စာလုံး

ႂကြေရာက္လာၾကေသာ ဓမၼမိတ္ေဆြမ်ားအားလုံး ကိုယ္၏က်န္းမာျခင္း စိတ္၏ခ်မ္းသာျခင္း ႏွင့္ျပည့္စုံၾကပါေစ။

Tuesday, November 22, 2016

ဌာပနာ ထည့္သြင္းျခင္း ရည္ရြယ္ခ်က္

❀ ဌာပနာထည့္သြင္းျခင္း ရည္​ရြယ္​ခ်က္❀

❀ ဘုရားထဲမွာ တန္ဖိုးရိွတာေတြ ဘာလို႔ထည့္ထားတာတုန္း၊ တခ်ိဳ႕လည္းပဲ စဥ္းစားခ်င္မွ စဥ္းစားမွာေနာ္၊ ဘုရားထဲမွာ ဌာပနာတယ္၊ `ဌာပနာ´ဆိုတာ `ထည့္သြင္းျခင္း တည္ထားျခင္း´ လို႔ အဓိပၸါယ္​ရတယ္၊ အဲဒီေတာ့ ရတနာေတြ ဘာကိစၥ ဘုရားထဲမွာ ထည့္ၾကတာတုန္း? ႏိုင္ငံျခားသားေတြအျမင္နဲ႔ ၾကည့္ရင္ေတာ့ ဒါဟာ အက်ိဳးမရိွဘူး ေျပာမွာေပါ့ေနာ္၊ ဒါေတြ ထည့္လိုက္လို႔ ဘာအက်ိဳးရိွမွာတုန္း၊ ဘုရား႐ုပ္ပြားဆင္းတုေတာ္ထည့္တာေတာ့ ထားပါေတာ့၊ ရတနာေတြ ထည့္တယ္၊ အခုေခတ္လည္း ထည့္တာပဲ၊ ၾကည္ညိဳတဲ့ ပုဂၢဳိလ္​ေတြက ကိုုယ့္သဒၶါတရားနဲ႔ကိုုယ္ ထည့္ၾကတယ္၊ ဘာအတြက္ထည့္တာလဲ ဆိုေတာ့ တစ္ခ်ိဳ႕က ၾကည္ညိဳလို႔ လွဴတာပဲ သိတယ္။ သို႔ေသာ္ တကယ့္အစစ္အမွန္က ရည္ရြယ္ခ်က္ရိွတယ္။

❀ ျမတ္​စြာဘုရား ပရိနိဗၺာန္‌စံတဲ့အခါ ဘုရားရဲ႕ ဓာတ္ေတာ္ေတြကို ႐ွစ္ျပည္ေထာင္မင္းေတြကို ခြဲေဝၿပီး ေပးလိုက္တယ္။ ဓာတ္ေတာ္ေတြက ႐ွစ္ျပည္ေထာင္ ေရာက္သြားတယ္၊ ဒီဓာတ္ေတာ္အတြက္ အႏၱရာယ္​ျဖစ္မွာစိုးလို႔ ႐ွင္မဟာကႆပတို႔က အဇာတသတ္မင္းနဲ႔တိုင္ပင္ၿပီးေတာ့ ဓာတ္ေတာ္တိုက္ႀကီးတစ္ခုလုပ္ၿပီး ဓာတ္ေတာ္ေတြ စုထည့္ထားတယ္၊ အဲဒီလို စုထည့္ထားၿပီး အင္မတန္မွ တန္ဖိုးရိွတဲ့ ပတၱျမားတစ္လံုးကို အဲဒီထဲမွာထည့္ထားၿပီး စာေရးထားတယ္၊ `ေနာင္တစ္ခ်ိန္က်ရင္ ဒီဓာတ္ေတာ္တိုက္ႀကီး ပ်က္စီးလို႔
ျပင္ဆင္ဖို႔အတြက္ ေငြေၾကးမတတ္ႏိုင္ဘူးဆိုလို႔ရိွရင္ ဒီပတၱျမားတံုးႀကီးကို ေရာင္းခ်ၿပီး ျပဳျပင္ပါ´တဲ့ ေနာ္။

❀ အဲဒီေတာ့ ရတနာေတြ ထည့္သြင္းထားခဲ့တယ္ဆိုတဲ့ အဓိပၸါယ္​ဟာ သခၤါရသေဘာတရားအရ တစ္ေန႔က်ရင္ ပ်က္စီးမွာပဲ၊ maintenance လိုတယ္ေလ၊ maintenance အတြက္ ထည့္ခဲ့တာ။ ဒီလိုဆိုလို႔ရိွရင္ေတာ့ ရည္ရြယ္ခ်က္ေကာင္းတယ္ေပါ့၊ maintenance အတြက္ deposit လုပ္ထားခဲ့တာ၊ ဒါေတြကိုယူၿပီး ဘုရားျပင္ရမယ္ေပါ့၊ အဲဒီရည္ရြယ္ခ်က္ပဲ၊ ေနာက္က်ေတာ့ ဒီရည္ရြယ္ခ်က္က တစ္ျဖည္းျဖည္း ေပ်ာက္လာတဲ့ သေဘာပဲေနာ္။

ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္

❀ ျမတ္ဗုဒၶ၏တရားေတာ္မ်ားကို လူတိုင္းရင္ထဲတြင္ ကိန္းဝပ္ေစခ်င္ေသာ ဆရာေတာ္၏ဆႏၵမြန္ကို ပါရမ္ီျဖည့္ဆည္းျခင္း၊
တရားအသိဉာဏ​္​ေပးလွဴျခင္း
သက္သက္ျဖစ္ပါ၍
တရားဓမၼကို လိုလားေသာ,
တရားဓမၼကို ျဖန္႔ေဝလိုေသာ
မည္သူမဆို
လြတ္လပ္စြာ ဓမၼဒါနျပဳႏိုင္ပါသည္။

https://m.facebook.com/story.php?story_fbid=1158833394138808&substory_index=0&id=949063965115753

UNICODE VERSION
××××××××××××

❀ ဌာပနာထည့်သွင်းခြင်း ရည်​ရွယ်​ချက်❀

❀ ဘုရားထဲမှာ တန်ဖိုးရှိတာတွေ ဘာလို့ထည့်ထားတာတုန်း၊ တချို့လည်းပဲ စဉ်းစားချင်မှ စဉ်းစားမှာနော်၊ ဘုရားထဲမှာ ဌာပနာတယ်၊ `ဌာပနာ´ဆိုတာ `ထည့်သွင်းခြင်း တည်ထားခြင်း´ လို့ အဓိပ္ပါယ်​ရတယ်၊ အဲဒီတော့ ရတနာတွေ ဘာကိစ္စ ဘုရားထဲမှာ ထည့်ကြတာတုန်း? နိုင်ငံခြားသားတွေအမြင်နဲ့ ကြည့်ရင်တော့ ဒါဟာ အကျိုးမရှိဘူး ပြောမှာပေါ့နော်၊ ဒါတွေ ထည့်လိုက်လို့ ဘာအကျိုးရှိမှာတုန်း၊ ဘုရားရုပ်ပွားဆင်းတုတော်ထည့်တာတော့ ထားပါတော့၊ ရတနာတွေ ထည့်တယ်၊ အခုခေတ်လည်း ထည့်တာပဲ၊ ကြည်ညိုတဲ့ ပုဂ္ဂိုလ်​တွေက ကိုယ့်သဒ္ဓါတရားနဲ့ကိုယ် ထည့်ကြတယ်၊ ဘာအတွက်ထည့်တာလဲ ဆိုတော့ တစ်ချို့က ကြည်ညိုလို့ လှူတာပဲ သိတယ်။ သို့သော် တကယ့်အစစ်အမှန်က ရည်ရွယ်ချက်ရှိတယ်။

❀ မြတ်​စွာဘုရား ပရိနိဗ္ဗာန်‌စံတဲ့အခါ ဘုရားရဲ့ ဓာတ်တော်တွေကို ရှစ်ပြည်ထောင်မင်းတွေကို ခွဲဝေပြီး ပေးလိုက်တယ်။ ဓာတ်တော်တွေက ရှစ်ပြည်ထောင် ရောက်သွားတယ်၊ ဒီဓာတ်တော်အတွက် အန္တရာယ်​ဖြစ်မှာစိုးလို့ ရှင်မဟာကဿပတို့က အဇာတသတ်မင်းနဲ့တိုင်ပင်ပြီးတော့ ဓာတ်တော်တိုက်ကြီးတစ်ခုလုပ်ပြီး ဓာတ်တော်တွေ စုထည့်ထားတယ်၊ အဲဒီလို စုထည့်ထားပြီး အင်မတန်မှ တန်ဖိုးရှိတဲ့ ပတ္တမြားတစ်လုံးကို အဲဒီထဲမှာထည့်ထားပြီး စာရေးထားတယ်၊ `နောင်တစ်ချိန်ကျရင် ဒီဓာတ်တော်တိုက်ကြီး ပျက်စီးလို့
ပြင်ဆင်ဖို့အတွက် ငွေကြေးမတတ်နိုင်ဘူးဆိုလို့ရှိရင် ဒီပတ္တမြားတုံးကြီးကို ရောင်းချပြီး ပြုပြင်ပါ´တဲ့ နော်။

❀ အဲဒီတော့ ရတနာတွေ ထည့်သွင်းထားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်​ဟာ သင်္ခါရသဘောတရားအရ တစ်နေ့ကျရင် ပျက်စီးမှာပဲ၊ maintenance လိုတယ်လေ၊ maintenance အတွက် ထည့်ခဲ့တာ။ ဒီလိုဆိုလို့ရှိရင်တော့ ရည်ရွယ်ချက်ကောင်းတယ်ပေါ့၊ maintenance အတွက် deposit လုပ်ထားခဲ့တာ၊ ဒါတွေကိုယူပြီး ဘုရားပြင်ရမယ်ပေါ့၊ အဲဒီရည်ရွယ်ချက်ပဲ၊ နောက်ကျတော့ ဒီရည်ရွယ်ချက်က တစ်ဖြည်းဖြည်း ပျောက်လာတဲ့ သဘောပဲနော်။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်

❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ​်​ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။


No comments:

Post a Comment