” အမေးလေးထွေ အဖြေလေးခု ”
★★★★★★★★★★★★★★★★★★
တစ်ရက်ပြီး တစ်ရက် နေနေ သွားကြတဲ့
တစ်ရက်ပြီး တစ်ရက် ကုန်ကုန်သွားကြတဲ့ နေထိုင်ခြင်းမှာ
ဘယ်လိုအရာနဲ့  နေထိုင်ရတာ ၊ ရှင်သန်ရတာ အကောင်းဆုံးလဲ။
ရှင်သန်ခြင်းထဲမှာ အသိဥာဏ်နဲ့ ရှင်သန်ရတာဟာ အမြတ်ဆုံးပါ။
ကိုယ့်ဘ၀ နေခဲ့တဲ့ အချိန်လေးတွေ ပြန်စဉ်းစားပါ ။
ငါဘာနဲ့ နေ ခဲ့တာ လဲ ၊
ဘယ်လို အသက်ရှင်ခဲ့တာလဲ ၊
ဘယ်လို အသက်ကြီးခဲ့ တာလဲ၊
နောက်နေရဦးမဲ့ အနာဂတ်ကို လှမ်းမျှော်ကာ
လက်ကျန် အချိန်ကလေးကို ငါ ဘယ်လို အသက်ရှင်မှာ လဲ၊
ဘယ်လိုတရားနဲ့  ငါ အချိန်ကုန်မှာလဲ၊
ငါ့ရဲ့ ရှင်သန်ခြင်းမှာ ဘယ်တရားကို ဦးထိပ်ပန်ဆင်ပြီးတော့ နေထိုင်သွားမှာလဲ ၊ ဒါလေးကို ဦးဇင်းတို့ က လေးလေးနက်နက်ပြောချင်ပါတယ်။
ဦးဇင်းတို့  ဖယောင်တိုင် မီးတစ်တိုင် မီးတောက်နေကြတယ် ဆိုကြပါစို့  ၊ မီးကလေး တောက်နေတယ်။
အဲ့ဒီမီးတောက်လေးဟာ အလကားတောက်နေတာမဟုတ်ဘူး။
အဲ့ဒီမီးတောက် ကလေးတောက်နေအောင် အောက်က မီးဇာက ကုန်ကုန်ပြီးတော စတေး ပေးနေရတယ် ။ ဖယောင်းဆီက ကုန်ကုန်ပြီးတော့ စတေးပေးနေရတယ်နော် ။
အဲ့ဒီ { မီးဇာ } နဲ့  အဲ့ဒီ{ ဆီ} ကို အကုန်ခံပြီးတော့ အစတေး ခံပြီးတော့မှ မီးတောက်ဆိုတာ တောက်တာ၊ အဲ့ဒီ မီးတောက်လေး တောက်ရင်း တောက်ရင်းနဲ့  မီးဇာလေးရော ၊ ဆီရော ကုန်ကုန်လိုက်ပြီးတော့ နောက်တော့ မီးဇာရော ဆီရော ကုန်သွားပြီဆိုတော့ မီးတောက်ကလေးဟာ ငြိမ်းသွားရော။
ဖယောင်းတိုင် ဘယ်ရောက်သွားလဲ ။
ဦးဇင်းကတော့ အဲ့ဒီ ကိစ္စကို အံသြတယ် ။ ကြံကြံဖန်ဖန် အပြစ်တင်မယ်ဆိုရင်လည်း ခံယုံပဲရှိတယ်။ အဲ့ဒီဖယောင်းတိုင် မီးတောက်ကလေးကုန်သွားတော့ အဲ့ဒီဖယောင်းတိုင်
ဘယ်ရောက်သွားလဲ ကိစ္စကို ဦးဇင်းကတော့ အံသြတယ်။ အံသြစရာကောင်းတယ်။
အခု ဦးဇင်းတို့  ဒကာ၊ ဒါယိကာမတို့ ဘ၀ဟာလဲ အဲ့လိုပဲ။ ဖယောင်းတိုင် တစ်တိုင်လိုပဲ ။
ရှင်သန်မှု မီးတောက်လေး တောက်နေတာ ။ ခန္ဓာကိုယ်ကို စမ်းကြည့် ။ ပူပူနွေးနွေးလေးရှိလား။ အဲတာ ရှင်နေတယ်ဆိုတဲ့ လက္ခဏာပေါ့ ၊ အဲ့ဒီပူနွေးတာလေးမရှိတော့ဘူး ၊ အေးစက်သွားမယ်ဆိုရင်
ဘာဖြစ်တယ်ခေါ်မလဲ။ သေတယ်ခေါ်မယ်။
ခုလဲ ဒီရှင်သန်မှု ဆိုတဲ့ မီးတောက်လေးကြောင့် ဒကာ ဒကာမတို့ တစ်တွေ
ဘာတွေကို စတေးပေးနေရသလဲ။ကံတွေကို စတေးပေးနေရတယ်။
သစ္စာရွှေစည် အရှင်ဥတ္တမ..
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Friday, November 25, 2016
အမေးလေးထွေ အဖြေလေးခု
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment