စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, November 19, 2016

တော

~~~~~  တော  ~~~~~

နင်လည်း နင့်တော ကာမဇောဖြင့်
မျောလိုကမျော… နှောလိုနှော
သဘောကျတိုင်း နေနိုင်သည်။

ငါလည်း ငါ့တော ဈာန်ယဉ်ကြောဖြင့်
ခံ၍ မလိုက် လှန်၍ တိုက်
အဆန်လိုက် လိုက်၍ နေတော့မည် ။

နင်ဝင်တောကား မယားလည်းရှိ သားလည်းရှိမို့
ယားကျိစိတ်မှာ ဖြစ်ပေါ်လာတိုင်း အာရုံငါးခင်း
တောနက်တွင်း ကျောခင်း လည်စင်း တိုးရမည် ။

ငါဝင်တောကား မယားရံကင်း သားရံကင်းကြောင့်
ခံပြင်းစိတ်မှာ ဖြစ်ပေါ်လာတိုင်း ဈာနင်ငါးခင်း
တောနက်တွင်း ကပ်ချဉ်းချဉ်းလျက် တိုးရမည် ။

နင် ပျော်၍လိုက် နင့်အကြိုက်ကား...
ခိုက်ခိုက်လှိုက်မော ကာမတော…။

ငါပျော်၍လိုက် ငါ့အကြိုက်ကား
အမြိုက်တကြော ဓမ္မတော… ။

(မဟာဗောဓိမြိုင်ဆရာတော်)


No comments:

Post a Comment