စာလုံး

ႂကြေရာက္လာၾကေသာ ဓမၼမိတ္ေဆြမ်ားအားလုံး ကိုယ္၏က်န္းမာျခင္း စိတ္၏ခ်မ္းသာျခင္း ႏွင့္ျပည့္စုံၾကပါေစ။

Tuesday, November 22, 2016

ေဒါသဆိုတဲ့ အလိုမက်မႈကို ေျဖ႐ွင္းနည္း

❀ စိတ္မွာ အေႏွာက္အယွက္တစ္ခုက ဘာလဲဆိုလို႔ရိွရင္
လိုခ်င္တာရရင္ ေက်နပ္ေနတယ္၊ လိုခ်င္တာမရဘူးဆိုရင္ ဘာျဖစ္လဲ စိတ္က ဗေလာင္ဆူလာတယ္။

❀ ျကည့္ေလ၊ ကေလးေလးေတြ သူတို႔လိုခ်င္တာကို အေဖအေမဆီက ေတာင္းလို႔မရဘူးဆိုရင္ ဘာျဖစ္လဲ၊ စာလည္းက်က္မွာ မဟုတ္ဘူးေနာ္။ မေပးဘူးဆိုရင္ ဘာျဖစ္တုန္း စိတ္ေကာက္တယ္လို႔ ေခၚတာေပါ့။ အဲဒီ စိတ္ေကာက္ေနတဲ့အခ်ိန္ဆိုရင္ စာက်က္လို႔လည္း ဘာမွ ရမွာ မဟုတ္ဘူးေပါ့။

❀ လူႀကီးေတြလည္း ဒီလိုပဲ၊ စိတ္ဆိုးေနၿပီ စိတ္အလိုမက် ျဖစ္ေနၿပီိဆိုလို႔ရိွရင္ စဥ္းစားဉာဏ္ေတြဟာ ေပ်ာက္ကြယ္သြားမွာ။ အဲဒါဟာ ဘာနဲ႔ ဥပမာတူတုန္းဆိုရင္ ေရေတြဆူပြက္ေနတာနဲ႔ တူတယ္တဲ့။ ကိုယ့္ရဲ႕ စိတ္အေျခအေနဟာ ေဒါသမီးနဲ႔ ဆူပြက္ၿပီးေတာ့ေနၿပီဆိုလို႔ရိွရင္ မွတ္ဉာဏ္ေတြဟာ ေပ်ာက္ကြယ္သြားမွာပဲေပါ့။ ဒါေၾကာင့္မို႔လို႔ သူ႔ကို ဆူပြက္တဲ့ အေနအထားႀကီး `ဗ်ာပါဒ´ဆိုတဲ့ `မုန္းတီးမႈ၊ အလိုမက်မႈ ´ ဆိုတာေတြကို ေလွ်ာ့ခ်ေပးဖို႔လိုအပ္တယ္။

❀ ဘာနဲ႔ေလွ်ာ့ခ်ရမလဲဆိုလို႔ရိွရင္ ၾကည့္၊ လူတစ္ေယာက္အေပၚမွာ မုန္းေနၿပီ၊ မုန္းတီးတဲ့စိတ္၊ အလိုမက်တာေတြ ျဖစ္ေနၿပီ ဆိုလို႔ရိွရင္​ `ေကာင္းကြက္ကို႐ွာ၊ ေမတၱာကိုပြား´ တဲ့။ လူတိုင္းလူတို္င္းဟာ အဆိုးခ်ည္းပဲ ဘယ္ေတာ့မွ မရိွဘူး။ အေကာင္းလည္းရိွတယ္။ မေကာင္းတာေတြကို ေမ့ထား၊ ေကာင္းတာေလးတင္ ကြက္ၿပီးေတာ့ၾကည္။အဲဒီလို ၾကည့္လိုက္တာနဲ႔ တစ္ၿပိဳင္နက္ ခုနတုန္​းက ဆူပြက္ေနတဲ့ေရဟာ မီးကိုေလွ်ာ့ခ်လိုက္တဲ့အခါမွာ ပြက္ေနရာကေန တျဖည္​းျဖည္​း ၿငိမ္က်သြားသလိုပဲ၊ မီးကို ေလွ်ာ့လိုက္သလိုပဲ ကိုယ့္ရင္ထဲက အလိုမက်မႈကို ေကာင္းတဲ့အာရံုေလးနဲ႔ ေျပာင္းယူလိုက္တာနဲ႔တစ္ၿပိဳင္နက္ ခုနက ဆူပြက္ေနတဲ့စိတ္ဟာ တျဖည္​းျဖည္​းၿငိမ္က်သြားတယ္။

❀ အခု ေကာင္းတာကို ႐ွာမေတြ႔ေတာ့ဘူးလို႔ဆိုတဲ့ အဆိုးခ်ည္းလို႔ စိတ္ထဲမွာ သတ္မွတ္လို႔ရိွရင္လည္း ဘာလုပ္ရမလဲ? သနားတဲ့စိတ္ ထားရမယ္။ ဒါပဲေပါ့။

❀ အဲဒီလို စိတ္ကို ဆူပြက္ေစတတ္တဲ့ ေဒါသဆိုတဲ့ အလိုမက်မႈကို ဘာနဲ႔ေျဖ႐ွင္းရမတုန္း ဆိုလို႔ရိွရင္​ ကိုယ့္စိတ္ထဲမွာ ၿငိမ္ဝပ္သြားေစႏိုင္တဲ့ သူ႔ရဲ႕အက်ိဳးစီးပြားကို လိုလားမႈစတဲ့ ေမတၱာက႐ုဏာတရားေတြနဲ႔ပဲ ေျဖ႐ွင္းရမယ္တဲ့။

ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္

❀ ျမတ္ဗုဒၶ၏တရားေတာ္မ်ားကို လူတိုင္းရင္ထဲတြင္ ကိန္းဝပ္ေစခ်င္ေသာ ဆရာေတာ္၏ဆႏၵမြန္ကို ပါရမ္ီျဖည့္ဆည္းျခင္း၊
တရားအသိဉာဏ​္​ေပးလွဴျခင္း
သက္သက္ျဖစ္ပါ၍
တရားဓမၼကို လိုလားေသာ,
တရားဓမၼကို ျဖန္႔ေဝလိုေသာ
မည္သူမဆို
လြတ္လပ္စြာ ဓမၼဒါနျပဳႏိုင္ပါသည္။

❀ ဤဓမၼဒါနကုသိုလ္သည္ ပညာပါရမီ၏ အားႀကီးေသာအေထာက္အပံ့ျဖစ္ပါေစသား အ႐ွင္ျမတ္ဘုရား။

Unicode Version
°°°°°°°°°°°°°°°

❀ စိတ်မှာ အနှောက်အယှက်တစ်ခုက ဘာလဲဆိုလို့ရှိရင်
လိုချင်တာရရင် ကျေနပ်နေတယ်၊ လိုချင်တာမရဘူးဆိုရင် ဘာဖြစ်လဲ စိတ်က ဗလောင်ဆူလာတယ်။

❀ ကြည့်လေ၊ ကလေးလေးတွေ သူတို့လိုချင်တာကို အဖေအမေဆီက တောင်းလို့မရဘူးဆိုရင် ဘာဖြစ်လဲ၊ စာလည်းကျက်မှာ မဟုတ်ဘူးနော်။ မပေးဘူးဆိုရင် ဘာဖြစ်တုန်း စိတ်ကောက်တယ်လို့ ခေါ်တာပေါ့။ အဲဒီ စိတ်ကောက်နေတဲ့အချိန်ဆိုရင် စာကျက်လို့လည်း ဘာမှ ရမှာ မဟုတ်ဘူးပေါ့။

❀ လူကြီးတွေလည်း ဒီလိုပဲ၊ စိတ်ဆိုးနေပြီ စိတ်အလိုမကျ ဖြစ်နေပြီိဆိုလို့ရှိရင် စဉ်းစားဉာဏ်တွေဟာ ပျောက်ကွယ်သွားမှာ။ အဲဒါဟာ ဘာနဲ့ ဥပမာတူတုန်းဆိုရင် ရေတွေဆူပွက်နေတာနဲ့ တူတယ်တဲ့။ ကိုယ့်ရဲ့ စိတ်အခြေအနေဟာ ဒေါသမီးနဲ့ ဆူပွက်ပြီးတော့နေပြီဆိုလို့ရှိရင် မှတ်ဉာဏ်တွေဟာ ပျောက်ကွယ်သွားမှာပဲပေါ့။ ဒါကြောင့်မို့လို့ သူ့ကို ဆူပွက်တဲ့ အနေအထားကြီး `ဗျာပါဒ´ဆိုတဲ့ `မုန်းတီးမှု၊ အလိုမကျမှု ´ ဆိုတာတွေကို လျှော့ချပေးဖို့လိုအပ်တယ်။

❀ ဘာနဲ့လျှော့ချရမလဲဆိုလို့ရှိရင် ကြည့်၊ လူတစ်ယောက်အပေါ်မှာ မုန်းနေပြီ၊ မုန်းတီးတဲ့စိတ်၊ အလိုမကျတာတွေ ဖြစ်နေပြီ ဆိုလို့ရှိရင်​ `ကောင်းကွက်ကိုရှာ၊ မေတ္တာကိုပွား´ တဲ့။ လူတိုင်းလူတို်င်းဟာ အဆိုးချည်းပဲ ဘယ်တော့မှ မရှိဘူး။ အကောင်းလည်းရှိတယ်။ မကောင်းတာတွေကို မေ့ထား၊ ကောင်းတာလေးတင် ကွက်ပြီးတော့ကြည်။အဲဒီလို ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် ခုနတုန်​းက ဆူပွက်နေတဲ့ရေဟာ မီးကိုလျှော့ချလိုက်တဲ့အခါမှာ ပွက်နေရာကနေ တဖြည်​းဖြည်​း ငြိမ်ကျသွားသလိုပဲ၊ မီးကို လျှော့လိုက်သလိုပဲ ကိုယ့်ရင်ထဲက အလိုမကျမှုကို ကောင်းတဲ့အာရုံလေးနဲ့ ပြောင်းယူလိုက်တာနဲ့တစ်ပြိုင်နက် ခုနက ဆူပွက်နေတဲ့စိတ်ဟာ တဖြည်​းဖြည်​းငြိမ်ကျသွားတယ်။

❀ အခု ကောင်းတာကို ရှာမတွေ့တော့ဘူးလို့ဆိုတဲ့ အဆိုးချည်းလို့ စိတ်ထဲမှာ သတ်မှတ်လို့ရှိရင်လည်း ဘာလုပ်ရမလဲ? သနားတဲ့စိတ် ထားရမယ်။ ဒါပဲပေါ့။

❀ အဲဒီလို စိတ်ကို ဆူပွက်စေတတ်တဲ့ ဒေါသဆိုတဲ့ အလိုမကျမှုကို ဘာနဲ့ဖြေရှင်းရမတုန်း ဆိုလို့ရှိရင်​ ကိုယ့်စိတ်ထဲမှာ ငြိမ်ဝပ်သွားစေနိုင်တဲ့ သူ့ရဲ့အကျိုးစီးပွားကို လိုလားမှုစတဲ့ မေတ္တာကရုဏာတရားတွေနဲ့ပဲ ဖြေရှင်းရမယ်တဲ့။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်

❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ​်​ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။

❀ ဤဓမ္မဒါနကုသိုလ်သည် ပညာပါရမီ၏ အားကြီးသောအထောက်အပံ့ဖြစ်ပါစေသား အရှင်မြတ်ဘုရား။


No comments:

Post a Comment