☀☀☀☀☀"အားနာတယ်…"☀☀☀☀☀᠌᠌᠌
ဗေဒင်ဆရာက
"မရဏ နက္ခတ်နဲ့ ကြုံနေပြီ
အသက်အန္တရာယ် ရှိတယ်"ဆိုတော့
ကြောက်ရွံ့စွာနဲ့
အကောင်းဆုံး ယတြာ ချေကြလေသည်။
ဆရာဝန်က
"နောက်ထပ် နေရလှ ခြောက်လပေါ့"ဆိုတော့
ထိတ်လန့်စွာနဲ့
ဆရာကောင်း ဆေးကောင်း
ရှာဖွေကုသကြလေသည်။
မြတ်စွာဘုရားက
"ကွေးသောလက် မဆန့်မီ
ဆန့်သောလက် မကွေးမီ
သေခြင်းသို့ ရောက်နိုင်သည်
တရားသတိ ရှိကြပါ"ဆိုတော့
ဖြုံလည်း မဖြုံ ယုံလည်း မယုံ
အော်… တို့ဘုရားကို အားနာလိုက်တာ… ။ ။
Credit : Wara Daryee(FB)
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, November 22, 2016
အားနာတယ်
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment