ပဲခူးရွှေမော်ဓေါဘုရား
မြန်မာနိုင်ငံ ပဲခူးမြို့တွင် တည်ရှိသော ရွှေမော်ဓေါဘုရား(ခ)ကြီးမားသောရွှေစေတီတော်ဘုရားကို လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)ခန့်က တည်ထားကိုးကွယ်ခဲ့ကြသည်။ မွန်ဘုရားတွေထဲမှ ထင်ရှားကျော်ကြား လှသောဘုရားတစ်ဆူလဲ ဖြစ်ပါသည်။ ဗုဒ္ဓ မြတ်စွာဘုရားရှင်၏ ဆံတော်အချို့နှင့်ဓါတ်တော်မွေတော်များကို ဌာပနာပြု၍ တပုဿ နှင့် ဘလိက ကုန်သည်ညီနောင်(၂)ဦး တို့က ရွှေမော်ဓေါဘုရားကို တည်ထားကိုးကွယ်ခဲ့ကြသည်။ ရွှေမော်ဓေါဘုရားကို မူလအမြင့်(၂၃) မီတာ တည်ထားကိုးကွယ်ခဲ့ရာမှ သာသနာသက္ကရာဇ် (၁၉၅၄)ခုနှစ် အမြင့်(၁၁၄)မီတာ ရောက်သည့်အထိတိုင်အောင် အချိန်ကြာမြင့်စွာ ပြန်လည်အသစ်တစ်ဖန် မွမ်းမံတည်ဆောက်ခဲ့ကြသည်။
ရွှေမော်ဓေါဘုရားသည် မြေငလျင်လှုပ်ခတ်ခြင်း ဒဏ်ကိုအကြိမ်ကြိမ်ပျက်ဆီးခဲ့ရသည်။ သာသနာသက္ကရာဇ် (၁၉၁၇)ခုနှစ်တွင် ပထမ တစ်ချိန်နှင့်သာသနာသက္ကရာဇ်(၁၉၃၀) ခုနှစ်တွင်နောက်တစ်ချိန် မြေငလျင်လှုပ် ခတ်ခြင်းဒဏ်ကိုခံခဲ့၇လေသည်။ ရွှေမော်ဓေါဘုရား၏ အပေါ်ယံ အစိတ်အပိုင်းသည် သာသနာသက္ကရာဇ် (၁၉၁၇) ခုနှစ်တွင် မြေငလျင်လှုပ်ခတ်ခြင်းဒဏ်ကြောင့် ကျန်တစ်ဖက်သို့ မြေခပြိုလဲခဲ့သည်။
ရွှေမော်ဓေါဘုရားသည် အမြင့် (၁၁၄) မီတာ, မြန်မာနိုင်ငံတွင် အမြင့်ဆုံးစေတီဘုရား အဖြစ် မှတ်တမ်းတင်ခြင်းခံခဲ့၇လေသည်။ နှစ်စဉ် ဧပြီလ (တန်ခူးလ) တွင် ရွှေမော်ဓေါဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိခဲ့သည်။
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
https://www.facebook.com/Dhamma Sarpay
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Sunday, November 20, 2016
ပဲခူး ရွှေမော်ဓောဘုရားသမိုင်း
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment