❀ မြတ်စွာဘုရားက လောကလူတွေရဲ့ သဘောကို ဟောပြထားတာရှိတယ်နော်။
❀ (၁)ကိုယ်ကိုယ်တိုင်က အိုခြင်း သဘောရှိနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါလျက် အိုခြင်းသဘောရှိတဲ့အရာတွေကိုသာ ရှာတယ်တဲ့။
❀ (၂) ကိုယ်ကိုယ်တိုင်က ဖျားနာခြင်း ဒုက္ခရောက်ခြင်းသဘောရှိသူဖြစ်ပါလျက်နဲ့ ဖျားနာတတ်တဲ့၊ ပျက်စီးတတ်တဲ့ အရာတွေကိုပဲ ရှာတယ်တဲ့။
❀ (၃) မိမိကိုယ်တိုင်က သေခြင်းသဘောရှိသူ ဖြစ်ပါလျက် သေခြင်းသဘောရှိတဲ့အရာတွေကိုသာ ရှာဖွေနေတယ်တဲ့။
❀ (၄) နောက်ဆုံးတစ်ခုကတော့ ကိုယ်ကိုယ်တိုင်က ပူပန်တတ်တဲ့သဘောရှိပြီး (သို့မဟုတ်) ညစ်နွမ်းတတ်တဲ့သဘောရှိပြီး ပူပန်တတ်တဲ့သဘောရှိတာတွေကိုပဲ ရှာနေကြတယ်တဲ့။
❀ အဲဒီတော့ ဘုန်းကြီးတို့တစ်တွေ နေ့စဉ်ရှာနေတယ်ဆိုတာ ဒီအထဲက လွတ်ရဲ့လား? မလွတ်ဘူးတဲ့၊ အဲဒီ ရှာဖွေမှု (၄) ရပ်ကို မြတ်စွာဘုရားက Ignoble Quest မမြင့်မြတ်တဲ့ ရှာဖွေခြင်းလို့ ခေါ်တယ်၊ ကမ္ဘာမှာ သန်း(၆၀၀၀)ကျော်ရှိတဲ့ လူတွေကိုလိုက်ကြည့်လိုက်၊ အများစုက ဒီအထဲပဲ ရှာနေကြတာနော်။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ်ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။
❀ ဤဓမ္မဒါနကုသိုလ်သည် ပညာပါရမီ၏ အားကြီးသောအထောက်အပံ့ဖြစ်ပါစေသား အရှင်မြတ်ဘုရား။
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, November 22, 2016
ရှာဖွေမှု( ၄) ရပ်
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment