🌺🌺 စိန္တာမဏိဂါထာတော် 🌺🌺
စိန္တာမဏိဂါထာ သည် မန္တန်ပေါင်း (၁၉) မျိုးအနက် အလွန်နာမည်ကြီးသော ဂါထာ ဖြစ်သည်။ ၅၅၀ နိပါတ် ပဒကုသလဇာတ်တွင် ဘုရားအလောင်းတော် ပဒကုသလလုလင်အား မယ်တော်ဘီလူးမက ပေးခဲ့သည့် ဂါထာဖြစ်သည်။ ထိုဂါထာတတ်မြောက်သည့် ဘုရားလောင်း ပဒကုသလလုလင်သည် ခြေရာကောက်သည့် အတတ်ပညာကို တတ်မြောက်ခဲ့သည်။ ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည်ရှာဖွေနိုင်ခဲ့ခြင်း၊ သန်လျက်ပျောက်ဆုံးမှုတို့ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သဖြင့် ဘုရင့်စည်းစိမ်ကို ခံစားခဲ့ရသည်။
စိန္တာမဏိဂါထာတော် ပါဠိ
🌷🌷🌷🌷🌷🌷🌷🌷🌷
၁။ စိန်တာမဏိ ရတနာနိ၊ ဗုဒ်ဓံ ဗုဒ်ဓရတနာနံ။
ကရံ ကရတိ သရဏံ၊ ခိပ်ပမဝေ သမိဇ်ဈတု။
၂။ စိန်တာမဏိ ရတနာနိ၊ ဓမ်မံ ဓမ်မရတနာနံ။
ကရံ ကရတိ သရဏံ၊ ခိပ်ပမဝေ သမိဇ်ဈတု။
၃။ စိန်တာမဏိ ရတနာနိ၊ သံဃံ သံဃရတနာနံ။
ကရံ ကရတိ သရဏံ၊ ခိပ်ပမဝေ သမိဇ်ဈတု။
စိန္တာမဏိဂါထာတော် မြန်မာပြန်
**********************************
၁။ စိန္တာမဏိရတနာနိ − ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ ဗုဒ္ဓံ − ဘုရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဗုဒ္ဓရတနာနံ − ဘုရားတည်းဟူသော ရတနာတို့ကို။ သရဏံ − ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ ကရောန္တော − ပြုထိုက်သည်ဖြစ်၍။ ကရတိ − ပြုသောသူ၌။ ဣစ္ဆာ − ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ − ဆောလျင်စွာလျှင်။ သမဇ္ဈတု − ပြည့်စုံပါစေသတည်း။
၂။ စိန္တာမဏိရတနာနိ − ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ ဓမ္မံ − တရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဓမ္မရတနာနံ − တရားတည်းဟူသော ရတနာတို့ကို။ သရဏံ − ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ ကရောန္တော − ပြုထိုက်သည်ဖြစ်၍။ ကရတိ − ပြုသောသူ၌။ ဣစ္ဆာ − ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ − ဆောလျင်စွာလျှင်။ သမိဇ္ဈတု − ပြည့်စုံပါစေသတည်း။
၃။ စိန္တာမဏိရတနာနိ − ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ သံဃံ − သံဃာတည်းဟူသော ရတနာတို့ကို။ သရဏံ − ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ ကရောန္တော − ပြုထိုက်သည်ဖြစ်၍။ ကရတိ − ပြုသောသူ၌။ ဣစ္ဆာ − ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ − ဆောလျင်စွာလျှင်။ သမိဇ္ဈတု − ပြည့်စုံပါစေသတည်း။
ရွတ်ဖတ်ရကျိုး
******************
ဤစိန္တာမဏိဂါထာသည် အလွန်နာမည်ကြီး၍ အကျိုးကျေးဇူးလည်း များသည်။ စိန္တာ ဟူသည် အကြံအစည်ပညာ၊ မဏိ သည် မြကျောက် ပတ္တမြားဟူ၍ အဓိပ္ပာယ်ရှိသည်။ အဓိပ္ပာယ်သည် ပတ္တမြားကဲ့သို့ အဖိုးတန်သော အကြံအစည်ပညာဉာဏ်သည် စိန္တာမဏိ ဟု ဆိုနိုင်သည်။ ထို့ကြောင့် ရွတ်ဖတ်ပူဇော်သူသည် အကြံကောင်း ဉာဏ်ကောင်းများ ရနိုင်သည်။ သူတစ်ပါးတို့၏ အကြံများကို ကြိုတင်သိရှိနိုင်သည်။ ဘေးအန္တရာယ်ကို ကြိုတင်ရှောင်ရှားနိုင်သည်။
ကိုးကား
*********
၁.၀ ၁.၁ ၁.၂ ၁.၃ ဗုဒ္ဓဘာသာကောင်းတစ်ယောက်။ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန။ ၂၀၀၅။
စိန္တာမဏိ ဂါထာ မန္တန်တော် ဖြစ်စဉ်
*************************************
အလိုရှိတိုင်း တောင့်တတိုင်း ပြည့်စုံ
စေတတ်သော စိန္တာမဏိ ဂါထာ
မန္တန်တော်ကြီး ဖြစ်ပေါ်လာပုံမှာ*****
မြင့်မိုရ်တောင်၏ မြောက်မျက် နှာကို
အစိုးရသော ဝေဿဝဏ္ဏ (ကုဝေရ)
နတ်မင်းကြီး၏ ထံပါး၌ သုံးနှစ်တိုင်တ်ုင် အလုပ်အကျွေး ပြုစုခဲ့သော စန္ဒာမုခိ
ဘီလူးမသည် နတ်မင်းကြီး၏ ဆုတော်
လာဘ်တော်အ ဖြစ် အနံ ငါးယူဇနာ
အလျား ယူဇနာ ၃၀ -ရှိသော တောအုပ်
ကို အပိုင်စားရသော တောစိုး နတ်ဘီလူးမ အဖြစ် စံမြန်းနေပေသည်။
ထိုတောအုပ်ကို အပိုင်စားရသူ ပီပီ
တောအုပ်အတွင်း ဖြန်သန်းလာသူ လူ
သား အားလုံးတို့အား ဖမ်းဆီးသတ်ဖြတ်စားသောက်နေလေသည် ။
တစ်နေ့တွင်ဗာရာဏသီပြည်မှ ပုဏ္ဏား
လု့လင်ပျို တစ်ယောက်သည် ကုန်သည်
ဘာဝ နွားလှည်းများဖြင့်တပြည့်အပေါင်းခြံရံကာ ထိုတောအုပ်ကို ဖြတ်သန်းမိရာဘီလူးမ၏ ဖမ်းဆီးခြင်းကို ခံရလေသည်။
ယခင်ဖမ်းဆီးမိသူများကို သတ်ဖြတ်
စားသောက်လေ့ရှိသော်လည်း ယခု ဖမ်းမိသူ ပုဏ္ဏားငယ်မှာ ချောမော လှပသောလူပျို လူရွယ် ချစ်စဖွယ် ဖြစ်နေသဖြင့်မသတ်ရက် မစားရက်တော့ဘဲလင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကာ တခြားတစ်ပါးသို့ ထွက်မပြေးနိုင်အောင် ကျောက်ဂူအတွင်းမှာ အလုံပိတ်ထားလျက် နေ့စဉ် သစ်သီးဝလံများ ရှာဖွေကျွေးမွေးထားလေသည် ။
ဘီလူးမနှင့် ပုဏ္ဏား နှစ်ဦးညား၍ သားကလေး တစ်ယောက်ဖွားမြင်ပြီး (၁၆ )နှစ်မြောက်အရွယ်ရောက်လာသော အခါဖခင်နှင့် မိခင် ရုပ်သွင်ခြားနား မတူငြားသဖြင့် မိခင် အစာရှာ ထွက်သွားခိုက်မှာ ဖခင်ကို မေးမြန်းရာ ဖခင်ကလဲနောက်ကြောင်း ဖြစ်ရပ်များ ပြန်ပြောပြလို့ သိရှိသဖြင့် မိမိတို့နှင့်အသွင်တူရာ လူ့ရပ်လူ့ရွာသို့ သွားလိုလှသဖြင့် မိခင် မရှိခိုက်တစ်နေ့ မိမိ၏ အားခွန်ဗလနှင့် ကျောက်ဂူတံခါးကို ဖွင့်၍ ဖခင်ကို ထမ်းပြီး ပြေးလေတော့သည် ။
စန္ဒာမုခိ ဘီလူးမ ပြန်လာပြီး ကျောက်ဂူအတွင်းမှ သားအဖနှစ်ယောက်ကိုမတွေ့သဖြင့် လိုက်ရှာရာ တောတွင်းတစ်နေရာ၌ တွေ့ပြီး ပြန်ခေါ်ထားလေသည် ။
တောတွင်းမှာ မပျော်ပိုက်တော့သော
သားအဖ နှစ် ယောက်မှာ နောက်မကြာမှီယခင်ကဲ့သို့ ထွက်ပြေးပြန်ရာ ဘီလူးမကပြန်လည် ဖမ်းမိ ပြန်လေတော့သည် ။
နှစ်ကြိမ်တိုင်တိုင် ပြန်လည် အဖမ်းခံရ
သော သားအဖနှစ်ယောက်မှာ အလွယ်
တကူ ထွက်မပြေးဝံ့တော့ဘဲ ဘီလူးမ
ယုံကြည်လောက်သည့်ထိကိုယ်ရှိန်သတ်၍ နေရလေတော့သည် ။
တစ်နေ့တွင် သားဖြစ်သူက မိခင်ဖြစ်သူအား မျက်နှာချိုသွေးပြီး ပိုင်နက်အကျယ်အဝန်းကိုမေးကာ နယ်စပ်နေရာဒေသများးကိုလိုက်လံ ကြည့်ရှု မှတ်သားထားလေတော့သည် ။
သို့နှင့်အခွင့်အရေးရသော တနေ့တွင်
ဖခင်ကိုထမ်းကာ မိခင်၏ ပိုင်နက် နယ်စပ်လွတ်လေရာ အနီးဆုံးစခန်းသို့ လှမ်း၍ပြေးကြတော့သည် ။
သားအဖနှစ်ယောက်အတွက်သစ်သီးဝလံများရှာဖွေ၍ပြန်လာသော စန္ဒာမုခိ ဘီလူးမမှာကျောက်ဂူအတွင်းမှာ သားနှင့် လင်ကိုမတွေ့သဖြင့် ပူပင်သောကကြီးစွာဖြင့်မိမိပိုင်နက်အတွင်း လိုက်လံ ရှာဖွေရာ မိမိပိုင်နက်မှ လွတ်ရာ မြစ်လယ်ခေါင်သို့ရောက်နေသော သားအဖ နှစ်ယောက်ကို တွေ့သဖြင့် ငိုယိုတမ်းတကာ အမြန် ပြန်လာရန်တောင်းပန် ခေါ်ငင်လေတော့သည် ။
မိခင်ပိုင်နက်မှ လွတ်မြောက်၍နေပြီ
ဆိုတာ သိနေသော သားက ပြန်မလာ
နှိုင်တော့ကြောင်း အမျိုးဇာတ်တူရာ လူသားတို့ နေထိုင်ရာ လူ့ရပ် လူ့ရွာသို့
သွားခွင့်ပြုပါတော့ ဟု ပြန်လည် ပြော
ကြားလေတော့သည် ။
ခေါ်၍မရသည့်အဆုံး မိခင် ဘီလူးမကြီးက လူ့ရပ် လူ့ရွာမှာ ဘာပညာမှ ငါ့သားမတတ်ရင် ငတ်မှာ ဆင်းရဲခြင်း ခုက္ခ ကိုကြုံလိမ့်မည် ။ ဒီတော့ -ခိုးသူ ခြေရာရှာပြီးဥစ္စာကို ဖေါ်ပေးနိူုင်တဲ့ စိန္တာမဏိ ဂါထာတော်ကို ငါ့သား သင်ယူသွားပေတော့ဟု မျက်ရည်လည်ရွှဲနှင့် ပူပွဲကြီးဆင်ကာစိန္တာမဏိ ဂါထာတော်မြတ်ကို မြစ်ကမ်းပေါ်မှ သင်ပေးလေတော့သည် ။
မြစ်လယ်မှ လက်အုပ်ချီ၍ စိန္တာမဏိ
ဂါထာ သင်ယူနေသော သားသည်
ဂါထာ ရသည်နှင့် တစ်ပြိုင်နက် ရုပ်တ
ရက်လဲကျသွားသော မိခင်ကြီးကို ပြေး
ထူရာ ရင်ကွဲနာကျ ဘဝပြောင်းသွား
သည်ကို တွေ့ရလေတော့သည် ။
သားအဖနှစ်ယောက်မှာ သောကမကင်းတောတွင်းမှာပင် ဘီလူမအလောင်းကိုတောပန်း တောင်ပန်းများ ဖုံးအုပ် ကာသဂြိုဟ် ခဲ့ပြီး ဗာရာဏသီ ပြည်သို့ပြန်လည်ရောက်ရှိ လာခဲ့ကြသည် ။
ဗာရာဏသီပြည်တွင် သူခိုးခြေရာခံ၍
စိန္တာမဏိ မန္တန်တော်ကို ရွတ်ဆို၍ ဥစ္စာ
ပစ္စည်းများကို ရှာဖွေပေးနိုင်သဖြင့်
ပဒကုသလ ဟု အမည်တွင်လျက် ပညာ ရှင် သူကြွယ် ဖြစ်ခဲ့ လေသည်က
စ၍ စိန္တာမဏိ ဂါထာတော်ဟု ဖြစ်ပေါ်
ရွတ်ဆို ပွားများခဲ့ကြပါသတည်း။
( စိန္တာမဏိ မန္တန်ပါဠိ )
စိန်တာမဏိ ရတနာနိ ! ဗုဒ်ဓံ ဗုဒ်ဓရတနာနံ ။
ကရံ ကရတိ သရဏံ!ခိပ်ပမဝေ သမိဇ်စတြု။
စိန်တာမဏိ ရတနာနိ!ဓမ်မံ ဓမ်မရတနာနံ ။
ကရံ ကရတိ သရဏံ! ခိပ်ပမဝေ သမိဇ်စတြု။
စိန်တာမဏိ ရတနာနိ!သံဃံ သံဃရတနာနံ။
ကရံ ကရတိ သရဏံ!ခိပ်ပမဝေ သမိဇ်စတြု ။
စိန္တာမဏိ ဂါထာတော်
ရွတ်ဖတ်ခြင်းအကျိုးများ***********
ဤစိန္တာမဏိ ဂါထာတော်ကိုရွတ်ဆိုပွား
များရခြင်း၏ အကျိုးမှာ အကြံအစည်
အောငိမြင်ခြင်း ရာထူးဋ္ဌာနန္တရ ရရှိစေခြင်း ၊ လူ နတ်တို့ ချစ်ခင် နှစ်သက်ခြင်း ခံရတတ်သည်။
မိမိတို့၏ ပစ္စည်းဘဏ္ဍာ ရတနာ ရွှေ ငွေစသည်တို့ကို တစ်ပါးသူတို့ခိုးဝှက် ယူငင်မရနိုင်ဘဲ အကြိတ်အခဲ အမြဲတည်ရှိခြင်း လိုချင်တောင့်တသော ပစ္စည်းများရရှိတတ်ခြင်း အကျိုးများကို ခံစားရရှိနိုင်လေသည် ။
Credit...
No comments:
Post a Comment