စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, November 22, 2016

ဇီဝိတဒါန

🙏🙏🙏  ဇီဝိတဒါန 🙏🙏🙏

    ဇီဝိတဒါနန္တိ သလာကဘတ္တသံဃဘတ္တာဒီနိ ဒေတိ, အဖာသုကာနံ ဘိက္ခူနံ ဘေသဇ္ဇံ ဒေတိ, ဝေဇ္ဇံ ပစ္စုပဋ္ဌာပေတိ, ဇာလံ ဖာလာပေတိ, ကုမီနံ ဝိဒ္ဓံသာပေတိ, သကုဏပဉ္ဇရံ ဝိဒ္ဓံသာပေတိ, ဗန္ဓနမောက္ခံ ကာရာပေတိ, မာဃာတဘေရိံ စရာပေတိ, အညာနိပိ ဇီဝိတပရိတ္တာဏတ္ထံ ဧဝရူပါနိ ကမ္မာနိ ကရောတိ တဒါ ဒါနမယံ ဟောတိ။   (အဋ္ဌသာလိနီ။ဋ္ဌ။)

          အကြင်အခါ၌ အသက်အလှူသည် ဖြစ်လိမ့်မည်ဟု ကြံစည်ကာ သလာကဘတ်, သံဃဘတ် အစရှိသည်တို့ကို ပေးလှူ၏။

မကျန်းမာကုန်သော ရဟန်းတို့အား ဆေးကို ပေးလှူ၏။

ဆေးဆရာကို ခေါ်ပေး၏။

ပိုက်ကွန်ကို ဖောက်ဖျက်စေ၏။

မြုံးကို ဖျက်ဆီးစေ၏။

ငှက်လှောင်ချိုင့်ကို ဖျက်ဆီးစေ၏။

နှောင်အိမ်မှ လွတ်မြောက်ခြင်းကို ပြုစေ၏။

သားကြီး ငါကြီးကို မသတ်ရဟု ကြွေးကြော်ကြောင်းစည်ကို လှည့်လည်စေ၏။

  အသက်ကိုစောင့်ရှောက်ခြင်းအကျိုးငှာ အခြားလည်းဖြစ်ကုန်သော ဤသို့သဘောရှိကုန်သော ကောင်းမှုတို့ကို ပြု၏။

  ထိုအခါ၌ ဒါနမယကုသိုလ်သည် ဖြစ်၏။


   အထက်ပါ ပိဋကတော်ကိုထောက်ဆသောအားဖြင့် ကုသိုလ် အကုသိုလ်အနှစ်ကို ခွဲခြားသိကြကာ ကျားစားမည့်သမင်ကို ကယ်ဆယ်ပေးခြင်း, ကြွက်ကိုခုတ်မည့် ကြောင်ကို မောင်းနှင်ခြင်း, မြွေမျိုထားသော ဖားကို  လွတ်စေခြင်း စသည်တို့ကိုလည်း ဇီဝိတဒါနအဖြစ် သီကုံးချစ်ကြပါစေသော်...။

  ( ပိဋကတော် အပိုင်းအစ တစ်ခုမျှသာ ပြလိုက်ပါသည်။ အခြားနေရာများမှာလည်း ရှိပါသေးသည်။)
အရှင်ခေမိန္ဒ တိပိဋကနိကာယ


No comments:

Post a Comment