❀ ဘဝဆိုတာ သိပ္႐ွည္ခဲ့ၿပီ၊ ဘယ္ေလာက္မ်ား ႐ွည္တုန္းဆိုရင္ ေျပာလို႔မဆံုးေအာင္႐ွည္တယ္၊ ဒါေၾကာင့္ ျမတ္စြာဘုရားက `ဘဝသံသရာမွာ အေမမေတာ္ဘူးတဲ့ ပုဂၢဳိလ္လည္း မရိွဘူး၊ အေဖမေတာ္ဘူးတဲ့ ပုဂၢဳိလ္လည္း မရိွဘူး၊ ညီအကို ေမာင္ႏွမ မေတာ္ဘူးတဲ့ ပုဂၢဳိလ္လည္း မရိွဘူး´၊ ကဲ လူလူခ်င္းေတြ႔တဲ့အခါ သူဟာ တစ္ခ်ိန္တုန္းက ငါ့အေမ ျဖစ္ခဲ့ဘူးမွာပဲ၊ ငါ့သားျဖစ္ခဲ့ဘူးမွာပဲ၊ ငါ့သမီး ျဖစ္ခဲ့ဘူးမွာပဲ၊ ငါ့အေဒၚ စသည္ျဖင့္ေပါ့ေလ၊ ေဆြမ်ိဳးေတြအေနနဲ႔ တြက္ၾကည့္လိုက္မယ္ ဆိုလို႔ရိွရင္ လူကိုပဲေတြ႔ေတြ႔ တိရစၧာန္ကိုပဲေတြ႕ေတြ႕ အၾကင္နာတရားနဲ႔ ေမတၱာထားႏိုင္ဖို႔ အဲဒီလို စဥ္းစားလိုက္ပါတဲ့။ အဲဒီလို စဥ္းစားလိုက္မယ္ဆိုရင္ မုန္းစရာႀကီးဆိုတာ ေပ်ာက္သြားလိမ့္မယ္ေနာ္။
❀ ကိုးပါးသီလထဲမွာ အထြဋ္တင္ ေဆာက္တည္ထားတဲ့ ေမတၱာသဟဂေတန ေစတသာ သဗၺပါဏဘူေတသု- သတၱဝါေတြအေပၚမွာ ေမတၱာထားတယ္။ မုန္းစရာပုဂၢိဳလ္ေတြ႔ရင္ ဟိုအရင္ဘဝတုန္းက ငါ့အေမ (သို႔မဟုတ္) ငါ့အေဖ၊ ငါ့ေဆြမ်ိဳး ေတာ္ခဲ့ဖူးမွာပဲ၊ တို႔တစ္ေတြဟာ ေမ့ေနၾကလို႔ ၊ သံသရာမွာ ေဆြမ်ိဳးေတြပဲလို႔ ႏွလံုးသြင္းလိုက္မယ္ဆိုရင္ အမုန္းတရားေတြဟာ ေပ်ာက္ကြယ္သြားမွာပါ။
❀ အဓိကကေတာ့ ကိုယ့္သႏၱာန္မွာ အမုန္းတရားေပ်ာက္ဖို႔ပဲ ျဖစ္တယ္။ ဘယ္လိုပဲ စဥ္းစားစဥ္းစား ကိုယ့္သႏၱာန္မွာ အမုန္းတရားေပ်ာက္သြားၿပီဆိုရင္ ႏွလံုးသားဟာ ေအးခ်မ္းသြားမွာ ေသခ်ာတယ္၊ အခ်ိန္မဆိုင္းဘဲနဲ႔ ေအးခ်မ္းလာမွာ၊ ခုလိုစဥ္းစားလိုက္တာနဲ႔ တစ္ၿပိဳင္နက္ ကိုယ့္သႏၱာန္မွာ ပူေလာင္ေနမႈဟာ ေအးျမသြားမွာ ေသခ်ာတယ္။ ဗုဒၶတရားေတာ္ကို လက္ေတြ႔က်င့္သံုးတယ္ဆိုတာ အဲဒါမ်ိဳးကို ေျပာတာေနာ္။
ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္
❀ ျမတ္ဗုဒၶ၏တရားေတာ္မ်ားကို လူတိုင္းရင္ထဲတြင္ ကိန္းဝပ္ေစခ်င္ေသာ ဆရာေတာ္၏ဆႏၵမြန္ကို ပါရမ္ီျဖည့္ဆည္းျခင္း၊
တရားအသိဉာဏ္ေပးလွဴျခင္း
သက္သက္ျဖစ္ပါ၍
တရားဓမၼကို လိုလားေသာ,
တရားဓမၼကို ျဖန္႔ေဝလိုေသာ
မည္သူမဆို
လြတ္လပ္စြာ ဓမၼဒါနျပဳႏိုင္ပါသည္။
❀ ဤဓမၼဒါနကုသိုလ္သည္ ပညာပါရမီ၏ အားႀကီးေသာအေထာက္အပံ့ျဖစ္ပါေစသား အ႐ွင္ျမတ္ဘုရား။
https://m.facebook.com/story.php?story_fbid=1164497520239062&substory_index=0&id=949063965115753
Unicode Version
##########
❀ ဘဝဆိုတာ သိပ်ရှည်ခဲ့ပြီ၊ ဘယ်လောက်များ ရှည်တုန်းဆိုရင် ပြောလို့မဆုံးအောင်ရှည်တယ်၊ ဒါကြောင့် မြတ်စွာဘုရားက `ဘဝသံသရာမှာ အမေမတော်ဘူးတဲ့ ပုဂ္ဂိုလ်လည်း မရှိဘူး၊ အဖေမတော်ဘူးတဲ့ ပုဂ္ဂိုလ်လည်း မရှိဘူး၊ ညီအကို မောင်နှမ မတော်ဘူးတဲ့ ပုဂ္ဂိုလ်လည်း မရှိဘူး´၊ ကဲ လူလူချင်းတွေ့တဲ့အခါ သူဟာ တစ်ချိန်တုန်းက ငါ့အမေ ဖြစ်ခဲ့ဘူးမှာပဲ၊ ငါ့သားဖြစ်ခဲ့ဘူးမှာပဲ၊ ငါ့သမီး ဖြစ်ခဲ့ဘူးမှာပဲ၊ ငါ့အဒေါ် စသည်ဖြင့်ပေါ့လေ၊ ဆွေမျိုးတွေအနေနဲ့ တွက်ကြည့်လိုက်မယ် ဆိုလို့ရှိရင် လူကိုပဲတွေ့တွေ့ တိရစၧာန်ကိုပဲတွေ့တွေ့ အကြင်နာတရားနဲ့ မေတ္တာထားနိုင်ဖို့ အဲဒီလို စဉ်းစားလိုက်ပါတဲ့။ အဲဒီလို စဉ်းစားလိုက်မယ်ဆိုရင် မုန်းစရာကြီးဆိုတာ ပျောက်သွားလိမ့်မယ်နော်။
❀ ကိုးပါးသီလထဲမှာ အထွဋ်တင် ဆောက်တည်ထားတဲ့ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု- သတ္တဝါတွေအပေါ်မှာ မေတ္တာထားတယ်။ မုန်းစရာပုဂ္ဂိုလ်တွေ့ရင် ဟိုအရင်ဘဝတုန်းက ငါ့အမေ (သို့မဟုတ်) ငါ့အဖေ၊ ငါ့ဆွေမျိုး တော်ခဲ့ဖူးမှာပဲ၊ တို့တစ်တွေဟာ မေ့နေကြလို့ ၊ သံသရာမှာ ဆွေမျိုးတွေပဲလို့ နှလုံးသွင်းလိုက်မယ်ဆိုရင် အမုန်းတရားတွေဟာ ပျောက်ကွယ်သွားမှာပါ။
❀ အဓိကကတော့ ကိုယ့်သန္တာန်မှာ အမုန်းတရားပျောက်ဖို့ပဲ ဖြစ်တယ်။ ဘယ်လိုပဲ စဉ်းစားစဉ်းစား ကိုယ့်သန္တာန်မှာ အမုန်းတရားပျောက်သွားပြီဆိုရင် နှလုံးသားဟာ အေးချမ်းသွားမှာ သေချာတယ်၊ အချိန်မဆိုင်းဘဲနဲ့ အေးချမ်းလာမှာ၊ ခုလိုစဉ်းစားလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်သန္တာန်မှာ ပူလောင်နေမှုဟာ အေးမြသွားမှာ သေချာတယ်။ ဗုဒ္ဓတရားတော်ကို လက်တွေ့ကျင့်သုံးတယ်ဆိုတာ အဲဒါမျိုးကို ပြောတာနော်။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ်ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။
❀ ဤဓမ္မဒါနကုသိုလ်သည် ပညာပါရမီ၏ အားကြီးသောအထောက်အပံ့ဖြစ်ပါစေသား အရှင်မြတ်ဘုရား။
စာလုံး
ႂကြေရာက္လာၾကေသာ ဓမၼမိတ္ေဆြမ်ားအားလုံး ကိုယ္၏က်န္းမာျခင္း စိတ္၏ခ်မ္းသာျခင္း ႏွင့္ျပည့္စုံၾကပါေစ။
Tuesday, November 22, 2016
အမုန္းတရားေပ်ာက္ဖို႔..
Labels:
ဓမၼစာေပမ်ား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment