ကောင်းတဲ့လောကဓံပဲဖြစ်ဖြစ် .. ဆိုးတဲ့လောကဓံပဲဖြစ်ဖြစ်..
#လောကဓံမှန်သမျှ ဘယ်လောကဓံမှ မတည်မြဲဘူး..။ အကောင်းပြီးရင် အဆိုး လာနိုင်သလို.... အဆိုးပြီးရင်လဲ အကောင်း လာနိုင်တာပါပဲ..။
နေမင်းကြီးဟာ အမြဲတမ်း ထွက်ပေါ်ထွန်းပမနေပါဘူး..။ အချိန်တန်ရင် ချုပ်ကွယ်မှောင်မိုက်ရပါတယ်..။
လမင်းကြီးဟာလည်း အမြဲတမ်း ဆန်းတက်ပြည့်ဖြိုးမနေပါဘူး..။ အချိန်တန်ရင် ဆုတ်ကျ ကွယ်ပရပါတယ်..။ လပြည့်ရက် ရှိရင် လကွယ်ရက်ရှိသလို လဆန်းရက်ရှိရင် လဆုတ်ရက်လည်း ရှိရတာပါပဲ..။
လောကဓံတရားတွေဟာ နေမင်း လမင်းကြီးတွေနဲ့ သဘောချင်းတူပါတယ်..။ လောကဓံကောင်းဆိုး အမျိုးမျိုးနဲ့ တွေ့ကြုံလာတိုင်း ဆင်ခြင်ပွားများ ခံနိုင်အားရှိဖို့အတွက် မဃဒေ၀လင်္ကာလေးတစ်ခုကို လက်ဆောင်ပေးလိုက်ပါရစေ..။..။
** နေကိုပုံပြ လကိုပုံထား
မှတ်တုံငြားလော့...
နေကားထွက်ဝင် ပေါ်ချုပ်ထင်၏
လပြည့်လကွယ် ကြီး၍ငယ်ခဲ့
ထို့နှယ်မလွဲ လူခပဲတို့
အမြဲချမ်းသာ မရှိစွာရှင့်..။..။***'
သေခြင်းတရားကို ဆင်ခြင်မှုရဲ့ အစွမ်းသတ္တိဟာ အင်မတန် အံသြစရာကောင်းပါတယ်..။
လောကဓံခံနိုင်တဲ့ စိတ်စွမ်းအားကို သေခြင်းတရား ပွားများမှုက ဖန်တီးပေးနိုင်ပါတယ်..။ တစ်နေ့ကျရင် သေရမှာပဲလို့ ဆင်ခြင်မှု့ဟာ ဘ၀မှာ လိုအင်ဆန္ဒတွေ မများဖို့အတွက်ကိုလည်း အထောက်အကူပြုပါတယ်..။..။
🍂ဆရာတော်အရှင်ဆန္ဒာဓိက
📘မသေခင်ဘာလုပ်ကြမလဲ .. စာအုပ်မှ ကူးယူဖော်ပြပါသည်။
https://www.facebook.com/DhammaSarpay/
မြတ်ပါရမီ
မြတ်ဗုဒ္ဓ၏သာသနာ page ဓမ္မစာပေများ ရေးသားကုသိုလ်ပြုသူများ အဖွဲ့မှ ပူဇော်ပါ၏။
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, November 22, 2016
လောကဓံကိုခံနိုင်ဖို့
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment