စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, November 23, 2016

မြတ်စောညီနောင်စေတီ

#သိထားသင့်သောဘုရားစေတီသမိုင်း ( 7 )

မြတ်စောညီနောင်စေတီ
         ပါဒနိုင်ငံသား နဲမွန်စနှင့် နဲမွန်ပု ညီနောင်နှစ်ဦးသည် အိန္ဒိယနိုင်ငံသို့ ကုန်ကူးသန်း ရောင်းဝယ်သွားကြရာ မြတ်စွာဘုရားထံ ရောက်ရှိသွားပြီး ရဟန်းပြုကြသည်။ များမကြာမီတွင် ရဟန္တာများ ဖြစ်ကုန်ကြသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသောအခါ အရှင်နှစ်ပါးသည် ဓမကရိုဏ်တော်နှင့် ခါးပန်းတော်တို့ကို ယူဆောင်၍ ပါဒနိုင်ငံဘုရင် ရာဇာစောနောင်သို့ ပေးအပ်သည်။ နန်းတော်အရှေ့ကုန်းတွင် ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းပြီး ကိုးကွယ်ကြသည်။ ထိုကုန်းကို မာထည် ရဟန်းကုန်း ဟုခေါ်သည်။ မထေရ် ရဟန်းကုန်းဖြစ်ပေသည်။ ထိုအချိန်မှစ၍ ပါဒနိုင်ငံတွင် ဗုဒ္ဓဘာသာရဟန်းများ ဖြစ်ကြကုန်သည်။ သာသနာသက္ကရာဇ် ၂၇ ခုနှစ်တွင် ရဟန္တာအရှင်နှစ်ပါး ပရိနိဗ္ဗာန်ပြုသည်။ ရာဇာစောနောင်မင်းကြီးက ရဟန္တာနှစ်ပါး၏ ဓာတ်တော်များဖြင့် စေတီနှစ်ဆူ တည်ထားခဲ့သည်။ ဘွဲ့တော်မှာ ကျိုက်မာထည် စေတီဖြစ်သည်။ ယင်းစေတီကို မြတ်စောညီနောင် စေတီဟု ခေါ်တွင်လျက်ရှိသည်။ ပါဒကြီးလမ်းစုံမှ ကျိုက္ကမော့တောင်သို့သွားရာလမ်းထဲဝင်၍ ရွှေပျောက်ကျေးရွာတွင် တည်ရှိပါသည်။
(ကောက်နုတ် ဗိုလ်ချုပ်ခင်မောင်ဝင်း၏စေတီတော်များသမိုင်း)
ငြိမ်းချမ်း(ဗိုလ်ချုပ်ရွာ)
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
https://www.facebook.com/Dhamma Sarpay


No comments:

Post a Comment