"ပြုသူအသစ် ဖြစ်သူအဟောင်း"
လူ့ဘဝကို ရရှိခြင်း ၊ သာသနာတော်နဲ့ ကြုံတွေ့ခြင်း ဆိုတဲ့ ရတောင့်ရခဲ အခြေခံ ဒုလ္လဘတရား နှစ်ပါးကို ရရှိကြတဲ့အခိုက်မှာ မိမိတို့ဘက်က ဖြည့်စွက်တည်ဆောက် ပေးရမည့် သဒ္ဓါ စတဲ့ ဣနြေ္ဒများနဲ့ ပြည့်စုံခြင်း၊ ဒုက္ခခပ်သိမ်းမှ လွတ်အောင် ရုန်းထွက်လိုခြင်း ၊ သူတော်ကောင်းတရားကို နာယူမှတ်သားခြင်းဆိုတဲ့ ဒုလ္လဘသုံးခု ကို မပျက်မကွက် ဖြည့်စွက်ပြီး ဒုလ္လဘငါးခုလုံး ပြည့်စုံတဲ့ အဆင့်မြင့်လူသားများ ဖြစ်ကြဖို့အတွက် ဒီ ဒုလ္လဘတရားဆိုတဲ့ အခွင့်ထူးတွေကို ပျက်စီးစေတတ်တဲ့ အဆိုးအကောင်း ကြွေးဟောင်းများ ကင်းရှင်းပြီး အဆိုးကြွေးသစ်များ မတင်အောင် ကြိုးစားကြပါစို့။
မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ ဆရာ့ကျေးဇူးဆိုတဲ့ ကြွေးဟောင်းကို မပေးဆပ်ရုံမျှမကဘဲ ဘာမဟုတ်တဲ့ ပစ္စည်းလေးပါး နဲ့ ဒကာ ဒကာမတို့ကို အကြောင်းပြုပြီး ဆရာသမားအပေါ်မှာ အလွန်ဝန်လေးတဲ့ ကြွေးသစ်တွေ တိုးသည်ထက် တိုးအောင် လုပ်ဆောင်နေကြတဲ့ တပည့်မျိုးတွေကို အံ့ဩတုန်လှုပ်စရာကောင်းလောက်အောင် မျက်မြင် တွေ့ကြုံနေရလို့ အခုလိုသတိပေးလိုက်ရတာပါ။
ကြွေးဟောင်းလည်းကျေ၊ ပေးဆပ်စရာ ကြွေးသစ် ကင်းပြီး သာသနာတွင်း ကုသိုလ်ထူးများကို ဆည်းပူး ရယူနိုင်ကြပါစေ။
အရှင်ဇဝနသီရိ ( ဝဋ်ကြွေးတော်ပြေ ပရဟိတ ပညာဒါန ကျောင်းတိုက် )
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, November 22, 2016
ပြုသူအသစ် ဖြစ်သူအဟောင်း
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment