^^^ ချမ်းသာအစစ် ^^^
စည်းစိမ်ချမ်းသာ ရတနာတို့ပိုင်ဆိုင်ခံစားခြင်းဟူသည် ပုထုဇဉ်တိုင်းအလိုရှိလင့်ကစား ယင်းချမ်းသာကားချမ်းသာအစစ်၊ ချမ်းသာအမှန် မဟုတ်ပါပေ။မည်မျှပင် ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာ နှင် ပြည့် စုံစေကာမူ အသံထွက်ငိုခြင်း ပရိဒေဝ နှင့်
ကြိတ်၍ငိုခြင်း ဥပယာသတို့ နှင့် မကင်းနိုင်ချေ။ သမုတိသစ္စာ
၏ အလိုအရ ရုပ်ဝတ္တု စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာခြင်း၏ နောက်ကွယ်၌ ဆင်းရဲခြင်းသည်တည်ရှိ လျှက်ရှိ၏။ အနိစ္စတရားနှင့် အမြဲဆက်ဆံလျက်ရှိသော ဓနချမ်းသာကာ ချမ်းသာအတုသာဖြစ်၏။ ရတနာသုံးပါးကို အမှီပြုလျှ က်ရရှိအပ်သော လောကုတ္တရာချမ်းသာကား အနိစ္စသဘောနှင့် မဆက်ဆံ။ ထာဝရတည်တံ့နေသောချမ်းသာစစ်၊ ချမ်းသာမှန်ဖြစ်ပါ၏။
ဤသည်နှင့်စပ်လျဉ်း၍ သာမညဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိနယ၏ သြဝါဒတော်မှာ အမြဲထာဝရဦးထိပ်ပန်ဆင်စရာဖြစ်နေပါ၏
သာမည ကိုလာတဲ့ဒကာ ၊ဒကာမတိုင်း ကိုယ်ချမ်းသာ စိတ်ချမ်းသာရာကို ဆရာတော်ပေးမယ်။ အားလုံးချမ်းသာပါတော့မယ်။ ချမ်းသာစေရမယ်။ဘယ်ချမ်းသာနဲ့မှမတူဘူး။
အဲ့သလိုချမ်းသာမျိုးကိုပေးမှာ။ ဆရာတော်ပေးမဲ့ချမ်းသာက ဒကာ၊ ဒကာမတွေအားလုံးချမ်းသာစေမယ့် ရတနာစစ် ရတနာမှန်ကိုပေးမှာ။
ဒါပေမယ့်ဒကာ၊ ဒကာမတွေ လိုချင်တဲ့ ချမ်းသာမျိုး စိန်ရွှေငွေ ကျောက်သံပတ္တမြား၊ လှေ၊ ယာဉ်၊ ကျွဲ၊ နွား ဒါတွေကိုတော့မဟုတ်ပါဘူး။ ဒါတွဟာ ရန်သူမျိုးငါးပါး ဖျက်စီးနိုင်တဲ့ ချမ်းသာတွေ ဒုက္ခနဲ့မဝေးသေးဘူး။ ဆရာတော် ပေးမယ့် ချမ်းသာအစစ်ကတော့ ဘုရားရတနာ တရားရတနာ သံဃာရတနာ ယူပြိးပြန်ကြတော့ ။ မုချ ချမ်းသာလိမ့်မယ်။
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpage
https://www.facebook.com/Dhamma Sarpay
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, November 22, 2016
ချမ်းသာအစစ်
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment