စာလုံး

ႂကြေရာက္လာၾကေသာ ဓမၼမိတ္ေဆြမ်ားအားလုံး ကိုယ္၏က်န္းမာျခင္း စိတ္၏ခ်မ္းသာျခင္း ႏွင့္ျပည့္စုံၾကပါေစ။

Tuesday, November 22, 2016

ေသာကနဲ႔ ေဒါမနႆ

❀ ေသာကနဲ႔ ေဒါမနႆဟာ သဘာဝခ်င္းတူေသာ္လည္းပဲ ျဖစ္ပံုခ်င္းမတူဘူး။

❀ ေသာက ဆိုတာ ကိုယ္ႏွစ္သက္တဲ့ အရာတစ္ခု ပ်က္စီးေတာ့မယ္ဆိုရင္ စိုးရိမ္တာ၊ ျဖစ္ၿပီးသြားရင္ စိုးရိမ္တာ။ ဥပမာ မယ္ဆိုပါေတာ့ ကိုယ့္ေဆြထဲ မ်ိဳးထဲကေနၿပီးေတာ့ တစ္စံုတစ္ေယာက္ ဆံုးပါးေတာ့မယ္ဆိုရင္ စိုးရိမ္တယ္၊ ဆံုးသြားတယ္ဆိုရင္ စိုးရိမ္တယ္၊ အဲဒါ ေသာက။

❀ ေဒါမနႆဆိုတာ
အဲဒီလို မဟုတ္ဘူး၊ တစ္ခုခု မွားမွားယြင္းယြင္း လုပ္မိၿပီးေတာ့ စိတ္ထဲမွာ တစ္အံုေႏြးေႏြးနဲ႔ စိတ္မခ်မ္းမသာ ျဖစ္ေနတာ ေဒါမနႆ။ ပ်က္စီးဆံုး႐ႈံးမႈနဲ႔ မဆိုင္ဘူး။ အဲဒီ ေဒါမနႆနဲ႔ေၾကာင့္ ေသသြားတဲ့အခါ ဘယ္ေရာက္တုန္းဆို ငရဲက်သြားတယ္။

ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္

❀ ျမတ္ဗုဒၶ၏တရားေတာ္မ်ားကို လူတိုင္းရင္ထဲတြင္ ကိန္းဝပ္ေစခ်င္ေသာ ဆရာေတာ္၏ဆႏၵမြန္ကို ပါရမ္ီျဖည့္ဆည္းျခင္း၊
တရားအသိဉာဏ​္​ေပးလွဴျခင္း
သက္သက္ျဖစ္ပါ၍
တရားဓမၼကို လိုလားေသာ,
တရားဓမၼကို ျဖန္႔ေဝလိုေသာ
မည္သူမဆို
လြတ္လပ္စြာ ဓမၼဒါနျပဳႏိုင္ပါသည္။

❀ ဤဓမၼဒါနကုသိုလ္သည္ ပညာပါရမီ၏ အားႀကီးေသာအေထာက္အပံ့ျဖစ္ပါေစသား အ႐ွင္ျမတ္ဘုရား။

Unicode Version
##########

❀ သောကနဲ့ ဒေါမနဿဟာ သဘာဝချင်းတူသော်လည်းပဲ ဖြစ်ပုံချင်းမတူဘူး။

❀ သောက ဆိုတာ ကိုယ်နှစ်သက်တဲ့ အရာတစ်ခု ပျက်စီးတော့မယ်ဆိုရင် စိုးရိမ်တာ၊ ဖြစ်ပြီးသွားရင် စိုးရိမ်တာ။ ဥပမာ မယ်ဆိုပါတော့ ကိုယ့်ဆွေထဲ မျိုးထဲကနေပြီးတော့ တစ်စုံတစ်ယောက် ဆုံးပါးတော့မယ်ဆိုရင် စိုးရိမ်တယ်၊ ဆုံးသွားတယ်ဆိုရင် စိုးရိမ်တယ်၊ အဲဒါ သောက။

❀ ဒေါမနဿဆိုတာ
အဲဒီလို မဟုတ်ဘူး၊ တစ်ခုခု မှားမှားယွင်းယွင်း လုပ်မိပြီးတော့ စိတ်ထဲမှာ တစ်အုံနွေးနွေးနဲ့ စိတ်မချမ်းမသာ ဖြစ်နေတာ ဒေါမနဿ။ ပျက်စီးဆုံးရှုံးမှုနဲ့ မဆိုင်ဘူး။ အဲဒီ ဒေါမနဿနဲ့ကြောင့် သေသွားတဲ့အခါ ဘယ်ရောက်တုန်းဆို ငရဲကျသွားတယ်။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်

❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ​်​ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။

❀ ဤဓမ္မဒါနကုသိုလ်သည် ပညာပါရမီ၏ အားကြီးသောအထောက်အပံ့ဖြစ်ပါစေသား အရှင်မြတ်ဘုရား။

https://m.facebook.com/story.php?story_fbid=1178578058831008&substory_index=0&id=949063965115753


No comments:

Post a Comment