သာကျောင်း ဆရာတော်က ဦးပဇ္ဈာယ်ပြု၍ ရှင်သမဏေ အဖြစ်သို့ ရောက်ရှိခဲ့သည်။

(၁) ဘဒ္ဒန္တမာနိတာလင်္ကာရာဘိဝံသ (ဓမ္မမာနိတာရုံဆရာတော်၊ စက်မှု-၂၊ မန္တလေး)
(၂) (မောင်ချစ်အောင်) (ငယ်စဉ်က ဆုံးပါး)
(၃) တိပိဋိကဓရဆရာတော်
(၄) ကိုအောင်သောင်း
(၅) ဘဒ္ဒန္တဝိဇယာလင်္ကာရာဘိဝံသ (Delhi University, New Delhi, India)
(၆) မသိန်းသိန်းဆယ်
(၇) မသိန်းသိန်းဆွေ ဟု မွေးချင်း ခုနှစ်ယောက် ရှိရာ တတိယမြောက် သားသရတနာ ဖြစ်သည်။

~~~~~~
ပဗ္ဗဇ္ဇမင်္ဂလာ
~~~~~~

၁၃၄၁-ခုနှစ်၊ နတ်တော်လဆန်း (၁၁)ရက် (၂၉-၁၀-၁၉၇၉) ကြာသာပတေးနေ့တွင် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ဆင်နှင်းကျေးရွာ ဇမ္ဗူ့မင်္ဂလာ ရွှေရပ်သာကျောင်းဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။

~~~~~~
သိပ္ပမင်္ဂလာ
~~~~~~

၁၃၄၁-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၁)ရက်၊ (၁၄-၁၂-၁၉၇၉) ရက်နေ့မှာပင် ဦးလေးတော်၊ နောင်တော်များရှိရာ စစ်ကိုင်းမြို့၊ မဟာ သုဗောဓာရုံ ကျောင်းတိုက်သို့ ပညာရင်နို့ သောက်စို့ရန် ရောက်ရှိခဲ့သည်။ ရှင်သာမဏေဘဝတွင် ဦးလေးတော်၊ နောင်တော်တို့၏ အနီးကပ် ကြပ်မတ်ပဲ့ပြင်မှုဖြင့် ပညာင်ကြားခဲ့ရာ 'သာသနာလင်္ကာရ သာမဏေကျော်' ဘွဲ့နှင့် 'သာသန ဓဇဓမ္မာစရိယ' ဘွဲ့တော်တို့ကို ရှင်သာမဏေ ဘဝမှာပင် ရရှိခဲ့သည်။

~~~~~~
ဥပသမ္ပဒမင်္ဂလာ
~~~~~~

၁၃၄၉-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁)ရက်၊ ( ၄- ၁-၁၉၈၈ )ရက် တနလာၤနေ့တွင် ဝက်လက်မြို့၊ ကြံ့ခိုင်ရပ်၊ ဦးသန်းထွန်း +ဒေါ်ဟန်ညွန့်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ဝက်လက်မြို့၊ သီရိရပ်၊ ဓမ္မာရုံကျောင်း၊ သာသနဝိလာသိနီသိမ်တော်တွင် မြင့်မြတ်သော ရဟန်းအဖြစ် ရောက်ရှိခဲ့သည်။ ဥပဇ္ဈာယ်ဆရာတော်မှာ နောင်တွင် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက (တွဲဖက်ရွှေကျင်သာသနာပိုင်) ဖြစ်လာမည့် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက် ပဓာနာယက ဆရာတော် ဖြစ်သည်။
နောင်တွင် ကုသိုလ်ရှင် များစွာတို့က သိက္ခာထပ်မင်္ဂလာ ပြုလုပ်ခဲ့ကြသည်။

~~~~~~
ဝိဇယမင်္ဂလာ
~~~~~~

ဆရာတော်သည် တစ်ဖက်တွင်ကျောင်းတိုက် အတွက် စာပေပို့ချမှု၊ အုပ်ချုပ်မှုတာဝန်များကို အထက် မထေရ်ကြီးများ၏ ညွှန်ကြားချက်အတိုင်း ထမ်းဆောင်ရင်း တစ်ဖက်ကလည်း မိမိအတွက် အထက်တန်းပိဋကစာပေများကို လေ့လာဆည်းပူးကာ မြန်မာပြည်အရပ်ရပ်ရှိ စာပြန်ပွဲ၊ စာမေးပွဲများ၌ တတ်စွမ်းသမျှ ဝင်ရောက်ပြန်ဆို ဖြေဆိုခဲ့ရာ ယခု(၁၃၇၁)ခုနှစ် အထိ စာပြန်ပွဲ၊ စာမေးပွဲပေါင်း (၅ဝ)ကျော် (၆ဝ)ခန့်ကို ပြန်ဖြေဆို အောင်မြင်ခဲ့သည်။
ဓမ္မာစရိယ (၁၀)ဘွဲ့၊ ပါဠိပါရဂူ(၃)ဘွဲ့၊ ဝိဒူ(၅)ဘွဲ့၊ မဟာဝိဒူ(၅)ဘွဲ့နှင့် အခြားအစိုးရ တိပိဋကဆိုင်ရာ ဘွဲ့များ အပါအဝင် ဘွဲ့တံဆိပ်ပေါင်း (၄၇)ဘွဲ့ကို ဆွတ်ခူး ရရှိခဲ့သည်။

(နှစ်စဉ်အလိုက် ရရှိခဲ့သော ဘွဲ့တံဆိပ်များကို သီးသန့် ဖော်ပြထားသည်။)

~~~~~~
စာပေကျေးဇူးရှင်များ
~~~~~~

ဘဒ္ဒန္တအဘိဇာတာဘိဝံသ၏ စာပေကျေးဇူးရှင်များမှာ-
(၁)ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာ၊ ဇမ္ဗူမင်္ဂလာရွှေရပ်သာ ကျောင်းဆရာတော်၊ (၂)စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်၊ အာရာမသမုဋ္ဌာပက ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင် နိကာယ ဥပက္ကဋ္ဌ မဟာနာယက (တွဲဖက်ရွှေကျင်သာသနာပိုင်) ဆရာတော်၊
(၃)စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်(ဒုတိယ) ပဓာနနာယက၊ ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်ပါမောက္ခချုပ် ၊အဘိဓမ္မာမဟာသိပ္ပံပါမောက္ခချုပ်၊ စစ်ကိုင်းမြို့၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသ၊
(၄)မတ္တရာမြို့၊ သာသနဇောတာရုံ ကျောင်းတိုက် နာယကဆရာတော်၊
(၅) သုဗောဓက ဂဏဝါစကများ ဖြစ်ကြသော အရှင်အဓိဝါသ၊ အရှင်ဓိနောရသ၊ အရှင်ပိဏ္ဍောလာဘိဝံသ၊
(၆) ဦးလေး တော်နောင်ချိုမြို့၊ ကတီပင်ကျောင်း ဆရာတော် ဘဒ္ဒန္တ ဥတ္တမ၊
(၇)နောင်တော်-မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၂)၊ ဓမ္မမာနိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာနိတာဘိဝံသ၊
(၈)နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်တို့ ဖြစ်သည်။

ဆရာတော်၏ ထူးခြားချက်တစ်ခုမှာ နောင်တော် ဘဒ္ဒန္တမာနိတာဘိဝံသနှင့် ညီတော် ဘဒ္ဒန္တဝိဇယာလင်္ကာရာဘိဝံသ ( သစသအ ) ဓမ္မာစရိယတို့နှင့် အတူ ညီအစ်ကို (၃)ဦးစလုံး သာသနာလင်္ကာရ ဘွဲ့ကို သာမဏေဘဝတွင် ရရှိခဲ့သူဖြစ်သည်။

~~~~~~
သာသနာ့တာဝန်ထမ်းဆောင်ခြင်း
~~~~~~

ဘဒ္ဒန္တအဘိဇာတာဘိဝံသသည် ရဟန်းဖြစ်သည့်နှစ်မှ စ၍ယနေ့တိုင်အောင် နှစ်ရှည်လများ သောတုဇနတို့အား စာဝါများပို့ချခဲ့သည်။ ကျေးဇူးရှင် (ပထမ) ပဓာန နာယက ဆရာတော် ဘုရားကြီး ၏ ၁၃၆၀-ပြည့်နှစ် (၁၉၉၈-ခုနှစ်)တွင် "တွဲဖက် ဒုတိယတိုက်ကြပ်" အဖြစ်လည်းကောင်း၊ ၁၃၆၉နှစ် (၂၀၀၇-ခုနှစ်)တွင် "ဒုတိယတိုက်ကြပ်" အဖြစ်လည်းကောင်း၊ တာဝန်ပေးအပ် ချီးမြှောက်မှုကို ခံယူခဲ့ရသည်။

ထို့အပြင် ဆရာတော် ဘုရားကြီး ၏ အမိန့်အရ သောတုဇနငယ်များ လေ့လာရန်...

၁၊ သုဗောဓက အင်္ဂုတ္တရနီတိ (ပထမအဆင့်)
၂၊ သုဗောဓက ဓမ္မပဒနီတိ (ပထမအဆင့်)
၃၊ သုဗောဓက သင်္ဂဟသရုပ်ဆိုရိုး (မူလပထမအဆင့်)
၄၊ သုဗောဓက သင်္ဂဟသရုပ်ဆိုရိုး (မူလဒုတိယအဆင့်)
၅၊ သုဗောဓက သင်္ဂဟသရုပ်ဆိုရိုး (မူလတတိယအဆင့်)
ကျမ်းစာငယ်တို့ကို ပြန်လည်စုစည်း ဖေါ်ထုတ်ရေးသားခဲ့ကာ ဓမ္မဒါနပြုခဲ့သည်

ဆရာတော်၏ စာရေးဆရာ ကလောင်အမည်များမှာ မေ့သားလှ(အောင်မြေ)နှင့် ဓမ္မာစရိယဓမ္မအောင်စည်တို့ ဖြင့်လည်း သာသနာပြု ကဗျာ ဆောင်းပါးများ ရေးသားလျက်ရှိသည်။

၁၃၇၀-ပြည့်နှစ်၊ တပို့တွဲလပြည့် (ပါတိမောက်အခါတော်နေ့) (၉-၂-၂၀၀၉) တွင် နောင်တော်, ညီတော်များ နှင့်အတူ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၂)၊ ၆၃x၆၄ လမ်းကြား၌ "ဓမ္မဓာနိတာရုံစာသင်တိုက်" ကို တည်ထောင်ဖွင့် လှစ်ခဲ့သည်။ ၁၃၇၅-ခု၊ နယုန်လတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း ရှမ်းတဲကြီး ရပ်ကွက်၌ "သဒ္ဓမ္မနိတာရုံ ကျာင်းတိုက်" ကိုတည်ထောင်ဖွင့်လှစ်ခဲ့သည်။

ယခုအခါ ဘဒ္ဓန္တအဘိဇာတာဘိဝံသည် မုံရွာမြို့၊ သဒ္ဓမ္မဇောတကသု ဗောဓာရုံ ကျောင်းတိုက် နာယကဆရာတော်
အဖြစ်ဖြင့် စာပေများပို့ချရင် တရားဓမ္မဟောကြားရင်း သီတင်းသုံး လျက်ရှိပါသည်။

~~~~~~
နှစ် အလိုက်ရရှိခဲ့သော ဘွဲ့တံဆိပ်များ
~~~~~~

၁၊ မန္တလေး ပရိယတ္တိသာသန ဟိတ သာသနာလင်္ကာရ သာမေဏေကျော်။ (၁၃၄၈-ခု)
၂၊ အစိုးရ သာသနဓဇဓမ်မာစရိယ။ (၁၃၄၈-ခု)
၃၊ အစိုးရ သာသနဓဇသိရီပဝရ ဓမ္မာစရိယ (အင်္ဂုတ္တိုရ်မြန်မာဂုဏ်ထူး) (၁၃၅၀-ပြည့်)
၄၊ ကျောင်းတိုက် သုဗောဓက ဓမ္မာစရိယ။ (၁၃၅၂-ခု)
၅၊ အစိုးရ သာသနဓဇဓမ္မာစရိယ ဝိနိယပါဠိပါရဂူ။ (၁၃၅၂-ခု)
၆၊ မြင်းခြံ ပရိယတ္တိသဒ္ဓမ္မပါလ ဓမ္မာစရိယ။ (၁၃၅၄-ခု)
၇၊ ရန်ကုန် စေတိယဂင်္ပရိယတ္တိဓမ္မာစရိယ ဂဏဝါစက (၁၃၅၄-ခု)
၈၊ အစိုးရ သာသနဓဇဓမ္မာစရိယ ဒီဃနိကာယပါဠိပါရဂူ (၁၃၅၄-ခု)
၉၊ မန္တလေး ပရိယတ္တိသာသနဟိတဓမ္မာစရိယ (၁၃၅၆-ခု)
၁၀၊ မော်လမြိုင် သုသမာစာရဓမ္မာစရိယ ပိဋိကတ္တယ အဂ္ဂဝိသိဠ ကောဝိဒ။ (၁၃၅၇)
၁၁။ အစိုးရ ဥဘတောဝိဘင်္ဂဓရ။ (၁၃၅၇-ခု)
၁၂။ အစိုးရ ဥဘတောဝိဘင်္ဂကောဝိဒ။ (၁၃၅၈-ခု)
၁၃။ ရန်ကုန်-နိကာယုဇ္ဇောတက ဓမ္မဝိသာရဒ ဝိနယဓရ (နှစ်ချင်း) (မစိုးရိမ်ဆရာတော်ကြီးဆု)။ (၁၃၅၉-ခု)
၁၄။ အစိုးရ ဝိနယဓရ။ (၁၃၅၉-ခု)
၁၅။ အစိုးရ ဝိနယကောဝိဒ။ (၁၃၅၉-ခု) (အာဂုံရေးဖြေ ပူးတွဲအောင်မြင်သည်)။
၁၆။ ရန်ကုန်-နိကာယုဇ္ဇောတက ဓမ္မဝိသာရဒဒီဃဘာဏက။ (နှစ်ချင်း) (ရေစကြိုဆရာတော်ကြီးဆု) (၁၃၆၀-ခု)
၁၇။ အစိုးရ ဝိသိဋ္ဌဝိနယဝိဒူ။ (တစ်နိုင်ငံလုံးပထမ) (၁၃၆၀-ပြည့်နှစ်)
၁၈။ အစိုးရ ဒီဃဘာဏက။ (၁၃၆၀-ပြည့်နှစ်)
၁၉။ ရန်ကုန် နိကာယုဇ္ဇောတက ဒီဃနိကာယ အဂ္ဂမဟာဓမ္မာစရိယ။ (မစိုးရိမ်ဆရာတော်ကြီးဆု) (၁၃၆၁-ခု)
၂၀။ အစိုးရ ဒီဃနိကာယဝိဒူ။ (၁၃၆၁-ခု)
၂၁။ အစိုးရ ဒီဃနိကာယကောဝိဒ။ (၁၃၆၁-ခု)
၂၂။ ရန်ကုန် နိကာယုဇ္ဇောတက အတ္ထဝိသာရဒမူလအာဘိဓမ္မိက။ (နှစ်ချင်း) (ရန်ကုန်တိပိဋကဓရဆရာတော်ကြီးဆု) (၁၃၆၂-ခု)
၂၃။ အစိုးရ သာသနဓဇဓမ်မာစရိယ အဘိဓမ်မပါဠိပါရဂူ။ (၁၃၆၂-ခု)
၂၄။ အစိုးရ မူလအာဘိဓမမြိက။ (၁၃၆၂-ခု)
၂၅။ အစိုးရ ဝိသိဋ္ဌအဘိဓမ္မဝိဒူ-၁။ (တစ်နိုင်ငံလုံးပထမ) (၁၃၆၃-ခု)
၂၆။ အစိုးရ ဝိနယမဟာဝိဒူ။ (၁၃၆၄-ခု)
၂၇။ ရန်ကုန် နိကာယုဇ္ဇောတက အာဘိဓမ္မိက မူလဘာဂဓမ္မာစရိယ။ (၁၃၆၅-ခု)
၂၈။ အစိုးရ ဝိသိဋ္ဌအဘိဓမ္မမဟာဝိဒူ-၁။ (တစ်နိုင်ငံလုံးတစ်ပါးသာ) (၁၃၆၅-ခု)
၂၉။ အစိုးရ မူလအာဘိဓမ္မိကကောဝိဒ။ (၁၃၆၅-ခု)
၃၀။ မိုးကုတ် နိကာယဝုဍ္ဎိသမိတိအာဘိဓမ္မိကကောဝိဒ။ (၁၃၆၆-ခု)
၃၁။ ရန်ကုန် နိကာယုဇ္ဇောတက မဇ္ဈိမဘာဂအာဘိဓမ္မိက။ (နှစ်ချင်း) (ပဉ္စနိကာယ သာသနာ့ဗိမာန်ဆရာတော်ကြီးဆု) (၁၃၆၆-ခု)
၃၂။ အစိုးရ အဘိဓမ္မဝိဒူ-၂။ (တစ်နိုင်ငံလုံးတစ်ပါးသာ) (၁၃၆၆-ခု)
၃၃။ မန်တလေး ပရိယတ်တိသာသနဟိတအာဘိဓမ်မိက။ (၁၃၆၆-ခု)
၃၄။ အစိုးရ ဝိသိဋ္ဌအဘိဓမ္မမဟာဝိဒူ-၂။ (တစ်နိုင်ငံလုံးတစ်ပါးသာ) (၁၃၆၇-ခု)
၃၅။ ရန်ကုန် နိကာယုဇ္ဇောတက အတ္ထဝိသာရဒ ဥပရိဘာဂ အာဘိဓမ္မိက။ (နှစ်ချင်း) (မစိုးရိမ်ဆရာတော်ကြီးဆု) (၁၃၆၇-ခု)
၃၆။ ရန်ကုန် နိကာယုဇ္ဇောတက အာဘိဓမ္မိကတိပိဋကဓရ။ (၁၃၆၇-ခု)
၃၇။ အစိုးရ အင်္ဂုတ္တရနိကာယဝိဒူ။ (၁၃၆၈-ခု)
၃၈။ အစိုးရ အာဘိဓမမြိက။ (၁၃၆၈-ခု)
၃၉။ အစိုးရ တိပိဋကဓရ။ (၁၃၆၈-ခု)
၄၀။ အစိုးရ အင်္ဂုတ္တရနိကာယမဟာဝိဒူ။ (တစ်နိုင်ငံလုံးတစ်ပါးသာ) (၁၃၇၁-ခု)
၄၁။ ရန်ကုန် နိကာယုဇ္ဇောတက အာဘိဓမ္မိက မဇ္ဈိမဘာဂဓမ္မာစရိယ။ (၁၃၇၁-ခု)
၄၂။ အစိုးရ အဘိဓမ္မကောဝိဒ။ (၁၃၇၁-ခု)
၄၃။ အစိုးရ တိပိဋကကောဝိဒ။ (၁၃၇၁-ခု)
၄၄။ အစိုးရ ဒီဃနိကာယမဟာဝိဒူ။ (၁၃၇၂-ခု)
၄၅။ ရန်ကုန် နိကာယုဇ္ဇောတက အာဘိဓမ္မိက ဥပရိဘာဂဓမ္မာစရိယ။ (၁၃၇၄-ခု)
၄၆။ အစိုးရ မဇ္ဈိမနိကာယဝိဒူ။ (၁၃၇၇-ခု)
၄၇။ အစိုးရ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက။ (၁၃၇၇-ခု)

~~~~~~~~
အသျှင်အဘိဇာတာလင်္ကာရာဘိဝံသ ၏ လင်္ကာ
~~~~~~~~

"စာပေ ဖတ်ကြ မှတ်ကြစို့"
 

* သုတ, ပညာ၊ ကင်းတုံပါမူ။
ရေးရာ မသိ ငုံးတိတိနှင့်၊
နှား၏အလား၊ ပုံမခွားဟု၊
ဘုရား ဘဂဝန်၊ ဟောမိန်ညွန်၏။

* သိဉာဏ်ဝေဝါး၊ ယောင်မှားမှားမို့၊
အများတကာ၊ ဟားစရာနှင့်
လိမ်ညာသမျှ၊ ခံရချေ၏။

* သုတ, ပညာ၊ ပြည့်တုံပါမှ၊
ရေးရာ ပိုင်းဖြတ်၊ တွေးခေါ်တတ်၍၊
တည့်မတ်ကျန၊ အခြေလှလျက်၊
ဘဝတတ်လမ်း၊ ဖြူးဖြောင့်တန်း၏။

* ရည်မှန်းချက်များ၊ ကြီးကြီးထား၍၊
ကြိုးစားမသွေ၊ တို့တတွေ၊
စာပေ ဖတ်ကြ မှတ်ကြစို့။ ။

ဒွါဒသမ တိပိဋိကဓရ ဓမ္မဘဏ္ဍာဂါရိက
အသျှင်အဘိဇာတာ လင်္ကာရာ ဘိဝံသ

~~~

Credit..

No comments:

Post a Comment