စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, November 22, 2016
ဘဝပြဿနာ
❀ အဲဒီမှာ အမျိုးသမီးတစ်ယောက် Wheel chair နဲ့ သွားနေရတာ မသန်မစွမ်း ဖြစ်နေတယ်၊ အဲဒီ မသန်မစွမ်းဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို အိပ်မွေ့ချပြီးတော့ အိပ်မွေ့ချထားတဲ့ အချိန်မှာ သူကကြည့်တယ်၊ ကြည့်လိုက်တော့ဘာဖြစ်လို့ ဒီအမျိုးသမီးဟာ အခုလို မသန်မစွမ်းဖြစ်ပြီး ခြေထောက်တွေ ဒူးတွေ နာနေရသလဲလို့ သူက ကြည့်လိုက်တာ၊ အိပ်မွေ့ချပြီး ကြည့်လိုက်တော့ ဘာတွေမြင်တုန်းဆိုရင် သူပြောတဲ့စကားအရ ပြောရမယ်ဆိုရင် `ဒီသတ္တဝါသည်တဲ့ လွန်ခဲ့တဲ့ ခုနစ်ဘဝက ရောမခေတ်မှာ ရောမနိုင်ငံမှာ အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့တယ်တဲ့´။ ဟောဒါ သူပြောနေတာနော်။
❀ သူက ဒီ  ကံ,ကံ၏အကျိုးကို ယုံကြည်တဲ့လူလည်း မဟုတ်ဘူး၊ ဘဝကို ယုံကြည်တဲ့လူလည်း မဟုတ်ဘူး၊ တစ်ခြားဘာသာဝင် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်၊ အဲဒါပြောပြီး ဘာဆက်ပြောတုန်းဆိုတော့ `အဲဒီတုန်းကတဲ့၊ ဘာသာမတူတဲ့ ပုဂ္ဂိုလ်တွေကို ခြင်္သေ့စာကျွေးတယ်ဆိုတာ ရှိတယ်၊ အဲဒီ ခြင်္သေ့တွေ လှောင်ထားတဲ့ အထဲကို အဲဒီလူကို ပစ်ချလိုက်တယ်၊ အဲဒီမှာ ခြင်္သေ့တွေက ထွက်ပြီးတော့ တိုက်ခိုက်တာပေါ့၊ အဲဒီအချိန်တုန်းက အမျိုးသမီးဟာ ထိုင်ကြည့်နေတဲ့ ပရိတ်သတ်ထဲမယ် ပါတယ်တဲ့၊ ခုနက ရာဇဝတ်သားတစ်ယောက်ကို ခြင်္သေ့စာကျွေးတော့ ခြင်္သေ့ကနေပြီးတော့ ထွက်ကိုက်တယ်၊ သူကရုန်းတယ်၊ ပြေးတယ်၊ ခြင်္သေ့က လိုက်ပြီးတော့ ကိုက်တယ်၊ ဖမ်းတယ်၊ ဒါတွေကိုကြည့်ပြီး သဘောကျကာ ရယ်မောခဲ့တယ်´ တဲ့။
UNICODE VERSION
✔ ✔ ✔ ✔ ✔ ✔ ✔ ✔
❀ ချမ်းမြေ့ရိပ်သာ ဆရာတော်ဘုရားကြီး ဘာသာပြန်ထားတဲ့ ဘဝပြဿနာဆိုတဲ့ စာအုပ်လေးရှိတယ်၊ အဲဒီစာအုပ်လေးမှာ ကံကြမ္မာကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ ဟောစာတမ်းတွေထုတ်တယ်၊ အဲဒါကလည်း အိပ်မွေ့ချတဲ့ ပညာရပ်ကိုသုံးပြီး ရောဂါဖြစ်နေတဲ့ ပုဂ္ဂိ္ဂုလ်တွေကို ရောဂါကုတဲ့ အကြောင်းတွေကို မှတ်တမ်းတင်ထားတာ၊ အဂ္ဂါကေစီ ဆိုတဲ့ စာရေးဆရာတစ်ယောက်ရေးထားတာ။ အဲဒီစာအုပ် ဖတ်ဖူးတဲ့ပုဂ္ဂိုလ်တွေလည်း ရှိကောင်းရှိပါလိမ့့်မယ်၊ မဖတ်ဖူးသေးရင်တော့ အဲဒီစာအုပ်လေး ရှာဖတ်ပေါ့။ ချမ်းမြေ့ရိပ်သာမှာ ရှိကောင်းရှိပါလိမ့့်မယ်နော်၊ အဲဒီမှာ ကံကြမ္မာရဲ့အကြောင်းကို သရုပ်ဖော်ထားတာ။ အဲဒီ သရုပ်ဖော်တဲ့ ပုဂ္ဂိုလ်တွေက ကံကြမ္မာအကြောင်းကို ယုံကြည်တဲ့ လက်ခံတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး၊ ကံကြမ္မာအကြောင်းကို ယုံကြည်လက်ခံတဲ့ အယူဝါဒရှိသူတွေ မဟုတ်ဘူး။ အယူဘာသာတစ်မျိုးရှိတဲ့ ပုဂ္ဂိုလ်တွေ ။
❀ အဲဒီမှာ အမျိုးသမီးတစ်ယောက် Wheel chair နဲ့ သွားနေရတာ မသန်မစွမ်း ဖြစ်နေတယ်၊ အဲဒီ မသန်မစွမ်းဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို အိပ်မွေ့ချပြီးတော့ အိပ်မွေ့ချထားတဲ့ အချိန်မှာ သူကကြည့့်တယ်၊ ကြည့့်လိုက်တော့ဘာဖြစ်လို့ ဒီအမျိုးသမီးဟာ အခုလို မသန်မစွမ်းဖြစ်ပြီး ခြေထောက်တွေ ဒူးတွေ နာနေရသလဲလို့ သူက ကြည့်လိုက်တာ၊ အိပ်မွေ့ချပြီး ကြည့်လိုက်တော့ ဘာတွေမြင်တုန်းဆိုရင် သူပြောတဲ့စကားအရ ပြောရမယ်ဆိုရင် `ဒီသတ္တဝါသည်တဲ့ လွန်ခဲ့တဲ့ ခုနစ်ဘဝက ရောမခေတ်မှာ ရောမနိုင်ငံမှာ အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့တယ်တဲ့´။ ဟောဒါ သူပြောနေတာနော်။
❀ သူက ဒီ  ကံ,ကံ၏အကျိုးကို ယုံကြည်တဲ့လူလည်း မဟုတ်ဘူး၊ ဘဝကို ယုံကြည်တဲ့လူလည်း မဟုတ်ဘူး၊ တစ်ခြားဘာသာဝင် ပုဂိ္ဂုလ်တစ်ယောက်ဖြစ်တယ်၊ အဲဒါပြောပြီး ဘာဆက်ပြောတုန်းဆိုတော့ `အဲဒီတုန်းကတဲ့၊ ဘာသာမတူတဲ့ ပုဂ္ဂိုလ်တွေကို ခြငေ်္သ့စာကျွေးတယ်ဆိုတာ ရှိတယ်၊ အဲဒီ ခြငေ်္သ့တွေ လှောင်ထားတဲ့ အထဲကို အဲဒီလူကို ပစ်ချလိုက်တယ်၊ အဲဒီမှာ ြခငေ်္သ့တွေက ထွက်ပြီးတော့ တိုက်ခိုက်တာပေါ့၊ အဲဒီအချိန်တုန်းက အမျိုးသမီးဟာ ထိုင်ကြည့်နေတဲ့ ပရိတ်သတ်ထဲမယ် ပါတယ်တဲ့၊ ခုနက ရာဇဝတ်သားတစ်ယောက်ကို ခြငေ်္သ့စာကျွေးတော့ ခြငေ်္သ့ကနေပြီးတော့ ထွက်ကိုက်တယ်၊ သူကရုန်းတယ်၊ ပြေးတယ်၊ ခြငေ်္သ့က လိုက်ပြီးတော့ ကိုက်တယ်၊ ဖမ်းတယ်၊ ဒါတွေကိုကြည့်ပြီး သဘောကျကာ ရယ်မောခဲ့တယ်´ တဲ့။
❀ လွန်ခဲ့တဲ့ ခုနစ်ဘဝက သူက အဲဒီလို ရယ်မောခဲ့လို ဒီဘဝမှာ လာပြီး ဒီလို မသန်မစွမ်း ဖြစ်ရတာတဲ့။ အဲဒီ အကျိုးဆက်လို့ သူက ဒီလိုဟောတယ်၊ အိပ်မွေ့ချထားတဲ့ ပညာရပ်နဲ့ ဟောတာနော်။ အဲဒီစာအုပ်လေးကို ဖတ်ကြည့်ရင် တွေ့လိမ့်မယ်၊ ဒါ  ဘာကိုပြောလိုတာတုန်းဆိုတော့ ကံကြမ္မာဆိုတာ ရှိတယ်ဆိုတာကို ပြောပြတာနော်။
❀ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဒိဗ္ဗစက္ခုဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ဘယ်တုန်းက ဘာလုပ်ခဲ့တယ်၊ ဒါေကြာင့် ဒါဖြစ်နေတယ်ဆိုတဲ့ ကံရဲ့ အရိပ်အယောင်တွေအားလုံးကို မြတ်စွာဘုရားက ဖော်ထုတ်တာ။ ဒါကို ယထာကမ္မူပဂဉာဏ်လို့ ခေါ်တယ်။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
No comments:
Post a Comment