ရှောင်ရခက်သည့်အတွင်းရန်သူနှင်
ဣဿာမစ္ဆရိယကြောင့်သေသောနတ်များ
ဗုဒ္ဓလက်ထက်တော်က သုပ္ပဗုဒ္ဓအမည်ရှိ
သူတောင်းစား အနာကြီးရောဂါသည်တစ်ယောက်ရှိ၏။
သူတောင်းစားအနာကြီးရောဂါသည် ဖြစ်ရခြင်း၏ ရှေး
အကုသိုလ်ကံကား သူသည်တစ်ခုသောဘဝတွင် လွန်
စွာရုပ်ရည် ချောမောလှပပြီး ကုဋေများစွာချမ်းသာသည့်
သူဌေးသားတစ်ယောက်ဖြစ်ခဲ့ရသည်။
သူဌေးသားတစ်ယောက် လှပစွာဝတ်စားဆင်
ယင်ပြီး မြင်းရထားတစ်စီးဖြင့် အပြင်ထွက်လည်ပြီဆို
လျင် ပျိုပျိုအိုအို ယောက်ျား'မိန်မ မကျန် အားလုံးက
ထွက်ကြည့်ကြသည်။ သို့အတွက် သူဌေးသားမှာ
မနက်တိုင်းရှိုးထုတ်ပြပြီး ဂုဏ်ယူရသည်မှာ နေ့စဉ်
အလုပ်တစ်ခုလို ဖြစ်နေသည်။
တစ်နေ့ -ထိုနေ့သည်ကား သူဌေးသားတစ်
ယောက်အဝီစိငရဲကိုကျပြီး ဖြစ်လေရာ လူ့ဘဝ သူ
တောင်းစားအနူဖြစ်စေမည့် အကုသိုလ်ကံကြီးကို ပြု
မည့်နေ့ပါတည်း။
ထို့နေ့က ဝတ်စားပြင်ဆင်ပြီး ထွက်လာသော
သူဌေးသား၏ မြင်းရထားကို ဘယ်သူမှလှည့်မကြည့်
ပစ္စေကဗုဒ္ဓတစ်ပါးကို အလုအယက် ဝိုင်းအုံ ဖူးမျှော်နေ
သည်ကို တွေ့ရသည်။ သူ့ကို လိုလိုချင်ချင် ဘယ်သူမှ
မကြည့်တော့ဘဲ တစ်ဖက်ပုဂ္ဂိုလ်ကိုသာ ဂရုစိုက်နေ
သည်ကို တွေ့လိုက်ရသည်နှင့် အတွင်းရန်သူဟု ဆိုရ
မည်။ ကိုယ့်ထက်သာ မနာလိုသော ဣဿာနှင့် ကိုယ်
ရသလို သူတစ်ပါးမရစေလိုသော မစ္ဆရိယတရားတို့
ဘွားဘွားကြီး ပေါ်လာခဲ့ရလေသည်။
မိမိကို ဒုက္ခပေးမည့် အပြင်ဘက်ကရန်သူကို ကွင်း
ရှောင်ဖို့ရာ လွယ်ကူသော်လည်း မိမိစိတ်က ဖြစ်ပေါ်
လာသည့် ဣဿာ' မစ္ဆရိယ ဟူသော အတွင်းရန်ကို
ရှောင်ကြဉ်ဖို့ရာ အင်မတန်ခဲယဉ်းလှပါသည်။
ယခုလည်းကြည့်ပါ' ဖာရာစပ်ရာ အပြည့် ပံ့သကူ
သင်္ကန်းကြီးကို ဝတ်ရုံထားသော ပစ္စေကဗုဒ္ဓကို တွေ့
လိုက်ရသည်နှင့် ဣဿာ' မစ္ဆရိယဟူသော အတွင်း
ရန်၏စနက်ကြောင့် -
**လူတွေများအံ့ပါ့' ငါလိုဝတ်ကောင်းစားလှ ဝတ်း
ထားတဲ့ သူဌေးသားကိုတော့မကြည့်ဘဲ အစုတ်အပြတ်
အဖာအထေးဝတ်ထားတဲ့ အနူကုပ်လို သူတောင်းစား
ကိုတော့ ဝိုင်းကြည့်နေကြတယ်** ဟူသော
စကားဖြင့် အရိယာကိုစော်ကားသော အရိယူပဝါဒ
ကံကြီးကိုကျူးလွန်လိုက်ပါတော့သည်။ ထိုကံကြောင့်
သေလွန်သောအခါ အဝီစိငရဲ၌ ကမ္ဘာနှင့်ချီခံစားရပြီး
ငရဲမှလွတ်၍ လူဖြစ်လာသောအခါတိုင်း သူတောင်း
စားအနူချည်းသာဖြစ်ရပါတော့သည်။ အတွင်းရန်ဖြစ်
သော ဣဿာ'မစ္ဆရိယ၏ ဆိုးကျိုးကား ကြောက်မက်
ဖွယ်ကောင်းလေစွ။
ဣဿာသည် တစ်မျိုးတည်းသာရှိသော်လည်း
မစ္ဆရိယကား ( ၅ ) မျိုးရှိသည်။ နေရာထိုင်ခင်း၌ ဝန်တို
ခြင်း ကိုယ်အိမ် ကောင်းကောင်းနှင့်နေရသလို တခြား
သူကိုမနေစေလိုခြင်း စီးပွားချမ်းသာလာဘ်လာဘ၌
ဝန်တိုခြင်း ကိုယ့်စီးပွားရေးတတ်သလို သူတစ်ပါးကို
မတတ်စေလိုခြင်း အမျိုးမိတ်ဆွေ၌ဝန်တိုခြင်း ကိုယ့်မှာ
ရနေသော မိတ်ဆွေကောင်းမျိုး သူတစ်ပါးကိုမရစေလို
ခြင်းအသိတရား၌ဝန်တိုခြင်း ကိုယ်သိထားသောတရား
အသိ သို့မဟုတ် ပညာဗဟုသုတကို သူတစ်ပါးမသိစေ
လိုခြင်း ဂုဏ်သတင်းနှင့် အဆင်းလှပခြင်း၌ ဝန်တိုခြင်း
ကိုယ့်ထက်တော်သူ ကိုယ့်ထက်လှသူကို တော်သည်
လှသည်ဟု မချီးမွမ်းနိုင်ခြင်းတို့ပင် ဖြစ်ပေသည်။ ငါးခု
မြောက်ဝန်တိုခြင်းကို ဝဏ္ဏမစ္ဆရိယ ဟုခေါ်သည်။
ထိုစိတ်ဆိုး စေတသိပ်ဆိုးတို့သည် ပူလောင်၏'
ပြင်းထန်၏' ကြမ်းတမ်း၏' သူ့ကို လက်ခံထားသူအား
အပါယ်ငရဲသို့သာ ဆွဲချ၏' မည်မျှပူလောင် ပြင်းထန်
သနည်းဆိုလျှင် ရုပ်ကြမ်းသောလူသားဆိုလျှင် ထိုစိတ်
ဆိုး' စေတသိပ်ဆိုးတို့က သွေးတိုး'နှလုံး'ဆီးချိုစသော
ရောဂါတို့ကို ဖြစ်ပွားစေသည်။
ရုပ်နူးညံ့သိမ်မွေ့သော နတ်များဆိုလျှင်ကား ချက်
ခြင်းပင် သေသွားရသည်ဟု မှတ်သားရဘူးပါသည်။
Heart Snare ( စာရိုက်ပူဇော်သူ )
မေတ္တာရှင် ( ရွှေပြည်သာ )
ယုံမှတ်လို့ ပုံအပ်မိသူများအကြောင်း ( ၂ )
ပြန်လည်မျှဝေပါသည်။
ဣဿာနှင့် မစ္ဆရိယတရားတွေ ပယ်ဖျောက်
နိုင်ကြပါစေ။
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Friday, November 18, 2016
ရှောင်ရခက်သည့်အတွင်းရန်သူ
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment