စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, February 8, 2022

ရွှေဥမင်ဆရာတော်ဘုရားကြီး၏ဝိပဿနာရှုနည်း

"ရွှေဥမင်ဆရာတော်၏ဝိပဿနာ ရှုနည်း'' 
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
သတိကလေး ထားနေရုံပဲ။ 
စိတ်ကို အတင်းထိန်းလည်း မထားနဲ့၊
တောင့်လည်း မထားနဲ့၊ 
ချုပ်မထားနဲ့၊ 
အလိုက်သင့် 
အလျားသင့် ကလေးနေပြီး
ဖြစ်တာကို
ဖြစ်တဲ့အတိုင်း 
သိနေရုံပဲ။ 

သူ့သဘာဝအတိုင်း
ဖြစ်နေတာကို 
သတိကလေး 
ထားနေရုံပဲ၊
ပေါ်အောင်လည်း မလုပ်နဲ့၊
ပျောက်အောင်လည်း မလုပ်နဲ့။

သူ့ ဘသာဝ ဖြစ်တိုင်း ဖြစ်တိုင်း
ဖြစ်တာလေးကို
ဖြစ်တဲ့ အတိုင်းသိနေပါ။ 
ချုပ်မရှူ့နဲ့၊ 
လုပ်မရှူ့နဲ့ 
သူ့ သဘာဝအတိုင်း
ဖြစ်တာကို 
သိနေဖို့ပဲ။ 

သတိရှိနေဖို့ပဲ။ 
ကိုယ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း၊ 
စိတ်မှာ ဖြစ်တိုင်းဖြစ်တိုင်း
ကိုယ်ရော
စိတ်ရော 
သိမှ။

အဲ့လို သိနေဖို့က 
သွားတိုင်းလာတိုင်း၊ 
စားတိုင်း၊
သောက်တိုင်း ၊
မြင်တိုင်း၊ 
သတိရှိနေရမယ်။

ရှေ့ သတိနဲ့ နောက်သတိ၊
ရှေ့သမာဓိနဲ့ နောက်သမာဓိ၊
ရှေ့အသိနဲ့ နောက်အသိ၊ 
အမြဲ ဆက်စပ်နေရမယ်။

သိက္ခာသုံးပါး ဖြည့်ကျင့်ခြင်း
ဘာပဲဖြစ်ဖြစ်
ကောင်းကောင်းဆိုးဆိုး သတိထား၊ 

ကိုယ်မှာ ဖြစ်တိုင်းဖြစ်တိုင်း၊
စိတ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း 
သတိထား။

အစမှာတော့
နှာသီးဖျားမှာ
သတိထား 
ထွက်တိုင်းသိ 
၀င်တိုင်းသိ။ 

တိုးပြီး၀င်သွားတာ သိနေ၊
တိုးပြီး ထွက်နေတဲ့ 
ထိမှုကလေးကို 
သိသိနေဖို့ပါပဲ။ 

အမှန်သိမှု 
ဉာဏ်ကုသိုလ်တွေ ဖြစ်သွားမယ်။
ဖြစ်တာကို ဖြစ်တဲ့အတိုင်း 
သိနေတာဟာ ဝိပဿနာပဲ။

ဖြစ်အောင်လဲ မလုပ်ရ၊ 
ပျက်အောင်လည်း မလုပ်ရဘူး။ 
အဲ့လို ဖြစ်တိုင်း ဖြစ်တိုင်း 
သိရုံမျှ သိပေးနေရုံပဲ။

အဲ့လို သိနေတဲ့အတွက် (ဣနြ္ဒိယသံ၀ရသီလစတဲ့) 
သီလ သိက္ခာတွေလည်း 
လုံခြုံပြီးနေတယ်။ 

သတိရှိနေတဲ့အတွက် 
သမာဓိ သိက္ခာလည်း
ညီညွတ် မျှတနေတယ်။
သတိရှိနေတဲ့ အတွက် (ပညာသိက္ခာ) 
သိစရာတွေကို အမှန်တိုင်း 
ပိုင်းခြားပြီး သိနေတယ်။ 

သတိထားလိုက်တိုင်း 
သိက္ခာသုံးပါး
ဖြည့်ကျင့်ပြီးသား
ဖြစ်သွားတယ်။ 

သိက္ခာသုံးပါးရှိတဲ့ ပုဂ္ဂိုလ်ဟာ
လူ၊ နတ်၊ ဦးခိုက်ပူဇော်ထိုက်တဲ့ 
အဆင့်မြင့်ပုဂ္ဂိုလ် ဖြစ်သွားတယ်။

စိတ်ပျံ့လွင့်သော်
စိတ်ပျံ့လွင့်တာကို 
အတင်းထိန်းမထားပါနဲ့၊
ပျံ့လွင့်ရင်
ပျံ့လွင့်မှန်း သိဖို့ပဲ။ 

စိတ်မငြိမ်တာကို
မငြိမ်မှန်သိဖို့၊ 
စိတ်ပြေးရင် ပြေးမှန်း၊
တွေးရင်တွေးမှန်း၊
စိတ်ကူးရင် စိတ်ကူးမှန်း၊
ကြံရင် ကြံမှန်း 
သိနေရုံပဲ။

သိရင်တော်ပြီ၊ 
တည်ငြိမ်လို့ ကောင်းလို့ 
သဘောကျနေရင်လည်း 
မဟုတ်သေးဘူး။ 

တည်တာကို
ကောင်းတယ်ထင်ပြီးတော့လဲ 
မစွဲရဘူး။

ပျံ့လွင့်တာကို
မကာင်းဘူးထင်ပြီးတော့လည်း
စိတ်မပျက်ရဘူး။

သိနေဖို့ပဲ။
ကောင်းကောင်း 
မကောင်းကောင်း 
တည်တာကိုလည်း သိ၊ 
မတည်တာကိုလည်း သိရမယ်။

တရားအားထုတ်တယ်ဆိုတာ 
စိတ်ကလေးကို 
ပဝါဖြူလေးလို
ဖြူစင်သန့်ရှင်းအောင် 
လုပ်နေတာပါ။ 

စိတ်ကို ကိလေသာတွေနဲ့ 
မပေါင်းမိအောင်၊ 
စိတ်ကို ပူလောင်စေတတ်၊
ညစ်နွမ်းစေတတ်၊ 
နှိပ်စက်ညှဉ်းပန်းတတ်တဲ့
လောဘ၊ ဒေါသ၊ မောဟ 
ကိလေသာတွေနဲ့ 
မပေါင်းမိအောင် 
စင်ကြယ်သန့်ရှင်းတဲ့ 
စိတ်ကလေး အမြဲဖြစ်နေအောင်
သတိကလေးထားပြီး အမြဲနေရမှာ။

(ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး)အပ္ပမာဒ တရားဆိုတာ မမေ့ မလျော့ ၊ မပေါ့ မဆ သတိရှိခြင်း၊သတိပဌာန်တရား ပွားများနေခြင်းပဲ..။

မြတ်စွာဘုရားရှင်ဟာ.. အပ္ပမာဒ တရားလက် ကိုင်ထားဘို့အကြိမ်ပေါင်း ၁၉၇၀ကျော်ဟောကြားသွားခဲ့တယ်..။
ပရိနိဗ္ဗာန် စံဝင်လုဆဲဆဲ အချိန် အထိ…
အပ္ပမာ ဒေန သမ္ပာ ဒေထ..မမေ့ မလျော့ ကြနဲ့လို့…နောက် ဆုံးစကားမှာ ကြားသွားပြီးမှ…ပရိနိဗ္ဗာန် ပြုခဲ့တာ..။နောက်တော့ ဘာစကားမှ မပြောတော့ဘူး။ဒါကိုထောက်ရင် ဘယ် လောက် အရေးကြီးတယ် ဆိုတာ သိသာ ပါတယ်..။

သာဓု၊သာဓု၊သာဓု။
မူရင်းဓမ္မဂုဏ်ရောင်မဟာစည်
#Pyae Sone-Taungoo ✍️
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်📕

📖 မေတ္တာဖြင့်...
👨‍🎓အရှင်စန္ဒာသိရီ - ရေဦး။

No comments:

Post a Comment