လောကမှာ လူတော်လူကောင်းဖြစ်ဖို့ဆိုရင်...
၁။ ကိုယ်ချင်းစာတရား ရှိဖို့
၂။ ကံ၊ကံ၏အကျိုးကို ယုံကြည်ဖို့
အဲ့ဒီ၂ခုဟာ အရေးပါတယ်။
လူတွေဟာ အရာရာပေါ် ကိုယ်ချင်းစာတတ်ပြီဆိုရင် မကောင်းတာတွေ လုပ်မှာမဟုတ် ဘူး။
မိမိ မကြိုက်တဲ့အရာကို သူတပါးကို ပြုလုပ်ကြမှာ မဟုတ်တော့ဘူး။
ကိုယ်ချင်းစာ ဆိုတာ ဘယ်အရာပဲဖြစ်ဖြစ်
ကိုယ်ကြိုက်ခြင်း၊ မကြိုက်ခြင်း အလုပ်
တဖက်သားပေါ်ကို စာနာထောက်ထားတာ...ဆိုလိုတယ်။
ဆင်းရဲဒုက္ခ ကို လူတိုင်းက ရွံမုန်းကြတယ်။
ချမ်းသာတာကို လူတိုင်းနှစ်သက်တယ်။
ကိုယ်က ဆင်းရဲတာကို မနှစ်သက်ဘူးဆိုရင် သူများဆင်းရဲဒုက္ခ ရောက်အောင် မလုပ်တော့ဘူး...
ဒါကိုယ်ချင်းစာတတ်တယ်လို့ခေါ်တယ်။
ကိုယ်မကြိုက်တာကို သူများကို လုပ်တာ ကိုယ်ချင်းစာ တရားမရှိလို့.
ကိုယ်ကိုယ်တိုင်က ခံယူချက်ရှိရမယ်။
ကောင်းတာလုပ်ရင် ကောင်းကျိုးချမ်းသာ ရမယ်။
ကံ ကံ အကျိုးကို ယုံကြည်လက်ခံရမယ်။
မြတ်စွာဘုရား ကောသလတိုင်းမှာ ဟောကြားခဲ့သောတရားတော် ဖြစ်တယ်။
မြတ်စွာဘုရား ရဲ့တရားတော်တွေဟာ စ၊လယ်၊ ဆုံး ပြည့်စုံကောင်းမွန်တယ်။
မြတ်စွာဘုရား ကို မေးလျှောက်ကြတယ်။
ဒီဘဝ၊နောင်ဘဝ ချမ်းသာစေ မည့်တရားကိုဟောပေး ပါ တဲ့..
လူအများစုရဲ့ ဆန္ဒ ဒီတိုင်းပဲ မနေရလို့ သေတဲ့အခါ ကောင်းရာသုကတိဘုံရောက်ချင်တယ်။
ကိုယ်ချင်းစာတရားပဲ...နားစိုက်ပြီးထောင်တဲ့။
လူတွေဟာ.....
ပြောဆိုခြင်းနဲ့ ဆက်ဆံတယ်။ အလုပ်နဲ့ ဆက်ဆံတယ်။
စိတ်ကောင်းနှလုံးကောင်း ရှိသူဟာတဲ့..
ဒီလို စဥ်းစားတယ်တဲ့။(ခုချိန်ခါ ဒီတရားနာယူသင့်တယ်)
ငါဟာ ချမ်းသာချင်တယ်၊ဆင်းရဲမှာ မလိုလားဘူး၊
အသက်ရှင်ချင်တယ်၊ သေရမှာ ကို မကြိုက်ဘူး..
ငါမကြိုက်တဲ့ အလုပ် သည် သူမကြိုက်တဲ့ အရာပဲဖြစ်တယ်။
ငါမကြိုက်တဲ့ အလုပ်ကို သူများကို ဘာဖြစ်လို့ လုပ်ရမှာလဲ..
သူတပါးရဲ့ အသက်ကို သတ်ခြင်းမလုပ်ဘူး။
ကိုယ်တိုင်လည်းမသတ်ဘူး၊ သူများကို မသတ်ခိုင်းခြင်း၊ သတ်ဖြတ်တာကို မချီးမွမ်း၊မတိုက်တွန်းခြင်း ကြောင့် ...
သူရဲ့ ကိုယ်ကျင့်တရား လုံးဝ စင်ကြယ်နေ တယ်။(point 3ခု)
ခိုးယူခြင်းသည်လည်း ထို့အတူပဲ...
ကိုယ့် ပစ္စည်းကို သူများယူရင် ကိုယ်မကြိုက်ဘူး..
ကိုယ်မကြိုက်တာကို သူများကို ဘာဖြစ်လို့ လုပ်ရမှာလဲ...(ဒီ လို တွေးတောနိုင်တာ ကိုယ်ချင်းစာတရားပဲ)
လူ့ဂုဏ်သိက္ခာကို စော်ကားခြင်း။
သူတပါး အိမ်ထောင်ဖက်ကို လွန်ကျုးစော်ကားမူ။
သူတပါးက ကိုယ်ရဲ့ အိမ်ထောင်ဖက်ကို လွန်ကျုးရင် ကိုယ်မကြိုက်ဘူး..
ကိုယ်မကြိုက်တာကို သူများကို ဘာဖြစ်လို့ လုပ်ရမှာလဲ...(ဒီ ၃ခု ကာယဒုစရိုက်)...
နောက်တခုက
ဝစီကံ...
လူတစ်ယောက်ဟာ လိမ်ညာပြီး ကိုယ့်အကျိုးစီးပွား၊ပျက်စီးအောင် လုပ်ရင် မကြိုက်ဘူး။
ကိုယ်မကြိုက်တာကို သူများလည်း ကြိုက်မှာ မဟုတ်ဘူး။
သူတပါး အကျိုးစီးပွား၊ ပျက်စီးသွားအောင် ပြောတဲ့ မုသားဝါဒကို ဆိုလိုတယ်။
(ပြသနာမတက်ချင်လို့ မသိဘူးပြောတာ ကို မုသားလို့ မဆိုထိုက်ဘူးပေါ့)
မြတ်စွာဘုရား က ရယ်စရာအဖြစ်တောင် မုသားဝါဒ မပြောရဘူးတဲ့..
လူတွေရဲ့ နူတ်မှာ မိတ်ဆွေအချင်းချင်း ဂျင်းထည့်တတ်တယ်..
ပိသုဏဝါစာ လို့ခေါ်တယ်။ ကုန်းတိုက်ပြောဆိုခြင်းကို ဆိုတယ်။
ငါနဲ့ မိတ်ဆွေ ကွဲသွားအောင် ကုန်းတိုက် ပြောဆိုခြင်းကို ငါမကြိုက်သလို သူတပါးလည်း ကြိုက်မှာမဟုတ်ဘူး။
ဖရုသဝါစာ..ကြမ်းတမ်းတဲ့စကား..ဆဲရေးတဲ့စကား...
ဆဲရေးခြင်းကမျိုးစုံရှိတယ်။
အသားမည်းပြီး ဝတာကို မည်းတုတ်လို့ခေါ်ရင် ဆဲရေးတာပဲ..
ပုတယ်..ဝတယ်...နှာဗူး..အရူးလို့ ပြောတာ ဆဲရေးတာပဲ..
ငါ့ကို သူများက ဆဲရေးတိုင်းထွာရင်
ငါလည်းမကြိုက်ဘူး...
ငါမကြိုက်တဲ့ အရာ သူမကြိုက်တဲ့အရာဖြစ်တယ်။
သူမကြိုက်တဲ့ အရာကို ငါဘာလို့ပြောရမလဲ လို့ ကိုယ်ချင်းစာတရားဖြင့် စဥ်းစားလိုက်ပါတဲ့....
နောက်တစ်ခုက...
သမ္ဖပ္ပလာပ..သိမ်ဖျင်းသောစကား..
မဟုတ်မမှန် ပြောဆိုတာ...အကျိုးမရှိ၊ အနှစ်သာရမရှိတဲ့စကား...
လူတွေရဲ့ အတွေးကို လွဲချော်သွားစေတဲ့ စကား...
အဲ့ဒီလို ကိုယ်ချင်းစာ တရားရှိတဲ့သူဟာ
မြတ်ဗုဒ္ဓ အပေါ် နှစ်နှစ်ကာကာယုံကြည်တယ်..
တရားပေါ်၊ သံဃာအပေါ်
သီလကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းစောင့်ရှောက်တယ်တဲ့..
ဒီအရည်အချင်းနဲ့ ပြည့်စုံသူဟာ....
ကိုယ့်ကိုယ် ပြောချင်ရင်ပြောရတယ်တဲ့
ငါဘယ်တော့မှ အပါယ်ကျမည့် ပုဂ္ဂိုလ် မဟုတ်ဘူး..
အထက်မဂ်ဖိုလ်ရဖို့ ကျိန်းသေတယ်လို့ ပြောနိုင်တယ်တဲ့..
ကိုယ်ချင်းစာတရား ကနေ ရနိုင်တဲ့အကျိုးကျေးဇူး..
ဥပါသိကာဆိုတာ ရတနာ၃ပါးကို အသက်ထက်ဆုံး ဆည်းကပ်သူ..
တရားချစ်ခင်သူတော်စင်အပေါင်းတို့
ကိုယ်ချင်းစာတရား ထားခြင်းအားဖြင့်
မိမိတို့ကိုယ် မိမိတို့ လူတော်လူကောင်းအဖြစ်.....
စဥ်းစားတွေးခေါ်ပြီး....
အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်နိုင်တယ်ဆိုတာ....
ဒီသုတ္တန်အရ ထင်ရှားလို့ ကိုယ်စီကိုယ်စီ စိတ်ဝင်တစား ကြိုးစား အားထုတ်နိုင်ကြပါစေ ကုန်သတည်း..။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
ကိုယ်ချင်းစာတရား တရားတော်
#ပါချုပ်ဆရာတော် #တရားမှတ်စု #
🙏🏻🙏🏻🙏🏻
No comments:
Post a Comment