~~တောင့်တခြင်းနှင့်၊ကြောင့်ကြခြင်း~~
တောင့်တခြင်းသည်စိတ်ကိုပူလောင်စေ၏။
တောင့်တလျှက်နှင့်ဖြစ်မလာသော်(တရားဓမ္မ၏အကူအညီမရပါက)ဒေါသမီးလျှံအဖြစ် ပူလောင်ဆုတ်နှစ်တတ်၏။
ကြောင့်ကြခြင်းဟူသည်လည်းစိတ်အစဉ်ကိုပင်ပန်းစေပါ၏၊ ပူသောသတ္တိသာရှိပါ၏။သို့တစေပုထုဇဉ်တို့၏သဘာဝအရတောင့်တခြင်း။
ကြောင့်ကြခြင်း၊မကင်းကြပါ။အမျှော် နှင့်အ
ကြောက်သည် သံသရာခရီးသွား ပုထုဇဉ်လူသားတို့၏ အတွင်းသန္တာန်၌ သံသရာတလျှောက်လုံး တည်ကိန်းလာခဲ့ခြင်းဖြစ်ပါ၏။
တောင့်တခြင်းနှင့်ကြောင့်ကြခြင်းကို မကင်းနိုင်စေကာမူ၊များရာမှနည်း၊ထူထဲရာမှပါးလျားလာအောင်ကြိုးပမ်းအားထုတ်ရမည်သာဖြစ်၏။ယင်းသို့ပမာဏနည်းပါးလျော့ကျလာသည်နှင့်အမျှ ပုထုဇဉ်တို့၏အဇ္ဈတ္တ၌အအေးဓာတ်၊အငြိမ်းဓာတ်များတဖြေးဖြေးတစတစထွေးပတ်လွမ်းခြုံလာမည်။ သဘာဝတာကာလတိုတိုအတွင်း၌စိတ်နှလုံးသန့်သန့်ရှင်းရှင်း၊ငြိမ်းငြိမ်းချမ်းချမ်းနှင့်နေထိုင်သွားနိုင်အောင်ကြိုးပမ်းအပ်ပါသည်။
ယင်းသို့အတွင်းစိတ်သန့်ရှင်းကြည်လင်စေမူ့နည်းများထဲတွင်မိမိအနားမှာထာဝစဉ်ဘုရားရှိနေသည်ဟုအာရုံပြုခြင်းလည်းပါဝင်ပါ၏။အနိုင်းမဲ့ကိုယ်ကွယ်ရာဖြစ်တော်မူသောဘုရားရှင်သက်တော်ထင်ရှားသီတင်းသုံးစံပယ်တော်မူသည်ဟုအာရုံပြုပါအံ့။ဘုရားရှင်အားကြည်ညိုသောစိတ်၏ဦးစီးပဲ့ကိုင်မူ့ကြောင့်၊ကာယကံ၊ဝစီကံ၊မနောကံတို့သန့်ရှင်းလာမည်။ဘုရားရှင်နှင့်အတူနေသည်ဟုယုံကြည်လိုက်သည်နှင့်စိတ်အားသတ္တိများလည်းမြင့်လာမည်။
ဤသည်နှငိ့စပ်လျဉ်း၍
••••မိုးကုတ်မြို့ကျေးဇူးတော်ရှင်ဈေးကျောင်းဆရာတေည်ဘုရားကြိး၏အောက်ပါသြဝါဒကိုဦးထိပ်ပန်ရွကိပါလေ••••
တောင့်တစိတ်နဲ့ကြောင့်ကြစိတ်ကို ပယ်ကြ
ဘယ်ကိုပဲသွားသွား၊ ဘာတွေပဲလုပ်လုပ်
မိမိရဲ့အနားမှာ ဘုရားရှိနေတယ်လို့မှတ်~~
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpage
https://www.facebook.com/Dhamma Sarpay
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Wednesday, November 23, 2016
တောင့်တခြင်းနှင့် ကြောင့်ကြခြင်း
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment