စာလုံး

ႂကြေရာက္လာၾကေသာ ဓမၼမိတ္ေဆြမ်ားအားလုံး ကိုယ္၏က်န္းမာျခင္း စိတ္၏ခ်မ္းသာျခင္း ႏွင့္ျပည့္စုံၾကပါေစ။

Tuesday, November 22, 2016

အသက္႐ွည္ေလ ပိုေကာင္းေလ

❀အသက္႐ွည္ေလ ပိုေကာင္းေလ ဆိုတာ❀

❀ အသက္႐ွည္ေလ ပိုေကာင္းေလဆိုတာ
သီလ႐ွိတဲ႔ ပုဂိၢဳလ္ေတြအတြက္ကို
ေျပာတာလို႔ ဒီလိုမွတ္ရမယ္။
သီလမ႐ွိတဲ႔ ပုဂိၢဳလ္ေတြအတြက္
ေျပာတာမဟုတ္ဘူး။

❀ အသိပညာမ႐ွိဘူး၊
ဆင္ျခင္ဥာဏ္မ႐ွိဘူး။
ဘာပညာမွ မ႐ွိဘူး၊
ဘဝမွာ အထူးသျဖင့္
ဓမၼပညာမ႐ွိဘူး၊
ပညာဆိုသည္မွာ
လုပ္သင့္တာနဲ႔မလုပ္သင့္တာ
ခြဲျခားသိတယ္။
အေကာင္းနဲ႔အဆိုး ခြဲျခားသိတယ္၊
အျပစ္႐ွိတာနဲ႔အျပစ္မ႐ွိတာ ခြဲျခားသိတယ္၊
ကုသိုလ္အကုသိုလ္ ခြဲျခားသိတယ္၊
အဲဒီလို ....
အေကာင္း , အဆိုး , အေၾကာင္း , အက်ိဳး
ကုသိုလ္ အကုသိုလ္ ခြဲျခားသိႏိုင္တဲ႔ပညာမွ
မ႐ွိဘူးဆိုတဲ႔ ပုဂိၢဳလ္တစ္ေယာက္ရဲ႕ ဘဝမွာ
ေနရတာ အင္မတန္မွ အျပစ္ႀကီးလွတယ္၊

❀ ဆင္ျခင္တံုတရား မ႐ွိဘဲနဲ႔
အသိဥာဏ္ကင္းမဲ႔တဲ႔
ပုဂိၢဳလ္ ေတြက်ေတာ႔ ....
အသက္႐ွည္ေလ အျပစ္ႀကီးေလ၊
မွားမွားယြင္းယြင္းေတြ လုပ္မိေလ၊
ပိုၿပီးေတာ႔႔ သံသရာဝဋ္ထဲမွာ နစ္ျမႇပ္ေလေလ၊
ဆင္းရဲဒုကၡႏြံထဲမွာ နစ္ေလေလ၊
ဒီလိုပဲျဖစ္မွာေပါ႔။
အဲဒီေတာ႔ သူ႔အဖို႔ ဝန္ထုပ္ဝန္ပိုးႀကီး ျဖစ္ေနတယ္။
အသက္႐ွည္သည့္အတြက္ေၾကာင့္ အကုသိုလ္ေတြ
ပိုတက္လာတယ္။

❀ ဘာနဲ႔ဥပမာတူတုန္းဆိုလို႔႐ွိရင္
ၾကည့္ေလ_
သူမ်ားဆီက ေႂကြးေတြယူထားတဲ႔ပုဂၢိဳလ္၊
ေႂကြးယူၿပီးေတာ႔ အလုပ္မႀကိဳးစားဘဲနဲ႔ေနတဲ႔ပုဂၢိဳလ္၊
အတိုးေတြ တက္ေနတယ္၊
ေနာက္ဆံုးက်ေတာ႕ မဆပ္ႏိုင္တဲ႔ အေနအထားမ်ိဳးထိ
ေရာက္လာတယ္။

❀ အဲဒီလိုမေကာင္းတဲ႔ အေႂကြးေတြကို
အတိုးတက္ေနသလိုပဲ ကိုယ့္သႏၱာန္မွာ
အကုသိုလ္ေႂကြး ဆပ္လို့မကုန္ႏိုင္ေအာင္
တိုးတက္ေနတယ္၊
သံသရာထဲမွာ ဆပ္ေပေရာ့လို႔ ဒီလိုဆိုတယ္။

❀ ဒါေၾကာင့္မို႔လို႔ ပညာ႐ွိတဲ႔ပုဂၢိဳလ္က
သံသရာေႂကြးကိုလည္းပဲ ေ႐ွာင္ႏိုင္တယ္၊
ျမတ္စြာဘုရား ေဟာၾကားဆံုးမတဲ႔
အဆံုးအမေတြဟာ အလြန္ပဲမွန္ကန္တယ္။
ဘဝခရီးေလွ်ာက္လွမ္းတဲ႔အခါမွာ ...
လုပ္သင့္တာနဲ႔ မလုပ္သင့္တာ သိဖို္လိုတယ္။
အဲဒီလို အသိပညာ႐ွိတဲ႔ ....
ပုဂိၢဳလ္ေတြရဲ႕အသက္႐ွည္မႈက
တန္ဖိုး႐ွိတဲ႔ အသက္႐ွည္မႈ ျဖစ္တယ္။
ပညာ႐ွိ႐ွိနဲ႔ ဆင္ျခင္တံုတရား ႐ွိ႐ွိနဲ႔
ဘဝမွာ အသက္႐ွည္ေလ ပိုေကာင္းေလ
ျဖစ္ရမယ္လို႔ ဒီလို ဆိုတယ္။

❀ မိမိတို႔အေနနဲ႔ အသက္႐ွည္ေအာင္
ႀကိဳးစားဖို႔ထက္ ဘာႀကိဳးစားရမလဲ။
ပညာ႐ွိဖို႔ ႀကိဳးစားရမွာျဖစ္တယ္။
ပညာ႐ွိၿပီဆိုရင္ အသက္႐ွည္မႈက
တန္ဖိုးေတြ တက္လာတယ္။

❀ ဒါျဖင့္ ပညာ႐ွိလာေအာင္ ဘယ္လိုလုပ္ရမလဲ၊
တရားပြဲေတြသြားၿပီး တရားနာရတယ္၊
တရားဓမၼနဲ႔ပတ္သက္ၿပီး မွတ္သားၾကရတယ္၊
အတိုင္းအတာတစ္ခုအထိ သင္ယူၾကရတယ္၊
စာအုပ္စာတမ္းေတြ ဖတ္႐ႈရတယ္။
" သုႆုသာ လဘေတ ပညံ "လို႔ ဆိုတဲ႕အတိုင္း
သိခ်င္တတ္ခ်င္စိတ္ ႐ွိလို႔႐ွိရင္ ပညာဆိုတာ
ရတယ္ေပါ႔။

ဆရာေတာ္ေဒါက္တာအ႐ွင္နႏၵမာလာဘိဝံသ

#Posted_by_Words_of_Buddha

UNICODE VERSION
°°°°°°°°°°°°°°°°°°°

❀အသက်ရှည်လေ ပိုကောင်းလေ ဆိုတာ❀

❀ အသက်ရှည်လေ ပိုကောင်းလေဆိုတာ
သီလရှိတဲ့ ပုဂိ္ဂုလ်တွေအတွက်ကို
ပြောတာလို့ ဒီလိုမှတ်ရမယ်။
သီလမရှိတဲ့ ပုဂိ္ဂုလ်တွေအတွက်
ပြောတာမဟုတ်ဘူး။

❀ အသိပညာမရှိဘူး၊
ဆင်ခြင်ဉာဏ်မရှိဘူး။
ဘာပညာမှ မရှိဘူး၊
ဘဝမှာ အထူးသဖြင့်
ဓမ္မပညာမရှိဘူး၊
ပညာဆိုသည်မှာ
လုပ်သင့်တာနဲ့မလုပ်သင့်တာ
ခွဲခြားသိတယ်။
အကောင်းနဲ့အဆိုး ခွဲခြားသိတယ်၊
အပြစ်ရှိတာနဲ့အပြစ်မရှိတာ ခွဲခြားသိတယ်၊
ကုသိုလ်အကုသိုလ် ခွဲခြားသိတယ်၊
အဲဒီလို ....
အကောင်း , အဆိုး , အကြောင်း , အကျိုး
ကုသိုလ် အကုသိုလ် ခွဲခြားသိနိုင်တဲ့ပညာမှ
မရှိဘူးဆိုတဲ့ ပုဂိ္ဂုလ်တစ်ယောက်ရဲ့ ဘဝမှာ
နေရတာ အင်မတန်မှ အပြစ်ကြီးလှတယ်၊

❀ ဆင်ခြင်တုံတရား မရှိဘဲနဲ့
အသိဉာဏ်ကင်းမဲ့တဲ့
ပုဂိ္ဂုလ် တွေကျတော့ ....
အသက်ရှည်လေ အပြစ်ကြီးလေ၊
မှားမှားယွင်းယွင်းတွေ လုပ်မိလေ၊
ပိုပြီးတော့့ သံသရာဝဋ်ထဲမှာ နစ်မြှပ်လေလေ၊
ဆင်းရဲဒုက္ခနွံထဲမှာ နစ်လေလေ၊
ဒီလိုပဲဖြစ်မှာပေါ့။
အဲဒီတော့ သူ့အဖို့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေတယ်။
အသက်ရှည်သည့်အတွက်ကြောင့် အကုသိုလ်တွေ
ပိုတက်လာတယ်။

❀ ဘာနဲ့ဥပမာတူတုန်းဆိုလို့ရှိရင်
ကြည့်လေ_
သူများဆီက ကြွေးတွေယူထားတဲ့ပုဂ္ဂိုလ်၊
ကြွေးယူပြီးတော့ အလုပ်မကြိုးစားဘဲနဲ့နေတဲ့ပုဂ္ဂိုလ်၊
အတိုးတွေ တက်နေတယ်၊
နောက်ဆုံးကျတော့ မဆပ်နိုင်တဲ့ အနေအထားမျိုးထိ
ရောက်လာတယ်။

❀ အဲဒီလိုမကောင်းတဲ့ အကြွေးတွေကို
အတိုးတက်နေသလိုပဲ ကိုယ့်သန္တာန်မှာ
အကုသိုလ်ကြွေး ဆပ်လို့မကုန်နိုင်အောင်
တိုးတက်နေတယ်၊
သံသရာထဲမှာ ဆပ်ပေရော့လို့ ဒီလိုဆိုတယ်။

❀ ဒါကြောင့်မို့လို့ ပညာရှိတဲ့ပုဂ္ဂိုလ်က
သံသရာကြွေးကိုလည်းပဲ ရှောင်နိုင်တယ်၊
မြတ်စွာဘုရား ဟောကြားဆုံးမတဲ့
အဆုံးအမတွေဟာ အလွန်ပဲမှန်ကန်တယ်။
ဘဝခရီးလျှောက်လှမ်းတဲ့အခါမှာ ...
လုပ်သင့်တာနဲ့ မလုပ်သင့်တာ သိဖို်လိုတယ်။
အဲဒီလို အသိပညာရှိတဲ့ ....
ပုဂိ္ဂုလ်တွေရဲ့အသက်ရှည်မှုက
တန်ဖိုးရှိတဲ့ အသက်ရှည်မှု ဖြစ်တယ်။
ပညာရှိရှိနဲ့ ဆင်ခြင်တုံတရား ရှိရှိနဲ့
ဘဝမှာ အသက်ရှည်လေ ပိုကောင်းလေ
ဖြစ်ရမယ်လို့ ဒီလို ဆိုတယ်။

❀ မိမိတို့အနေနဲ့ အသက်ရှည်အောင်
ကြိုးစားဖို့ထက် ဘာကြိုးစားရမလဲ။
ပညာရှိဖို့ ကြိုးစားရမှာဖြစ်တယ်။
ပညာရှိပြီဆိုရင် အသက်ရှည်မှုက
တန်ဖိုးတွေ တက်လာတယ်။

❀ ဒါဖြင့် ပညာရှိလာအောင် ဘယ်လိုလုပ်ရမလဲ၊
တရားပွဲတွေသွားပြီး တရားနာရတယ်၊
တရားဓမ္မနဲ့ပတ်သက်ပြီး မှတ်သားကြရတယ်၊
အတိုင်းအတာတစ်ခုအထိ သင်ယူကြရတယ်၊
စာအုပ်စာတမ်းတွေ ဖတ်ရှုရတယ်။
" သုဿုသာ လဘတေ ပညံ "လို့ ဆိုတဲ့အတိုင်း
သိချင်တတ်ချင်စိတ် ရှိလို့ရှိရင် ပညာဆိုတာ
ရတယ်ပေါ့။

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

#Posted_by_Words_of_Buddha


No comments:

Post a Comment