စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, November 22, 2016

စိတ်မဆိုးတဲ့နည်း တရားတော်

စိတ်မဆိုးတဲ့နည်း တရားတော်

ရန်တွေ့ရင် စီးပွားရေး လျော့မယ်။
စိတ်ဆိုးရင် စီးပွားရေးလျော့မယ်။
စိတ်မဆိုးအောင်နေ...စိတ်မဆိုးအောင်
......
သူတို့...ဆဲတာလေ
ကိုယ်ကောင်ကြည့်တာ
အသားအရေ လျော့မလား
သူများမေးရမလား...မလျော့တာ ကိုယ်တိုင်မသိဘူးလား။
စိတ်ဆိုးစရာ လိုသေးရဲ့လား။
အပ်နဲ့ထိုးသလို ဒီလိုရော နာသလား။
စိတ်ဆိုးစရာ လိုရဲ့လား။
ကိုယ့်ဆီက ငါးပြားတစေ့ပါရဲ့လား။
စိတ်ဆိုးစရာ လိုရဲ့လား။ သြော်.... ဒါသည်းခံတာဗျာ့။
..........
ပြုသူကအသစ် ခံသူကအဟောင်း ဆိုတာ ကြားဖူးသလား။
ဒီလိုဆို ကိုယ်လုပ်ခဲ့တာတွေပါလားဟဲ့။
ဒီဘဝသာ ကိုယ်က မပြုတာနော်။
ဘဝအဆက်ဆက်က ကိုယ်ပြုခဲ့တာတွေ လွတ်ပါ့မလား။
ပြုသူက အသစ် ခံသူက အဟောင်း ဆိုတော့ကာ
ကဲ... တရားခံပေါ်ပါပြီတကား။
ဒီလိုဆို စိတ်ဆိုးစရာ လိုသေးရဲ့လား။
အလိုလိုဖြစ်တာလား အကြောင်းကြောင့်အကျိုးတရားပေါ်တာ။
သြော်..သီလအကျိုး
အဲသလို စိစစ်ဖို့လိုတယ်နော်။
မှတ်မိပြီလား ...အခုပြောတာ။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
ကျောင်းသစ်ကျောင်းတိုက် မိတ္ထီလာ မြို့။
၁၉.၁၁.၂၀၀၈.

https://m.facebook.com/story.php?story_fbid=354378591595760&id=100010708650006


No comments:

Post a Comment