စာလုံး

ႂကြေရာက္လာၾကေသာ ဓမၼမိတ္ေဆြမ်ားအားလုံး ကိုယ္၏က်န္းမာျခင္း စိတ္၏ခ်မ္းသာျခင္း ႏွင့္ျပည့္စုံၾကပါေစ။

Tuesday, November 22, 2016

အဝိဇၨာႏွင့္ တဏွာ

❀ ဆင္းရဲတဲ့ပုဂၢိဳလ္က ဘာေတာင့့္တလဲ၊ ခ်မ္းသာကို ေတာင့္တ,တယ္။ ကဲ ဒါျဖင့္ ခ်မ္းသာတဲ့ပုဂၢိဳလ္ကေတာ့ `ငါေတာ္ၿပီ´လို႔ `လံုေလာက္ၿပီ´ လို႔ ရိွသလား၊ မရိွဘူး။ ခ်မ္းသာတဲ့ ပုဂၢိဳလ္ကလည္း ပို၍ ပို၍ ခ်မ္းသာခ်င္လာတယ္။

❀ ဆင္းရဲတဲ့သူက ခ်မ္းသာခ်င္တယ္။ ခ်မ္းသာတဲ့သူက ပိုၿပီးေတာ့ ခ်မ္းသာခ်င္တယ္။ ေဝဒနာ ပစၥယာ တဏွာ အခန္းမွာ ဒီလို ဖြင့့္ဆိုထားတာေနာ္။

❀ လူ႔သဘာဝက ဒီအတိုင္းပဲေလ၊ တပည့္ေတာ္ဘုရား နိဗၺာန္မေရာက္မီစပ္ၾကား ေနာင္ဘဝမွာ မေတာင့္မတ မေၾကာင့့္မက်ရတဲ့ဘဝ၊ စည္းစိမ္ဥစၥာႏွင့္ ျပည့္စံုတဲ့ဘဝ၊ ပညာတတ္တဲ့ဘဝမ်ိဳးမွာ ျဖစ္ပါရေစဆို ျပီးေတာ့ ေတာင့့္တလိုက္တာက `ဘဝ´။

❀ ဘာေၾကာင့္ေတာင္းလဲ၊ အတြယ္အတာေလးကရိွေနလို႔၊ ဘာျဖစ္လို႔တြယ္လဲ၊ အမွန္မသိလို႔၊ အမွန္ ဘာလို႔ မသိလဲဆိုေတာ့ Contemplation မလုပ္လို႔ေပ့ါ။ သဘာဝကို မစဥ္းစားလို႔ မသိတာ၊ ဒါေၾကာင့္မို႔ ျမတ္စြာဘုရားက သုတၱန္တစ္ခုမွာဆိုရင္ အဝိဇၨာ နီဝရဏာနံ၊ တဏွာ သံေယာဇနာနံ- သတၱဝါေတြရဲ႕ အေျခအေနမွာ အဝိဇၨာ က အမွန္မျမင္ရေအာင္ ပိတ္ကာေပးထားတယ္တဲ့။ တဏွာက ေႏွာင္ႀကိဳးတည္းထားတယ္တဲ့၊ ဆိုလိုတာက အမွန္မသိေတာ့ ႀကိဳက္တာေပါ့။

❀ အဲဒီလို အမွန္မသိေအာင္ (အမွန္မသ္ိဘူးဆိုတာ အမွားသိေအာင္) မလွတာကို လွတယ္လို႔ထင္ေအာင္၊ မေကာင္းတာကို ေကာင္းတယ္လို႔ထင္ေနေအာင္၊ အဝိဇၨာ က ဖန္တီးေပးထားတယ္။ တဏွာက တြယ္တယ္။ တဏွာတြယ္ၿပီးေတာ့ ကံတရားေတြလုပ္၊ ထိုကံတရားေတြက ဘဝသစ္တစ္ခုကို ဖန္တီးေပးလိုက္တယ္ေပါ့။ ဒီလိုနဲ႔ သံသရာႀကီးထဲမွာ လည္ေနတာေနာ္။

ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္

❀ ဓမၼအသိဉာဏ္၊ ရင့္သန္တိုးပြား၊ အက်ိဳးမ်ားႏိုင္ၾကပါေစ။

Unicode Version

❀ ဆင်းရဲတဲ့ပုဂ္ဂိုလ်က ဘာတောင့်တလဲ၊ ချမ်းသာကို တောင့်တ,တယ်။ ကဲ ဒါဖြင့် ချမ်းသာတဲ့ပုဂ္ဂိုလ်ကတော့ `ငါတော်ပြီ´လို့ `လုံလောက်ပြီ´ လို့ ရှိသလား၊ မရှိဘူး။ ချမ်းသာတဲ့ ပုဂ္ဂိုလ်ကလည်း ပို၍ ပို၍ ချမ်းသာချင်လာတယ်။

❀ ဆင်းရဲတဲ့သူက ချမ်းသာချင်တယ်။ ချမ်းသာတဲ့သူက ပိုပြီးတော့ ချမ်းသာချင်တယ်။ ဝေဒနာ ပစ္စယာ တဏှာ အခန်းမှာ ဒီလို ဖွင့့်ဆိုထားတာနော်။

❀ လူ့သဘာဝက ဒီအတိုင်းပဲလေ၊ တပည့်တော်ဘုရား နိဗ္ဗာန်မရောက်မီစပ်ကြား နောင်ဘဝမှာ မတောင့်မတ မကြောင့့်မကျရတဲ့ဘဝ၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံတဲ့ဘဝ၊ ပညာတတ်တဲ့ဘဝမျိုးမှာ ဖြစ်ပါရစေဆို ပြီးတော့ တောင့့်တလိုက်တာက `ဘဝ´။

❀ ဘာကြောင့်တောင်းလဲ၊ အတွယ်အတာလေးကရှိနေလို့၊ ဘာဖြစ်လို့တွယ်လဲ၊ အမှန်မသိလို့၊ အမှန် ဘာလို့ မသိလဲဆိုတော့ Contemplation မလုပ်လို့ပေ့ါ။ သဘာဝကို မစဉ်းစားလို့ မသိတာ၊ ဒါကြောင့်မို့ မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာဆိုရင် အဝိဇ္ဇာ နီဝရဏာနံ၊ တဏှာ သံယောဇနာနံ- သတ္တဝါတွေရဲ့ အခြေအနေမှာ အဝိဇ္ဇာ က အမှန်မမြင်ရအောင် ပိတ်ကာပေးထားတယ်တဲ့။ တဏှာက နှောင်ကြိုးတည်းထားတယ်တဲ့၊ ဆိုလိုတာက အမှန်မသိတော့ ကြိုက်တာပေါ့။

❀ အဲဒီလို အမှန်မသိအောင် (အမှန်မသ်ိဘူးဆိုတာ အမှားသိအောင်) မလှတာကို လှတယ်လို့ထင်အောင်၊ မကောင်းတာကို ကောင်းတယ်လို့ထင်နေအောင်၊ အဝိဇ္ဇာ က ဖန်တီးပေးထားတယ်။ တဏှာက တွယ်တယ်။ တဏှာတွယ်ပြီးတော့ ကံတရားတွေလုပ်၊ ထိုကံတရားတွေက ဘဝသစ်တစ်ခုကို ဖန်တီးပေးလိုက်တယ်ပေါ့။ ဒီလိုနဲ့ သံသရာကြီးထဲမှာ လည်နေတာနော်။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်

❀ ဓမ္မအသိဉာဏ်၊ ရင့်သန်တိုးပွား၊ အကျိုးများနိုင်ကြပါစေ။
https://m.facebook.com/story.php?story_fbid=1175874932434654&substory_index=0&id=949063965115753


No comments:

Post a Comment