❀ ျမင့္ျမတ္ေသာ ေနထိုင္ျခင္း • • •
❀ society လို႔ေခၚတဲ့ လူ႔အသို္င္းအဝိုင္းထဲမွာ ေနတဲ့အခါ အားလံုးအေပၚ အက်ိဳးလိုလားတဲ့စိတ္ကို ေမြးရမယ္၊ ေမတၱာေပါ့၊ အားလံုး ေကာင္းစားေစခ်င္တယ္၊ ဘယ္သူ႔အေပၚမွ မမုန္းဘူး၊ အားလံုးရဲ႕ အက်ိဳးစီးပြားကို လိုလားတဲ့ ေမတၱာရိွရမယ္၊ အဲဒါ ေမတၱာနဲ႔ေနထိုင္ျခင္း။
❀ အဲဒီလို ေမတၱာထားတဲ့အထဲမွာ တခ်ိဳ႕က ကိုယ့္ထက္ နိမ့္က်သြားတယ္၊ သို႔မဟုတ္ ဆင္းရဲဒုကၡေရာက္သြားတယ္ေပါ့၊ အဲဒီပုဂၢိဳလ္ကို ၾကင္နာသနားရမယ္၊ ေဖးမရမယ္၊ အျပစ္တစ္စံုတရာ ျဖစ္ေနရင္ ကိုယ္တတ္ႏိုင္သေလာက္ ေဖးမရမယ္၊ ကူညီမယ္၊ အဲဒါ က႐ုဏာနဲ႔ေနထိုင္ျခင္း။
❀ တိုးတက္ႀကီးပြားသြားတဲ့သူကိုေတာ့ အျပစ္မေျပာဘူး၊ ဝမ္းသာတယ္၊ အဲဒါ မုဒိတာ။ ဘယ္ေလာက္ေကာင္းတဲ့ ကိုယ္က်င့္တရားေတြလဲ၊ ကိုယ့္စိတ္မွာ ခ်မ္းသာစရာေတြႀကီးပဲေနာ္၊ အလြန္မြန္ျမတ္တာ၊ ဒါေၾကာင့္မို႔ `ျဗဟၼဝိဟာရ´ လို႔ ေခၚတာ၊ ျမင့္ျမတ္ေသာ ေနထိုင္ျခင္း လို႔ ေျပာတယ္၊ ဒီတရားေတြနဲ႔ေနထိုင္ရင္ ျမင့္ျမတ္တယ္လို႔ ေျပာတယ္။ဥေပကၡာအေၾကာင္းကိုေတာ့ အရင္ေန႔က ေဟာခဲ့ၿပီးၿပီ။
ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္
❀ ျမတ္ဗုဒၶ၏တရားေတာ္မ်ားကို လူတိုင္းရင္ထဲတြင္ ကိန္းဝပ္ေစခ်င္ေသာ ဆရာေတာ္၏ဆႏၵမြန္ကို ပါရမ္ီျဖည့္ဆည္းျခင္း၊
တရားအသိဉာဏ္ေပးလွဴျခင္း
သက္သက္ျဖစ္ပါ၍
တရားဓမၼကို လိုလားေသာ,
တရားဓမၼကို ျဖန္႔ေဝလိုေသာ
မည္သူမဆို
လြတ္လပ္စြာ ဓမၼဒါနျပဳႏိုင္ပါသည္။
https://m.facebook.com/story.php?story_fbid=1161186803903467&substory_index=0&id=949063965115753
Unicode Version
••••••••••••••••••••••
❀ မြင့်မြတ်သော နေထိုင်ခြင်း❀
❀ society လို့ခေါ်တဲ့ လူ့အသို်င်းအဝိုင်းထဲမှာ နေတဲ့အခါ အားလုံးအပေါ် အကျိုးလိုလားတဲ့စိတ်ကို မွေးရမယ်၊ မေတ္တာပေါ့၊ အားလုံး ကောင်းစားစေချင်တယ်၊ ဘယ်သူ့အပေါ်မှ မမုန်းဘူး၊ အားလုံးရဲ့ အကျိုးစီးပွားကို လိုလားတဲ့ မေတ္တာရှိရမယ်၊ အဲဒါ မေတ္တာနဲ့နေထိုင်ခြင်း။
❀ အဲဒီလို မေတ္တာထားတဲ့အထဲမှာ တချို့က ကိုယ့်ထက် နိမ့်ကျသွားတယ်၊ သို့မဟုတ် ဆင်းရဲဒုက္ခရောက်သွားတယ်ပေါ့၊ အဲဒီပုဂ္ဂိုလ်ကို ကြင်နာသနားရမယ်၊ ဖေးမရမယ်၊ အပြစ်တစ်စုံတရာ ဖြစ်နေရင် ကိုယ်တတ်နိုင်သလောက် ဖေးမရမယ်၊ ကူညီမယ်၊ အဲဒါ ကရုဏာနဲ့နေထိုင်ခြင်း။
❀ တိုးတက်ကြီးပွားသွားတဲ့သူကိုတော့ အပြစ်မပြောဘူး၊ ဝမ်းသာတယ်၊ အဲဒါ မုဒိတာ။ ဘယ်လောက်ကောင်းတဲ့ ကိုယ်ကျင့်တရားတွေလဲ၊ ကိုယ့်စိတ်မှာ ချမ်းသာစရာတွေကြီးပဲနော်၊ အလွန်မွန်မြတ်တာ၊ ဒါကြောင့်မို့ `ဗြဟ္မဝိဟာရ´ လို့ ခေါ်တာ၊ မြင့်မြတ်သော နေထိုင်ခြင်း လို့ ပြောတယ်၊ ဒီတရားတွေနဲ့နေထိုင်ရင် မြင့်မြတ်တယ်လို့ ပြောတယ်။ဥပေက္ခာအကြောင်းကိုတော့ အရင်နေ့က ဟောခဲ့ပြီးပြီ။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ်ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။
စာလုံး
ႂကြေရာက္လာၾကေသာ ဓမၼမိတ္ေဆြမ်ားအားလုံး ကိုယ္၏က်န္းမာျခင္း စိတ္၏ခ်မ္းသာျခင္း ႏွင့္ျပည့္စုံၾကပါေစ။
Tuesday, November 22, 2016
ျမင့္ျမတ္ေသာ ေနထိုင္ျခင္း
Labels:
ဓမၼစာေပမ်ား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment