စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, November 20, 2016

သူတော်ကောင်းတို့၏ စိတ်ထား

သူတော်ကောင်းတို့၏စိတ်ထား
~~~~~~~~~~~~~~~~

``သစ်ပင်တွေ သီးသမျှအသီးဟာ အဲဒီသစ်ပင်တွေ ပြန်စားဖို့မဟုတ်ဘူး။
သူတစ်ပါးတွေချည်း စားရတာ။

မြစ်တွေ ချောင်းတွေထဲက ရေတွေဟာ အဲဒီမြစ်တွေ ချောင်းတွေ ပြန်သောက်ဖို့ မဟုတ်ဘူး။ သူတစ်ပါးတွေချည်း သောက်သုံးကြတာ။

နွားမတွေက ယိုစီးပေးနေတဲ့ နွားနို့ကို အဲဒီနွားမတွေက ဘယ်တော့မှ မသောက်ဘူး။
သူတစ်ပါးတွေပဲ သောက်တာ။

မြတ်စွာဘုရားက တိုက်တွန်းတော်မူတယ်။
လူသားဟာ တစ်ယောက်တည်နေလို့မရဘူးတဲ့။ အများနဲ့ပေါင်းပြီးတော့မှ နေရတဲ့အတွက်ကြောင့်
သစ်ပင်လို…
မြစ်ချောင်းလို…
နွားမလို…
သူတစ်ပါးတို့ရဲ့ အကျိုးစီးပွားအတွက် များများကြီး မိမိကိုယ်ကို အသုံးချပါတဲ့။
ဒါမြတ်စွာဘုရားကိုယ်တော်မြတ်ရဲ့ အဆုံးအမပဲ။´´

(သီတဂူဆရာတော်ဘုရားကြီး)


No comments:

Post a Comment