❀ ထာဝရ အားကိုးရာ❀
🙏🙏🙏
UNICODE VERSION
✏ ✏ ✏ ✏ ✏ ✏ ✏
❀ ထာဝရ အားကိုးရာ❀
❀ မြတ်စွာဘုရားက `ဓမ္မဒီပါ´ တရားကို အားကိုးလို့နေကြ၊ `ဓမ္မသရဏာ´ တရားသာလျှင် ကိုးကွယ်ရာအစစ်လို့ ရှင်အာနန္ဒာကိုဟောတာ။ ဒါအင်မတန်မှ သဘာဝကျတယ်။
❀ ပုဂိ္ဂုလ်ဆိုသည်မှာ အစဉ်ထာဝရ အားကိုးလို့ မရဘူး၊ တရားဆိုတာ အစဉ်ထာဝရလည်း အားကိုးလို့ရတယ်။ ဒီဘဝတွင်မကဘူး၊ တရားဆိုတာ ဘဝပေါင်းများစွာ အားကိုးလို့ရတယ်၊ ဒီလိုဆိုလိုတာပေါ့နော်။
❀ ပုဂိ္ဂုလ်ကိုအားကိုးမယ်ဆိုရင် ဒီပုဂိ္ဂုလ် မသေခင်လေးပဲ အားကိုးလို့ရမယ် (သို့မဟုတ်) ကိုယ်မသေခင်လေးပဲ အားကိုးလို့ရမယ်။ အမေအားကိုးတယ်၊ အဖေအားကိုးတယ်။ အမေ အဖေ ရှိတုန်းတော့ အားကိုးရမှာ။ အမေ အဖေ ရှိတုန်းတောင် အားကိုးလို့မရတာတွေ အများကြီး၊
ရောဂါဖြစ်လာရင် အားကိုးလို့မရဘူး။
အိုလာရင် အားကိုးလို့မရဘူး၊ နာလာရင် အားကိုးလို့မရဘူး။ သေရင်လည်း အားကိုးလို့မရဘူး။ ဒီလိုဆိုလိုတာပေါ့နော်။ အားကိုးလို့ရတဲ့ အပိုင်းရှိတယ်။ မရတဲ့အပိုင်းလည်းရှိတယ်။
❀ထာ၀ရအားကိုးလို့ရတဲ့အရာသည် ဓမ္မသာဖြစ်တယ်လို့ စိတ်ထဲမှာ ဒီလိုမှတ်သားပြီး မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း လိုက်နာနိုင်အောင် ကြိုးစားရမယ်။
#{ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ}
အားကိုးခြင်းတရားတော်မှ
🙏🙏🙏
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။
ဣဒံ မေ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု။
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, November 22, 2016
ထာဝရအားကိုးရာ
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment