စာလုံး

ႂကြေရာက္လာၾကေသာ ဓမၼမိတ္ေဆြမ်ားအားလုံး ကိုယ္၏က်န္းမာျခင္း စိတ္၏ခ်မ္းသာျခင္း ႏွင့္ျပည့္စုံၾကပါေစ။

Tuesday, November 22, 2016

အဆိုးနဲ႔အေကာင္း

❀ တစ္ခ်ိဳ႕ပုဂၢိဳလ္ေတြက သံဃာေတြထဲမွာ အျမင္မေတာ္တဲ့ပုဂၢိဳလ္ေတြကိုၾကည့္ၿပီး အျပစ္ဆိုၾကတယ္၊ ေလာကမွာ အဆိုးနဲ႔အ​ေကာင္​းဆိုတာ ဒြန္​တြဲ​ေနတာ ျဖစ္တယ္၊ အဆိုးရိွရင္ အေကာင္းရိွမယ္၊ အႏွစ္နဲ႔အကာ ဆိုတာလည္း ဒြန္​တြဲ​ေနတတ္တယ္၊ အဆိုးနဲ႔အ​ေကာင္​းကို ခြဲျခားျမင္တတ္ဖို႔ လိုအပ္တယ္ေနာ္။

❀ ေလာကသားေတြထဲမွာ အဆိုးဆိုတာ မည္သည့္ေနရာမွာမဆို ရိွတယ္၊ အဆိုးရိွရင္ အေကာင္းလည္း ရိွတယ္၊ အေကာင္းနဲ႔အဆိုးထဲမွာ အဆိုးေတြ မ်ားမလာဖို႔ဘဲ အေရးႀကီးတယ္၊ အေကာင္းေတြ ဆက္လက္ေကာင္းၿပီးေတာ့ အေကာင္းေတြ မ်ားလာဖို႔ပဲ လိုအပ္တယ္ေပါ့။

❀ ေလာကသဘာဝကိုက အဆိုးနဲ႔အေကာင္းမွာ
အေကာင္းက အဆိုးကို ဆြဲေဆာင္ဖို႔ရာ ခက္တယ္၊ အဆိုးကသာ အေကာင္းကို ဆြဲေဆာင္သြားတတ္တာ ေလာကရဲ႕ သဘာဝပဲျဖစ္တယ္။

❀ ဆိုပါစို႔- သရက္သီး ၁၀-လံုး ရိွတဲ့အထဲမယ္ တစ္လံုးက ပုပ္ေနတယ္၊ က်န္တဲ့ကိုးလံုးက ေကာင္းတယ္၊ အတူတူထားလိုက္လို႔ရိွရင္ အေကာင္း ၉-လံုးက အပုပ္တစ္လံုးကို ေကာင္းေအာင္ မလုပ္ေပးႏိုင္ဘူး။ အဲဒီ အဆိုးတစ္လံုးရဲ႕ ေနာက္ကိုပဲ အေကာင္း ၉-လံုးက လိုက္သြားၿပီး အားလံုးဟာ အပုပ္ျဖစ္သြားတယ္။

❀ အေကာင္းေတြခ်ည္းရိွေနဖို႔ ဆိုတာဟာ ဘယ္ေခတ္ ဘယ္ကာလမွ ရိွႏိုင္တာ မဟုတ္ဘူး၊ အေကာင္းနဲ႔အဆိုးဆိုတာ ေရာေနတာျဖစ္တယ္၊ အေကာင္းေတြကိုၾကည့္ၿပီး ကိုယ္ေကာင္းေအာင္ ေဆာင္ရြက္သြားဖို႔သာ အလြန္အေရးႀကီးတယ္ေပါ့။

ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္

❀ ျမတ္ဗုဒၶ၏တရားေတာ္မ်ားကို လူတိုင္းရင္ထဲတြင္ ကိန္းဝပ္ေစခ်င္ေသာ ဆရာေတာ္၏ဆႏၵမြန္ကို ပါရမ္ီျဖည့္ဆည္းျခင္း၊
တရားအသိဉာဏ​္​ေပးလွဴျခင္း
သက္သက္ျဖစ္ပါ၍
တရားဓမၼကို လိုလားေသာ,
တရားဓမၼကို ျဖန္႔ေဝလိုေသာ
မည္သူမဆို
လြတ္လပ္စြာ ဓမၼဒါနျပဳႏိုင္ပါသည္။

https://m.facebook.com/story.php?story_fbid=1156974600991354&substory_index=0&id=949063965115753

Unicode Version
++++++++++

❀ တစ်ချို့ပုဂ္ဂိုလ်တွေက သံဃာတွေထဲမှာ အမြင်မတော်တဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြီး အပြစ်ဆိုကြတယ်၊ လောကမှာ အဆိုးနဲ့အ​ကောင်​းဆိုတာ ဒွန်​တွဲ​နေတာ ဖြစ်တယ်၊ အဆိုးရှိရင် အကောင်းရှိမယ်၊ အနှစ်နဲ့အကာ ဆိုတာလည်း ဒွန်​တွဲ​နေတတ်တယ်၊ အဆိုးနဲ့အ​ကောင်​းကို ခွဲခြားမြင်တတ်ဖို့ လိုအပ်တယ်နော်။

❀ လောကသားတွေထဲမှာ အဆိုးဆိုတာ မည်သည့်နေရာမှာမဆို ရှိတယ်၊ အဆိုးရှိရင် အကောင်းလည်း ရှိတယ်၊ အကောင်းနဲ့အဆိုးထဲမှာ အဆိုးတွေ များမလာဖို့ဘဲ အရေးကြီးတယ်၊ အကောင်းတွေ ဆက်လက်ကောင်းပြီးတော့ အကောင်းတွေ များလာဖို့ပဲ လိုအပ်တယ်ပေါ့။

❀ လောကသဘာဝကိုက အဆိုးနဲ့အကောင်းမှာ
အကောင်းက အဆိုးကို ဆွဲဆောင်ဖို့ရာ ခက်တယ်၊ အဆိုးကသာ အကောင်းကို ဆွဲဆောင်သွားတတ်တာ လောကရဲ့ သဘာဝပဲဖြစ်တယ်။

❀ ဆိုပါစို့- သရက်သီး ၁၀-လုံး ရှိတဲ့အထဲမယ် တစ်လုံးက ပုပ်နေတယ်၊ ကျန်တဲ့ကိုးလုံးက ကောင်းတယ်၊ အတူတူထားလိုက်လို့ရှိရင် အကောင်း ၉-လုံးက အပုပ်တစ်လုံးကို ကောင်းအောင် မလုပ်ပေးနိုင်ဘူး။ အဲဒီ အဆိုးတစ်လုံးရဲ့ နောက်ကိုပဲ အကောင်း ၉-လုံးက လိုက်သွားပြီး အားလုံးဟာ အပုပ်ဖြစ်သွားတယ်။

❀ အကောင်းတွေချည်းရှိနေဖို့ ဆိုတာဟာ ဘယ်ခေတ် ဘယ်ကာလမှ ရှိနိုင်တာ မဟုတ်ဘူး၊ အကောင်းနဲ့အဆိုးဆိုတာ ရောနေတာဖြစ်တယ်၊ အကောင်းတွေကိုကြည့်ပြီး ကိုယ်ကောင်းအောင် ဆောင်ရွက်သွားဖို့သာ အလွန်အရေးကြီးတယ်ပေါ့။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်

❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ​်​ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။


No comments:

Post a Comment