❀ က႐ုဏာအေၾကာင္း သိေကာင္းစရာမ်ား❀
❀ `က႐ုဏာ´ ဆိုတာ ျမန္မာလိုျပန္ရင္ *ျကင္နာသနားျခင္း*ဆိုတဲ့ အဓိပၸါယ္ရတယ္။
❀ ၾကင္နာသနားတယ္ဆိုတာ ရက္စက္ၾကမ္းၾကဳတ္မႈရဲ႕ ဆန္႔က်င္ဘက္၊
ေလာကမွာ သနားၾကင္နာမႈ ကင္းမဲ့ၿပီး တိရစၦာန္ကိုပဲျဖစ္ျဖစ္၊ လူအခ်င္းခ်င္းပဲျဖစ္ျဖစ္ ရက္စက္ၾကမ္းၾကဳတ္ရင္ ေကာင္းတာမွ မဟုတ္ဘဲ။
❀ ျကင္နာသနားတဲ့စိတ္ဟာ မြန္ျမတ္တယ္၊ရက္စက္ၾကမ္းၾကဳတ္တာဟာ မြန္ျမတ္တဲ့စိတ္မဟုတ္ဘူး၊ ကရုဏာက ရက္စက္ၾကမ္းၾကဳတ္တဲ့ ေဒါသကို ဖယ္ရွားပစ္တာျဖစ္ေသာေၾကာင့္ ဝီဟိံသတရားမ်ိဳးကို ဖယ္ရွားပစ္ႏိုင္တယ္၊ စိတ္ထဲမွာ ရက္စက္တဲ့သဘာဝ စိတ္အညစ္အေၾကးကို က႐ုဏာက ဖယ္႐ွားပစ္ႏိုင္တာ။
❀ ကရုဏာဟာ ဘာနဲ႔ သဘာဝခ်င္းနီးစပ္လဲဆိုရင္ ဝမ္းနည္းတာနဲ႔ နီးစပ္တယ္၊ အ့ဲဒီေတာ့ သနားတာကို ဝမ္းနည္းတဲ့အဆင့္ မေရာက္ေစရဘူး။ စိုးရိမ္ေသာက ဝမ္းနည္းတဲ့အဆင့္ေရာက္သြားရင္ က႐ုဏာ မဟုတ္ေတာ့ဘူး။ `က႐ုဏာ´ဆိုတာ ၿငိမ္းေအးရမယ္၊ ၿငိမ္းေအးတယ္ဆိုတာ အကုသိုလ္စိတ္မဟုတ္ဘူး။ ဝမ္းနည္းသြားရင္ အကုသိုလ္စိတ္ျဖစ္တယ္။
❀ `သနားတယ္´ဆိုတာ ဒုကၡေရာက္ေနတဲ့သူတစ္ေယာက္ကို `ဒီဒုကၡကေန ငါ ဘယ္လို ကယ္တင္ရမလဲ၊ ဒီဒုကၡေတြ သူ႔မွာ မျဖစ္ပါေစနဲ႔၊ ၿငိမ္းခ်မ္းပါေစ´ဆိုတဲ့ မြန္ျမတ္တဲ့စိတ္ေနစိတ္ထားကို ေျပာတာေနာ္၊ `အမယ္ေလး သနားလိုက္တာ´ဆိုၿပီး မ်က္ရည္က်ရင္ ကရုဏာအဆင့္ကို လြန္သြားၿပီ ။
❀ က႐ုဏာရဲ႕ အနီးစပ္ဆံုးရန္သူဟာ ဘာလဲဆိုရင္ ေဒါမနႆ (feeling sad) ဝမ္းနည္းမႈ၊ ေသာကဟာ က႐ုဏာရဲ႕ အနီးကပ္ဆံုး ရန္သူပဲ၊ အေနာက္တိုင္းသားေတြက တိရစၧာန္ကို တအားခ်စ္တယ္၊ တအားခ်စ္ေတာ့ တိရစၧာန္ကို ႏိွပ္စက္ရင္ သူတို႔စိတ္ထဲမွာ က႐ုဏာတင္မက ေဒါသပါ ျဖစ္လာတာေလ၊ တခ်ိဳ႕က က႐ုဏာေဒါေသာလို႔ ေျပာၾကေသးတယ္ေလ။ က႐ုဏာရဲ႕ေနာက္မွာ ေသာကလည္း မပါေစရဘူး၊ေဒါသလည္း
မပါေစရဘူး၊ ဒါေတြပါလာရင္ အကုသိုလ္ျဖစ္သြားၿပီ။
❀ က႐ုဏာဆိုတာ ဆင္းရဲဒုကၡက လြတ္ေစခ်င္တဲ့စိတ္ပဲ၊ မြန္ျမတ္တယ္၊
ဆင္းရဲဒုကၡက လြတ္ေစခ်င္တယ္၊
ဆင္းရဲဒုကၡက လြတ္ေအာင္ကူညီတယ္၊
ႏႈတ္နဲ႔ကူညီတယ္၊
ပစၥည္းနဲ႔ ကူညီတယ္၊
လက္ေတြ႔ကူညီတယ္၊ဒါဟာ က႐ုဏာရဲ႕ အေျခခံသေဘာတရား စြမ္းအားပဲေနာ္။
ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္
❀ ျမတ္ဗုဒၶ၏တရားေတာ္မ်ားကို လူတိုင္းရင္ထဲတြင္ ကိန္းဝပ္ေစခ်င္ေသာ ဆရာေတာ္၏ဆႏၵမြန္ကို ပါရမ္ီျဖည့္ဆည္းျခင္း၊
တရားအသိဉာဏ္ေပးလွဴျခင္း
သက္သက္ျဖစ္ပါ၍
တရားဓမၼကို လိုလားေသာ,
တရားဓမၼကို ျဖန္႔ေဝလိုေသာ
မည္သူမဆို
လြတ္လပ္စြာ ဓမၼဒါနျပဳႏိုင္ပါသည္။
https://m.facebook.com/story.php?story_fbid=1160558930632921&substory_index=0&id=949063965115753
Unicode Version
&&&&&&&&&&&
❀ ကရုဏာအကြောင်း သိကောင်းစရာများ❀
❀ `ကရုဏာ´ ဆိုတာ မြန်မာလိုပြန်ရင် *ကြင်နာသနားခြင်း*ဆိုတဲ့ အဓိပ္ပါယ်ရတယ်။
❀ ကြင်နာသနားတယ်ဆိုတာ ရက်စက်ကြမ်းကြုတ်မှုရဲ့ ဆန့်ကျင်ဘက်၊
လောကမှာ သနားကြင်နာမှု ကင်းမဲ့ပြီး တိရစၦာန်ကိုပဲဖြစ်ဖြစ်၊ လူအချင်းချင်းပဲဖြစ်ဖြစ် ရက်စက်ကြမ်းကြုတ်ရင် ကောင်းတာမှ မဟုတ်ဘဲ။
❀ ကြင်နာသနားတဲ့စိတ်ဟာ မွန်မြတ်တယ်၊ရက်စက်ကြမ်းကြုတ်တာဟာ မွန်မြတ်တဲ့စိတ်မဟုတ်ဘူး၊ ကရုဏာက ရက်စက်ကြမ်းကြုတ်တဲ့ ဒေါသကို ဖယ်ရှားပစ်တာဖြစ်သောကြောင့် ဝီဟိံသတရားမျိုးကို ဖယ်ရှားပစ်နိုင်တယ်၊ စိတ်ထဲမှာ ရက်စက်တဲ့သဘာဝ စိတ်အညစ်အကြေးကို ကရုဏာက ဖယ်ရှားပစ်နိုင်တာ။
❀ ကရုဏာဟာ ဘာနဲ့ သဘာဝချင်းနီးစပ်လဲဆိုရင် ဝမ်းနည်းတာနဲ့ နီးစပ်တယ်၊ အ့ဲဒီတော့ သနားတာကို ဝမ်းနည်းတဲ့အဆင့် မရောက်စေရဘူး။ စိုးရိမ်သောက ဝမ်းနည်းတဲ့အဆင့်ရောက်သွားရင် ကရုဏာ မဟုတ်တော့ဘူး။ `ကရုဏာ´ဆိုတာ ငြိမ်းအေးရမယ်၊ ငြိမ်းအေးတယ်ဆိုတာ အကုသိုလ်စိတ်မဟုတ်ဘူး။ ဝမ်းနည်းသွားရင် အကုသိုလ်စိတ်ဖြစ်တယ်။
❀ `သနားတယ်´ဆိုတာ ဒုက္ခရောက်နေတဲ့သူတစ်ယောက်ကို `ဒီဒုက္ခကနေ ငါ ဘယ်လို ကယ်တင်ရမလဲ၊ ဒီဒုက္ခတွေ သူ့မှာ မဖြစ်ပါစေနဲ့၊ ငြိမ်းချမ်းပါစေ´ဆိုတဲ့ မွန်မြတ်တဲ့စိတ်နေစိတ်ထားကို ပြောတာနော်၊ `အမယ်လေး သနားလိုက်တာ´ဆိုပြီး မျက်ရည်ကျရင် ကရုဏာအဆင့်ကို လွန်သွားပြီ ။
❀ ကရုဏာရဲ့ အနီးစပ်ဆုံးရန်သူဟာ ဘာလဲဆိုရင် ဒေါမနဿ (feeling sad) ဝမ်းနည်းမှု၊ သောကဟာ ကရုဏာရဲ့ အနီးကပ်ဆုံး ရန်သူပဲ၊ အနောက်တိုင်းသားတွေက တိရစၧာန်ကို တအားချစ်တယ်၊ တအားချစ်တော့ တိရစၧာန်ကို နှိပ်စက်ရင် သူတို့စိတ်ထဲမှာ ကရုဏာတင်မက ဒေါသပါ ဖြစ်လာတာလေ၊ တချို့က ကရုဏာဒေါသောလို့ ပြောကြသေးတယ်လေ။ ကရုဏာရဲ့နောက်မှာ သောကလည်း မပါစေရဘူး၊ဒေါသလည်း
မပါစေရဘူး၊ ဒါတွေပါလာရင် အကုသိုလ်ဖြစ်သွားပြီ။
❀ ကရုဏာဆိုတာ ဆင်းရဲဒုက္ခက လွတ်စေချင်တဲ့စိတ်ပဲ၊ မွန်မြတ်တယ်၊
ဆင်းရဲဒုက္ခက လွတ်စေချင်တယ်၊
ဆင်းရဲဒုက္ခက လွတ်အောင်ကူညီတယ်၊
နှုတ်နဲ့ကူညီတယ်၊
ပစ္စည်းနဲ့ ကူညီတယ်၊
လက်တွေ့ကူညီတယ်၊ဒါဟာ ကရုဏာရဲ့ အခြေခံသဘောတရား စွမ်းအားပဲနော်။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ်ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။
စာလုံး
ႂကြေရာက္လာၾကေသာ ဓမၼမိတ္ေဆြမ်ားအားလုံး ကိုယ္၏က်န္းမာျခင္း စိတ္၏ခ်မ္းသာျခင္း ႏွင့္ျပည့္စုံၾကပါေစ။
Tuesday, November 22, 2016
က႐ုဏာအေၾကာင္း သိေကာင္းစရာ
Labels:
ဓမၼစာေပမ်ား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment