စာလုံး

ႂကြေရာက္လာၾကေသာ ဓမၼမိတ္ေဆြမ်ားအားလုံး ကိုယ္၏က်န္းမာျခင္း စိတ္၏ခ်မ္းသာျခင္း ႏွင့္ျပည့္စုံၾကပါေစ။

Tuesday, November 22, 2016

အမ်ွအတန္းေပးေဝျခင္း..

❀ အမွ်အတန္းေပးေဝျခင္း❀

❀ အမွ်အတန္းေပးေဝတာဟာ အက်ိဳးရိွသလား မရိွဘူးလားေမးရင္ အက်ိဳးရိွတယ္။ ဘယ္လိုအက်ိဳးရိွလဲဆိုရင္ ကိုယ္ရည္စူးတဲ့ ပုဂိၢဳလ္ဟာ ဆိုပါစို႔ နတ္ျပည္ေရာက္ေနမယ္။ လူ႔ျပည္ေရာက္ေနမယ္။ တျခားဘံုတစ္ခုခု ေရာက္ေနမယ္။ သာဓုေခၚႏိုင္တဲ့ ဘဝမ်ိဳး မဟုတ္ဘူးဆိုရင္ သူမရဘူး။

    ❀ ဒါျဖင့္ ဘယ္သူရတုန္းဆိုေတာ့ ကိုယ့္မွာ ေဆြေတြမ်ိဳးေတြ အမ်ားႀကီးရိွတယ္။ ဟိုဘဝက အေမ အေဖ ေနာ္၊ ဒီဘဝရဲ႕ဟိုဘက္က အေဖအေမေတြ၊ လြန္ခဲ့တဲ့ ဘဝတစ္ရာက အေမအေဖ၊ ကိုယ္ကသာေမ့ေနတာ သူတို႔က သိေနတယ္။ အဲလို သက္တမ္း႐ွည္တဲ့ ၿပိတၱာေတြက သိၿပီးေတာ့ သာဓုေခၚႏိုင္ရင္ သူတို႔ရသြားတယ္။ အက်ိဳးရိွတယ္။ ၿပိတၱာဘံုမွာဆိုရင္ ကိုယ့္ေဆြမ်ိဳးသားခ်င္းေတြနဲ႔ ကင္းတာမရိွႏိုင္ဘူးတဲ့၊ ရိွေနတာဘဲ။ အဲဒါ သူတို႔ သာဓုေခၚရင္ သူတို႔ ရသြားမယ္။

       ❀   ဒါေၾကာင့္မို႔ `အကြၽတ္အလြတ္ပြဲ´ေတြ လုပ္ၿပီးေတာ့ အမွ်အတန္းေပးေဝတာဟာ အလြန္ေကာင္းတယ္။ ကိုယ္ကိုယ္တိုင္လည္း ကုသိုလ္ေကာင္းမႈ လုပ္ၿပီးရင္ ကိုယ့္ဝတၱရားလည္း ေက်တယ္ေပါ့။ ျမတ္စြာဘုရားက အခုလို ကုသိုလ္ေကာင္းမႈ လုပ္တိုင္းလုပ္တိုင္း သူတို႔ကို အမ်ွေပးေဝတာဟာျဖင့္ အင္မတန္မွ အက်ဳိးရိွပါတယ္။ ျမတ္စြာဘုရား ဒီလိုေဟာခဲ့တယ္။ ဒါဟာ မွန္မွန္ကန္ကန္ သိေအာင္လို႔ ေျပာျပတာေနာ္။

ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္

❀ ျမတ္ဗုဒၶ၏တရားေတာ္မ်ားကို လူတိုင္းရင္ထဲတြင္ ကိန္းဝပ္ေစခ်င္ေသာ ဆရာေတာ္၏ဆႏၵမြန္ကို ပါရမ္ီျဖည့္ဆည္းျခင္း၊
တရားအသိဉာဏ​္​ေပးလွဴျခင္း
သက္သက္ျဖစ္ပါ၍
တရားဓမၼကို လိုလားေသာ,
တရားဓမၼကို ျဖန္႔ေဝလိုေသာ
မည္သူမဆို
လြတ္လပ္စြာ ဓမၼဒါနျပဳႏိုင္ပါသည္။

❀ ဤဓမၼဒါနကုသိုလ္သည္ ပညာပါရမီ၏ အားႀကီးေသာအေထာက္အပံ့ျဖစ္ပါေစသား အ႐ွင္ျမတ္ဘုရား။

သဗၺဒါနံ ဓမၼဒါနံ ဇိနာတိ။
ဣဒံ ေမ ပုညံ ေဗာဓိဉာဏႆ ပစၥေယာ ေဟာတု။

Unicode Version
@@@@@@@@

❀ အမျှအတန်းပေးဝေခြင်း❀

❀ အမျှအတန်းပေးဝေတာဟာ အကျိုးရှိသလား မရှိဘူးလားမေးရင် အကျိုးရှိတယ်။ ဘယ်လိုအကျိုးရှိလဲဆိုရင် ကိုယ်ရည်စူးတဲ့ ပုဂိ္ဂုလ်ဟာ ဆိုပါစို့ နတ်ပြည်ရောက်နေမယ်။ လူ့ပြည်ရောက်နေမယ်။ တခြားဘုံတစ်ခုခု ရောက်နေမယ်။ သာဓုခေါ်နိုင်တဲ့ ဘဝမျိုး မဟုတ်ဘူးဆိုရင် သူမရဘူး။

    ❀ ဒါဖြင့် ဘယ်သူရတုန်းဆိုတော့ ကိုယ့်မှာ ဆွေတွေမျိုးတွေ အများကြီးရှိတယ်။ ဟိုဘဝက အမေ အဖေ နော်၊ ဒီဘဝရဲ့ဟိုဘက်က အဖေအမေတွေ၊ လွန်ခဲ့တဲ့ ဘဝတစ်ရာက အမေအဖေ၊ ကိုယ်ကသာမေ့နေတာ သူတို့က သိနေတယ်။ အဲလို သက်တမ်းရှည်တဲ့ ပြိတ္တာတွေက သိပြီးတော့ သာဓုခေါ်နိုင်ရင် သူတို့ရသွားတယ်။ အကျိုးရှိတယ်။ ပြိတ္တာဘုံမှာဆိုရင် ကိုယ့်ဆွေမျိုးသားချင်းတွေနဲ့ ကင်းတာမရှိနိုင်ဘူးတဲ့၊ ရှိနေတာဘဲ။ အဲဒါ သူတို့ သာဓုခေါ်ရင် သူတို့ ရသွားမယ်။

    ❀      ဒါကြောင့်မို့ `အကျွတ်အလွတ်ပွဲ´တွေ လုပ်ပြီးတော့ အမျှအတန်းပေးဝေတာဟာ အလွန်ကောင်းတယ်။ ကိုယ်ကိုယ်တိုင်လည်း ကုသိုလ်ကောင်းမှု လုပ်ပြီးရင် ကိုယ့်ဝတ္တရားလည်း ကျေတယ်ပေါ့။ မြတ်စွာဘုရားက အခုလို ကုသိုလ်ကောင်းမှု လုပ်တိုင်းလုပ်တိုင်း သူတို့ကို အမျှပေးဝေတာဟာဖြင့် အင်မတန်မှ အကျိုးရှိပါတယ်။ မြတ်စွာဘုရား ဒီလိုဟောခဲ့တယ်။ ဒါဟာ မှန်မှန်ကန်ကန် သိအောင်လို့ ပြောပြတာနော်။

#{ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ}
✏ အားကိုးခြင်းတရားတော်မှ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။
ဣဒံ မေ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်

❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ​်​ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။

❀ ဤဓမ္မဒါနကုသိုလ်သည် ပညာပါရမီ၏ အားကြီးသောအထောက်အပံ့ဖြစ်ပါစေသား အရှင်မြတ်ဘုရား။


No comments:

Post a Comment